Oct 19, 2012

ကေအိုင်အေထောင်တဲ့မိုင်း..နင်းမိတဲ့ အပြစ်မဲ့ အရပ်သူအရပ်သား ၁၀၈ ယောက်ရှိခဲ့ပြီ

FROM:Kachin Dailys News
ဖားကန့်ဒေသတွင် စစ်တပ်နှင့် KIA တပ်ဖွဲ့ဝင်များကြား ပစ်ခတ်တိုက်ခိုက်မှုများကို အကြောင်းပြကာ KIA တပ်ဖွဲ့မှ ကားလမ်းမကြီးများ၊ ကျေးရွာများ၊ ဖားကန့်မြို့တွင်းပါမကျန် အနှံ့အပြားစည်းကမ်းမဲ့စွာ မိုင်းများ ထောင်ခြင်းကြောင့် အရပ်သားပြည်သူများနှင့် ကျောက်မျက်လုပ်ကွက်များအတွင်း ရေမဆေးကျောက် ရှာဖွေသူ ဒေသခံတိုင်းရင်းသားပြည်သူများ KIA ၏ မိုင်းထိမိပြီး ဖားကန့်ဆေးရုံသို့ နေ့စဉ် ၂/၃ ယောက် အမြဲရောက်လာ ကြောင်း ဖားကန့်ပြည်သူ့ဆေးရုံမှ ၀န်ထမ်းတစ်ဦးက ပြောပြပါတယ်။

အချို့မိုင်း ထိဒဏ်ရာရသူများကိုလည်း ပြည်သူ့ဆေးရုံသို့သွားရောက် ဆေးကုသခြင်းမပြုလုပ်ရန် တားမြစ်ခြင်း၊ ကွဲသွားသည့်မိုင်းအတွက် လျှော်ကြေး တောင်းခံခြင်းများကြောင့် ပြည်သူအများဒုက္ခများစွာ ကြုံတွေ့နေရကြောင်း ဒေသခံ NLD ပါတီဝင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။



 အောက်တိုဘာလ(၁၈) ရက်နေ့တွင် ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ်(ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေးရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် သားငယ်တွင် ယာလက်ဖျံ ဒဏ်ရာ (၁)ချက်၊ စိုးမိုးအောင် လည်ပင်းပေါက်ပြဲ ဒဏ်ရာရ၍ စိုးရိမ်ရပြီး ဒေါ်လှညွန့်မှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ပြီး ၎င်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ထိခိုက်ဒဏ်ရာရရှိသူ များအား ကာမိုင်းပြည်သူ့ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သည်။



 ထို့ပြင် အောက်တိုဘာလ(၁၆) ရက်တွင်လည်း ဖားကန့်မြို့နယ်၊ တာမခံကျေးရွာတွင် နေထိုင်သူ ဦးဝင်းမြင့်ထွန်းသည် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ဘုံကျောင်းကျေးရွာတွင် ရောက်ရှိနေသော ဇနီးဖြစ်သူသေဆုံးသွားသဖြင့် သမီးဖြစ်သူ မမေချိုလွင်နှင့်အတူ အောက်တိုဘာလ(၁၆)ရက်နေ့တွင် ဆိုင်ကယ်ဖြင့်ထွက်ခွာလာရာ ဖားကန့်မြို့မှအထွက် (၅)မိုင်ကျေးရွာနား အရောက်တွင် အများပြည်သူအသုံးပြုနေသည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်တွင် KIA အဖွဲ့မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့သဖြင့် ဦးဝင်းမြင့်ထွန်းရဲ့ ညာခြေသလုံးကျိုးပြီး ပြင်းထန် သည့်ဒဏ်ရာများရရှိကာ မမေချိုလွင်ရဲ့ညာခြေထောက်မှာ မိုင်းစထိမှန်ဒဏ်ရာတွေရခဲ့လို့ တာဝန် သိပြည် သူ များက ခရီးသည်တင်မှန်လုံယာဉ်နဲ့တင်ပြီး ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုပေးထားကြောင်း သိရ ပါတယ်။

 ထိုသို့သော KIA ၏မိုင်းများမကြာခဏနင်းမိ ပေါက်ကွာမှုဖြစ်ပွားနေခြင်းကြောင့် ဒုက္ခရောက်ခဲ့ရသော ပြည်သူ စုစုပေါင်း(၁၀၈) ယောက်ရှိပြီဖြစ်ရာ ဖားကန့်ဒေသခံများအနေဖြင့် မိုင်းများဖြုတ်သိမ်းပေးရန် KIA တပ်ရင်း(၆) တပ်ရင်းမှူး ဆလန်ကဘာဇော်ဒွဲထံ အကြောင်းကြားထားပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါက KIO/KIA ခေါင်းဆောင်များနဲ့ ကုလသမဂ္ဂထံ တိုင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများမှလည်း ထိုသို့ အရပ်သားများ မြေမြှုပ်မိုင်းများ မကြာခဏနင်းမိ သေကြေဒဏ်ရာရမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ကမ္ဘာသိအောင် ထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင်း ဖားကန့်ဒေသခံ တစ်ဦးက သတင်းပေးပို့လာပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ