အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။လတ်တလောမှာတော့ အင်တာနက် နည်းပညာ အသုံးပြုပြီး ငွေအလွှဲအပြောင်း လုပ်ရမယ့် နည်းပညာတွေကို မြန်မာနိုင်ငံက ဘဏ်ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေပြီ ဖြစ်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးလိုက်ပြီး နောက်ပိုင်း နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်မှုတွေ များလာတာကြောင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေဟာ ခရီးသွားလာရာမှာ ငွေသားချည်းပဲ မသယ်ဆောင်လိုကြဘဲ အကြွေးစနစ်ကတ်၊ ဘဏ်ကတ်ပြားတွေကိုသာ သယ်ဆောင်လိုကြတယ်လို့ ဆိုပါတယ်။ ဗီဇာ ကုမ္ပဏီရဲ့ အရှေ့တောင် အာရှဒေသ တာဝန်ခံ Peter Maher က - သူတို့ ကုမ္ပဏီအနေနဲ့ လတ်တလော မြန်မာနိုင်ငံမှာ ငွေထုတ်ယူနိုင်တဲ့ ATM စက်တွေ တပ်ဆင်နိုင်ရေးနဲ့ အင်တာနက်သုံးပြီး ငွေအလွှဲအပြောင်း လုပ်နိုင်မယ့် စနစ်ကို အရင်ဆုံး အကောင်အထည်ဖော် သွားမယ်လို့ ဆိုပါတယ်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။