Oct 15, 2012

ရမည်းသင်းမြို့တွင် ဘာသာရေးအဓိကရုန်းဖန်တီးလိုက်သူ သစ်ထူးလွင် website

ကောလဟာလများကို မယုံကြရန်နှင့် အရက်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွါးခြင်းသာဖြစ်ပြီး သစ်ထူးလွင်က သတင်းမှားများတင်ထားကြောင်း သက်ဆိုင်ရာ တဝန်ရှိသူများက ပြောဆိုလိုက်ပါတယ်။  ယနေ့ (၁၄-၁၀-၂၀၁၂) မွန်းလွဲ (၂)နာရီခန့်က ရမည်းသင်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင် အချို့အား ခရိုင် အုပ်ချုပ်ရေးမှူးရုံသို့ ဖိတ်ခေါ်၍ လတ်တလော ဖြစ်ပွားခဲ့သော ရမည်းသင်းမြို့ ပဋိပက္ခနှင့် စပ်လျဉ်း၍ အဖြစ်မှန်များကို ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။ 

 ယင်းဆွေးနွေးပွဲသို့ လတ်တလော ဖြစ်ပွားခဲ့သော ရမည်းသင်းမြို့ ပဋိပက္ခနှင့် စပ်လျဉ်း၍ ကွတ်ကဲဖြေရှင်းရန် ရမည်းသင်းမြို့ သို့ရောက်ရှိ တာဝန်ထမ်းဆောင်နေသော မန္တလေးတိုင်း ဒေသကြီး ဒုတိယရဲတပ်ဖွဲမှူး ထွန်းနိုင် ကိုယ်တိုင် တတ်ရောက်ကြောင်း သိရှိရပါသည်။ ထိုပြင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်သန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရမည်းသင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်များ၊ အထူးစုံစမ်းရေး အဖွဲ့မှ တာဝန်ရှိသူအချို့နှင့် ခရိုင် သာသနာရေး ဦးစီးမှူး တို့လည်းတတ်ရောက်ကြောင်း သတင်းရရှိပါသည်။ 
ဘာသာရေးအဓိကရုန်းဖြစ်စေရန်စီစဉ်ရေးသားထားသော သစ်ထုးလွင်webiteစာမျက်နှာမှသတင်း
 ယင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်း ဒေသကြီး ဒုတိယရဲတပ်ဖွဲမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့မှ လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် စပ်လျဉ်း အဖြစ်အပျက်များကို ဆွေးနွေး ပြောကြားရာတွင် ယမန်နေ့က ခိုက်ရန်ဖြစ်ပွားမှုတွင် ဒဏ်ရာရရှိသူ သေဆုံသွားပြီ ဆိုတာ လုံးဝမဟုတ်မှန်ကြောင်း၊ အမှန်တကယ်မှာ နံရိုး နှစ်ချောင်းကြိုး၍ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ဒီကိစ္စဟာ အရက်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာဝင်များမှ လုပ်တာ မဟုတ်ကြောင်း၊ ဘောလုံးပွဲရန်စကြောင့် အရက်ဆိုင်တွင် ခိုက်ရန်ဖြစ်တာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေးမပါဝင်ကြောင်း၊ (ရတနာစာလွတ်ကျောင်း) မှ ဆရာတော်တစ်ပါးအား ရိုက်နှက် စော်ကားလိုက်တယ်ဟု အင်တာနက် တွင် သစ်ထူးလွင်ဆိုဒ်စာမျက်နှာ မှာ ဖော်ပြထားတာ လုံးဝမဟုတ်ကြောင်း၊ ထိုဆရာတော်အား သွားရောက် တွေ့ဆုံပြီး ဖြစ်ကြောင်း၊ ကျန်းကျန်းမာမာရှိကြောင်း၊ ကောလဟာလများ၊ ၀ါဒဖြန့်မှုများအား မယုံကြရန် အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 
ဘာသာရေးအဓိကရုန်းဖြစ်စေရန်စီစဉ်ရေးသားထားသော သစ်ထုးလွင်webiteစာမျက်နှာမှသတင်း 

 ထိုပြင် ရမည်းသင်း လွှတ်တော် ကိုယ်စားလှယ်မှ ရှင်းလင်းဆွေးနွေရာ ဒီကိစ္စကြားကြားခြင်း ဆေးရုံသို့ သွားခဲ့ကြောင်း၊ လူနာအနားတွင် ရှိနေစဉ် အခြားရွာများမှ သံဃာတော်များမှ ဖုန်းဆက်၍ ဓသံဃာတစ်ပါး ဒဏ်ရာရသွားကြောင်း၊ ဓါးထိုးခံရတဲ့ ကောင်လေး သေသွားပြီကြားကြောင်း ပြောကြားရာ လွှတ်တော် ကိုယ်စားလှယ်မှ ကျွန်တော်ကိုယ်တိုင် လူနာအနားမှာရှိကြောင်း လူနာကသက်သာနေပြီ လမ်းတောင် လျောက်နေနိုင်ပြီဖြစ်ကြောင်း ဘုန်းဘုန်းတို့ ကောလဟာလများကို မယုံပါနဲ့ဟု လျောက်တင်ခဲ့ကြောင်း ဆွေးနွေးပြောကြားသွားပါသည်။

 ယနေ့ညတွင် အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု သတင်းရရှိသဖြင့် ဘာသာရေးအဖွဲ့များနှင့် ရပ်ရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ မလိုလားအပ်သော အခြေအနေများ မဖြစ်စေရန် ၀ိုင်းဝန်း ထိမ်းသိမ်းကြရန်နှင့် လုံခြုံရေး ကိုလည်း မိမိတို့ဘက်မှ တာဝန်ယူမည်ဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး မှ ညွန်ကြားခဲ့ကြောင်းသိရှိရပါသည်။ 

ရမည်းသင်းမြို့ရှိ အရက်ဆိုင်များကိုလည်း ည (၇)နာရီ နောက်ဆုံးထား ပိတ်သိမ်းရန် ညွန်ကြားထားကြောင်း သိရှိရသည်။ ရပ်ကွက်များတွင်လည်း တာဝန်ရှိသူများမှ လော်စပီကားများဖြင့် ကောလဟာလများကို မယုံကြရန်နှင့် လုံခြုံရေးကို တာဝန်ယူထားကြောင်း အသိပေးနိုးဆော် နေကြာင်း သိရှိရပါသည်။
(မောင်ကျောက်ခဲ)
_____________________________________________________________________ 

Print Friendly and PDF

12 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ယုံဘူး

ရမည်းသင်းမြို့သူ မြို့သားများဆုံဆည်းရာ said...

ကိုကိုဇော်ခင်ဗျားမယုံရင် ကျွန်တော်တို့ ရမည်းသင်းသားတွေရဲ့ဖေ့ဘုတ်ဂရု
ကိုလာခဲ့ပါ ။မောင်ကျောက်ခဲပြောတာမှန်ပါတယ် ။သစ်ထူးလွင်က လိမ်ရေးထားတာပါ ။

Anonymous said...

နိုင်ငံတော် တိုးတက်မူ့ကို နှောက်ယှက်နေသူတွေကိုယခုလိုဖေါ်ထုပ်တာကောင်းတယ်

Anonymous said...

အမျိုးမျိုးပဲ

Unknown said...

ဘာတွေမှန်းလည်းမသိပါဘူးဗျာ ရှုပ်နေတာပဲ

Unknown said...

သတင်းတင် မယ်ဆိုရင် သတင်းမှန်ကိုသာတင်ကြပါဗျာ။အားလုံးအတွက်အမှန်အကန် သိရတာပေါ့

Anonymous said...

သတင်းလိမ်တွေကိုများများဖော်ပြပေးပါ ကျေးဇူးတင်ပါတယ်ဗျာ

Anonymous said...

လိမ်တဲ့အထဲ ကိုယ်မပါအောင်နေ အလကားနေရင် အကုသိုလ်ယူချင်နေကြတယ် သူများတွေဒုက္ခရောက်အောင်လုပ်ချင်ကြတယ် လူကိုလူလို့မြင်ကြစမ်းပါ

Unknown said...

သစ်ထူးလွင်ကတော်တော်ဆိုးတဲ့ကောင်ဘဲ

Unknown said...

သစ်ထူးလွင်က တော်တော်ဆိုးတဲ့ကောင်ဘဲပေါ့

Unknown said...

သစ်ထူးလွင်ကတော်တော်ဆိုးတဲ့ကောင်ဘဲပေါ့

Anonymous said...

kaung tal

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ