Aug 23, 2012

Eleven Media က ဦးရွှေမန်းကို နောက်ကျောဓါးနဲ့ ထိုးလိုက်ပြီ

ဒီကနေ့ ထုတ် Bi-Weekly ဂျာနယ်မှာ Cover Story အနေနဲ့ “ခုံရုံး၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် နိုင်ငံတော်သမ္မတအကြောင်းပြန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအရ စွပ်စွဲပြစ်တင် ခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌပြောကြား” သတင်းခေါင်းစဉ်နဲ့ ပြူးတူးပြဲတဲ လူမြင်အောင် ထည့်ထားတာ တွေ့ရှိရပါတယ်။


အခုအချိန်မှာ ဒီကိစ္စဟာ အထိမခံကိစ္စဖြစ်နေလေတော့ ဂျာနယ်တွေမှာ ထိန်းထိန်းသိမ်းသိမ်း ရေးကြ၊ ဘက်မလိုက်ဘဲ မျှပြီးရေးကြနဲ့ ဖြစ်နေတဲ့ အခြေအနေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မီဒီယာဖော်ပြချက်ကြောင့် တိုင်းပြည်ပျက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးနေလို့ပါပဲ

စာနယ်ဇင်းသမားဆိုတာ အစွန်းတစ်ဘက်ဘက် မရောက်အောင် ဘက်မလိုက်အောင် ရေးကြ ဖော်ပြကြရမယ့် တာဝန် ရှိနေလို့ပါပဲ။ လူဖတ်များရေး ရည်ရွယ်ချက်နဲ့ ကျင့်ဝတ်မရှိတဲ့ Eleven ဟာ လူကြိုက်များမယ့် အကြောင်းအရာတွေကို အထိန်းအသိမ်းမရှိ ဖော်ပြနေတာ တွေ့ရပါတယ်။ အခု ဒေါက်တာသန်းထွဋ်အောင်ဟာ သူ့ဂျာနယ် ရောင်းကောင်းဖို့ ထိခိုက်လွယ်တဲ့ကိစ္စကို အကျယ်တ၀င့် ဖော်ပြလိုက်ခြင်းဟာ သမ္မတနဲ့ လွှတ်တော် ဥက္ကဌ ကို ရန်တိုက်ပေးလိုက်တာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာကို ဖတ်ပြပြီး စိတ်ထဲပေါ် လာတာကို ထုတ်ပြောတဲ့ စကားတွေ ဖြစ်တဲ့အတွက် စိတ်ခံစားမှုတွေ၊ ပုဂ္ဂိုလ်ရေးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါကို သိသိနဲ့ နိုင်ငံ့ခေါင်းဆောင်တွေအကြား တင်းမာမှုတွေ ပိုပြီး မြင့်မားလာအောင် ဖော်ပြ လိုက်တာဟာ ဘာသဘောလဲ။

 Eleven ဟာ သူရဲကောင်းလိုလိုလုပ်ပြီး အများနဲ့တစ်ယောက် ဖြစ်နေတာ ဟာ ဒီလိုလုပ်ရပ်တွေကြောင့်ပဲ ဖြစ်မှာပါ။ လွှတ်တော်ဥက္ကဌရဲ့ ပြောကြားချက်တွေကို ဖတ်ပြီးတဲ့အခါမှာ စိတ်ခံစားမှုကို မထိန်းနိုင်ဘဲ ထုတ်ဖော် ပြောကြားလာတာ တွေ့ရတဲ့အတွက် အခြေအနေပိုဆိုးအောင် Eleven က ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ စာနယ်ဇင်းသမားတွေရဲ့ ကျင့်ဝတ်သိက္ခာဆိုတာ ကိုယ့်ဂျာနယ် ရောင်း ကောင်းရေးကိုပဲ ရှေ့တန်းမတင်သင့်ပါဘူး။ Eleven ကြောင့် အခြေအနေတွေ ပိုပြီး ဆိုးလာမှာလည်း စိုးရိမ်ပါတယ်။ လွှတ်တော်ဥက္ကဌရဲ့ ပြောကြားချက်တွေကို ကြည့်ရင် အခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေ ဘယ်ဟာက ပိုပြီး အရေးပါတယ်ဆိုတာကို နားလည်မှုလွဲနေတဲ့အချက်၊ ခုံရုံးရဲ့ အနေအထားနဲ့ပတ်သက်ပြီး ၀ိဝါဒ ကွဲနေတဲ့ အချက်၊ လွှတ်တော်နဲ့ ခုံရုံးရဲ့ ဆက်စပ်မှုကို သတိမေ့နေတဲ့အချက်၊ သမ္မတဦးသိန်းစိန်အပေါ်မှာ အကြိတ် အခဲဖြစ်နေတဲ့အချက်၊ ဥပဒေဆိုင်ရာကိစ္စရပ်များကို နားလည်ဖို့ဟာ လွယ်သယောင်နဲ့ ရှုပ်ထွေးနက်နဲ ခက်ခဲနေတာ ထင်ရှားပေါ်လွင်နေတဲ့ အချက် စတဲ့အချက်တွေကို တွေ့ရှိရပါတယ်။

နိုင်ငံတကာ ကျင့်စဉ် တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုနောက်ဆုံး မောင်ဝံသ ရေးထားတဲ့ “စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ ကိစ္စ ပြန်စဉ်း စားကြပါဦး” ဆောင်းပါးကို ကိုးကားလိုပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ တရား လွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူး လို့ ဆုံးဖြတ်ခဲ့တဲ့ အမှု တစ်ဒါဇင် ကျော် ရှိတဲ့အကြောင်း မိတ်ဆွေတစ်ယောက်က လှမ်းပြောတယ်။ တရားလွှတ်တော်ချုပ်က လွှတ်တော် ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ရင် လွှတ်တော်က နာခံခဲ့ပါတယ်။ အခုကိစ္စက နိုင်ငံရဲ့ Institution များအတွက် အတော်အန္တာရာယ်ကြီးတယ်လို့ ထင်ပါတယ် လို့ မိတ်ဆွေက ပြောတော့ အစစ် ပေါ့ဗျာ လို့ ပြောမိတယ်။” “ဆန္ဒမစောကြပါနဲ့ လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပန်ကြားချင်ပါ တယ်။”

 “ဒီကိစ္စမျိုးမှာ အသင့်တော်ဆုံးကတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပဲ လို့ ထင်ပါတယ်။ စွပ်စွဲ ပြစ်တင်တယ်ဆိုတာ တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်တဲ့ အမှုမျိုးအတွက်သာ ဖြစ်သင့်ပါတယ်။” ဒါက မောင်ဝံသ ရေးထားတာပါ။ စေတနာနဲ့ အသိပေးပြီး ထုတ်ဖော်ပြောကြားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စာနယ်ဇင်းသမား ဆိုတာ ဒီလိုမျိုး တိုင်းပြည်အတွက် ရှေ့ရှုပြီး အသိပေးရတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး ဆရာမောင်ဝံသရဲ့ စေတနာကို ခံစားမိသလို Eleven ရဲ့ ချောက်ထဲ တွန်းပို့တဲ့ လုပ်ရပ်ဟာ ရွံစရာကောင်းတယ်လို့ မြင်ပါတယ်။ ဒေါက်တာသန်းထွဋ်အောင်နဲ့ မောင်ဝံသ ခြားနားချက်က အခုလို ထင်ထင်ရှားရှား မြင်တွေ့ရတာ ဖြစ်ပါတယ်။

တိုင်းပြည်ကို ချောက်ထဲကျအောင် ဘေးကနေ တွန်းပို့နေတာ Eleven Media နဲ့ ဒေါက်တာသန်းထွဋ်အောင် ဖြစ်ကြောင်း တွေ့ရပါတယ်။

မီဒီယာတွေဟာ ပြည့်မျက်စေ့နဲ့ နားတွေ ဖြစ်ပါတယ်။ ပြည်သူတွေဟာ မီဒီယာတွေက ဖော်ပြနေမှုကို ထောက်ပြီး သိရှိကြရတာ၊ နားလည်ကြရတာ ဖြစ်ပါတယ်။ Eleven က အခုလို ဖော်ပြလိုက်တဲ့အခါ ဘာဖြစ်သွားမလဲ တွေးကြည့်ရင်တော့ ပြေပြေလည်လည် ညှိနှိုင်း ရမယ့် ခေါင်းဆောင်တွေအကြားမှာ အမုန်းတရားတွေ ပိုပြီး ပြင်းထန်လာစေမှာဖြစ်ပါတယ်။ ရပ်တည်ချက်က လည်း လွှတ်တော်ဥက္ကဌဘက်က ရပ်တည်သလိုလိုနဲ့ အမှားကြီး မှားတော့မယ့်အနေအထားကို မီးပုံထဲကို ယမ်းထပ်ထည့်လိုက်သလို လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ဘယ်ကိစ္စမဆို အကောင်းမြင်-အဆိုးမြင်-ကြား အမြင်ဆိုတာ ရှိပါတယ်။ Eleven ရဲ့ ရပ်တည်ချက်က အဆိုးမြင်ကို ပိုပြီး ဆိုးသွားအောင် လုပ်နေတာ ဖြစ်ပြီး ကြားအမြင်ကို ရှာဖွေတင်ပြတာ မရှိပါဘူး။

Eleven ရဲ့ စေတနာဟာ ပုဂ္ဂိုလ်ရေး အငြိုးတွေ အခြေခံပြီး လုပ် ဆောင်နေတာ ဖြစ်တဲ့အတွက် စေတနာ မမှန်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း သိသာထင်ရှားနေပါတယ်။ အခု ကိစ္စဟာလည်း Eleven ဟာ ဦးရွှေမန်းကို စင်တင်ပေးလိုက်သလိုလိုနဲ့ နောက်ကျောကို ဓါးနဲ့ ထိုးလိုက်တာ ဖြစ်ကြောင်း သိသာထင်ရှားနေပါတယ်။ ဒါ့ကြောင့် Eleven မီဒီယာဟာ တိုင်းပြည်ကို ချောက်ထဲရောက်အောင် လုပ်ဆောင်နေတဲ့ မီဒီယာကြီး တစ်ခု ဖြစ်ပါကြောင်း ကြေညာမောင်းခတ်လိုက်ရပါတယ်။

(Demon Aung)
________________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒေါက်တာ သန်းထွဋ်အောင် ဆိုတာ
ဘင်္ဂလီတွေနဲ့ စီးပွါးဖက် ဖြစ်နေလို့နေမှာပေါ့။
ခွေးသား၊ မင်း ချမ်းသာပြီးသားပါကွ။ ဂျာနယ်ဆောင်ရေတက်အောင်
တစ်အားလုပ်ချင်နေလည်း၊ play boy လို ဖေါ်ချွတ်တွေထည့်ပြီး
စီးပွါးရှာကွာ။ နိုင်ငံ အကျပ်အတည်းဖြစ်နေချိန်မှာ
တို့မီးရှို့မီးလုပ်မနေနဲ့။ ဘင်္ဂလီကုလားတွေအတွက် ပြင်ထားတာတွေ
မင်းအတွက် ပထမဆုံးဖြစ်သွားမယ်။
eNTeR

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ