Oct 19, 2012

နစ်နာတယ်အော်ပြီး ဗကသ ပါဝင်လာဖို့ကြိုးစားတော့ ဆန္ဒုပြမယ်လုပ်တဲ့ မန်းဆေးကျောင်းက ကျောင်းသားတွေနဲ့ကျောင်းသားမိဘတွေကို ပြန်ဆန္ဒပြမယ်ကွာ

FROM: (Thurein Hlaing Win)
မပြောဘူးလို့နေတာ အတော်လေးကြည့်မရ ရှုမရဖြစ်လာတာနဲ့ဝင်ပြောရဦးမယ်။ ကြည့်လည်းလုပ်ပါဦးဆေးမန်းသားတွေရ။ ကိုယ့်ဘာသာကိုကျောင်းမတက်၊ စာမကျက်လို့ စာမေးပွဲကျပြီး ကျောင်းထွက်ရတာ ဘယ်သူ့ဆီကိုများ ဆန္ဒပြဦးမလို့လဲ။ ကိုယ့်အရှက်ကိုယ်ခွဲရာကျနေမှာပေါ့။ နဂိုတည်းကမှဆရာဝန်တွေအထင်သေးခံနေရတဲ့ကြားထဲအဲလိုကျောင်းထွက်ရတဲ့သူတွေကိုကျောင်းပြန်ပေးတက်ရမယ်ဆိုရင် မတတ်ဘဲနဲ့ဆရာဝန်ဖြစ်တယ်လို့ပြောလို့ဆုံးမှာတောင်မပာုတ်တော့ဘူး။

 ကျ နော်တို့လည်းမလိမ္မာခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းခေါ်ချိန်မပြည့်ရင် စာမေးပွဲဖြေခွင့်မရဘူး။ 1st year ၂ခါကျ၊ ကျန်တာ ၃ခါကျရင် ကျောင်းထွက်ရမယ်ဆိုတာ မသိဘဲတော့မနေပါဘူး။ ကျောင်းခေါ်ချိန်မပြည့်ရင် နှစ်ဝက်လောက်မှာတစ်ခါထွက်တယ်။ ကိုယ့်နာမည်ပါနေလို့ သူများတွေကျောင်းမတက်တော့တဲ့အချိန်ထိ အပြေးအလွှားတက်ခဲ့ရပါတယ်။ စာမေးပွဲနီးရင် အခန်းထဲကမထွက်တန်းစာကျက်ခဲ့ရပါတယ်။ ခင်ဗျားတို့တွေပဲ ဒီဒုက္ခတွေခံနေရတယ်ထင်မနေပါနဲ့ဗျာ။ 

 တထစ်ရှိ ဆန္ဒပြမယ်လုပ်ရအောင် ဘယ်သူကများအတင်းအကျပ်ကျောင်းမတက်ပါနဲ့လို့ ပြောခဲ့လို့တုန်း။ ကိုယ်လုပ်ကိုယ်ခံပေါ့။ အခုတော့ ခင်ဗျားတို့ကတဆိတ်ရှိ ဆန္ဒပြမယ်ဆိုတာကြီးနဲ့ပဲ ကလေးကွက်နင်းနေတယ်။ ကိုယ့်သားသမီး ကျောင်းမတက်တုန်းကဘာမှမပြောခဲ့တဲ့မိဘတွေကလည်း အခုမှသူတို့သားသမီးအမှန်လာလုပ်နေတယ်။ 

ဆေးကျောင်းအကုန်လုံးဒီစနစ်ကြီးပဲ။ ဘယ်ဆေးကျောင်းပါချုပ်ကမှ ထူးပြီးကျောင်းလိုက်ထုတ်မနေဘူး။ နည်းနည်းပါးပါးလည်း ရှက်တတ်ပါဦး။ ကိုယ့်ဘာသာကိုယ် စာမကျက်၊ ကျောင်းမတက်လို့ ကျောင်းထွက်ရတာပဲဗျ။ မကျေနပ်ရင်လည်း မိုးနတ်မင်းကြီးသာတက်တိုင်တော့ဗျာ။

 ကျနော်ကတော့ အဲဒီလိုဆန္ဒပြမယ်ဆိုတာကို အပြင်းအထန်ဆန့်ကျင်တယ်။ ကိုယ့်ဘာသာကိုမရှက်တဲ့လူတွေလုပ်မယ့်ကိစ္စလို့ပဲ ယူဆထားတယ်။ ဆန္ဒပြကြေးဆိုရင် ကျနော်တို့ကတော့ကျောင်းထုတ်တာကိုထောက်ခံတဲ့ ဘက်ကနေပြီး ဆန္ဒပြပေးမယ်။
(မောင်ကျောက်ခဲ)
______________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ