Aug 19, 2012

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ထိန်းမရအောင် ဖြစ်ပွားနေ

စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအား အကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက်မှာ  ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးဌာန နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကိုမူ မရရှိသေးပေ။

မကြာမီ သုံးလေးရက်အတွင်းက ဘင်္ဂါလီဆူပူမှုမတိုင်မီ စစ်တွေမြို့ပေါ် မိဇံရပ်ကွက်တွင် နေထိုင်ခဲ့သော ဒေါ်အသိန်း၏ သမီးနှစ်ဦးအနက် အငယ်ဖြစ်သူ အသက် ၁၉နှစ်အရွယ် ဘင်္ဂါလီအမျိုးသမီးငယ်မှာ စစ်တွေမြို့အပြင်ဘက် ဒုက္ခသည် စခန်းတစ်ခုတွင် မော်လ၀ီဆရာများ၏ အဓမ္မအနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွား သည်ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလီဒုက္ခသည်စခန်းတွင် မိသားစုနှင့်အတူနေထိုင်သူ ၄င်းမိန်းကလေးအား မော်လ၀ီဆရာများက မကြာခဏ မိဘများထံလာ၍တောင်းရမ်းခဲ့သည်ဟု ဆိုသည်။ အဆိုပါအမျိုးသမီးငယ် နှင့် ၄င်း၏မိဘများက အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာ နောက်ဆုံးတွင် အတင်းအဓမ္မ အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုသတ်သေသည့်အဖြစ်ကို ဆိုက်ရောက် သွားရခြင်းဖြစ်သည်။

ယခုဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် စစ်တွေမြို့ပေါ်မှ ပညာတတ် ဘင်္ဂါလီ မိသားစုများ၊ ရခိုင်လူမျိုးများ၏ လူမှုရေးအရ အသိအမှတ်ပြု ဆက်ဆံခြင်းခံခဲ့ရသည့် ဘင်္ဂါလီမိသားစုများကို အထူးပစ်မှတ်ထား တိုက်ခိုက် နေသည်ဟု ဆိုကြသည်။
ပြီးခဲ့သော သုံးပတ်ခန့်ကလည်း ယခင်က စစ်တွေမြို့ပေါ် မြို့သူကြီးရပ်ကွက်တွင်နေထိုင်ခဲ့သော အသက် (၂၃)ှနှစ် အရွယ် Bsc ဘွဲ့ရ ချောမောလှပသည့် ဘင်္ဂါလီအမျိုးသမီးငယ်တစ်ဦးမှာလည်း ဘင်္ဂါလီဒုက္ခသည် စခန်းအတွင်း ဘင်္ဂါလီလူမျိုးများ၏ မုဒိမ်းကျင့်ခံခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ၄င်းအမျိုးသမီးငယ်နှင့် ၄င်း၏မိသားစုအား စစ်တွေမြို့တွင်းမှ မပြောင်းရွေ့သေးပဲကျန်နေသေးသော အောင်မင်္ဂလာ (ခေါ်) အင်ဘာလာ မူဆလင်ရပ်ကွက်ရှိ လူနေအိမ်ခြေများသို့ ပြောင်းပေးလိုက်ကြောင်း အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ သိရသည်။

ဒုက္ခသည်စခန်းများတွင် အလျား ၄၅ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၈ ပေ ရှိ တဲကြီးများ၌ တဲကြီးတစ်တဲလျှင် မိသားစုဆယ်စုနေထိုင်ကြပြီး၊ အိမ်သာများမှာ တဲကြီးနှင့် မလှမ်းမကမ်းတွင် စီတန်းဆောက်ထားသည်ဖြစ်ရာ အိမ်သာသွားသော အမျိုးသမီးများမှာ မုဒိမ်းသမားများ၏ သားကောင်အဖြစ် ကျရောက်လေ့ရှိသည် ဟုဆိုသည်။

ဒီကိစ္စတွေက (ဘင်္ဂါလီ)စခန်းတွေမှာ ဖြစ်နေတာတော်တော်ကြာပြီ။ များသောအားဖြင့်တော့ ညနေပိုင်းလောက် ပေါ့။ အိမ်သာတွေကို သွားရင် အနောက်ကနေ ယောင်္ကျားတွေကလိုက်လာပြီးတော့ ဆွဲလား ၊ငင်လား၊ အဲလိုမျိုး ပေါ့ဗျာ။ ဒါကတော့ သိတဲ့အတိုင်းပဲလေ။ သူတို့မှာက အဲလိုလုပ်ရင်(ဗလက္ကာရလုပ်ရင်) အော်မပြောရဘူး၊ မတိုင်ရဘူး လို့အယူရှိကြတာပေါ့၊ ဒါက ဘယ်လိုပြောမလဲ။ ဘာသာရေးအယူကို ခုတုံးလုပ်တယ်လို့ပဲ ပြောရမယ်” ဟု စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက Coral Arakan ကိုပြောသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ် ကင်တားနား လွန်ခဲ့သော နှစ်ပတ်ခန့်က စစ်တွေသို့ရောက်ရှိနေသော အချိန်တွင်လည်း အလားတူ ကိစ္စရပ်တစ်ခု ပလ္လင်ပြင်ကျေးရွာတွင်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။  စစ်တွေမြို့ ပလ္လင်ပြင်ကျေးရွာနေ ဘင်္ဂလီအမျိုးသမီးငယ် တစ်ဦးအား ဒုက္ခသည်စခန်းမှ မော်လ၀ီဆရာများက နည်းမျိုးစုံဖြင့် သိမ်းပိုက်ရန် ကြိုးစားရာမရသဖြင့် ထိုအမျိုးသမီးငယ်၏ မိဘများ နှင့်စကားများကြရာ နောက်ဆုံးဖခင်မှ ရဲဝန်ထမ်းတစ်ဦး ၏ သေနတ်အား ဆွဲယူပစ်ခတ်ရန် လုပ်စဉ် အဆိုပါရဲ၏ ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသားအပါအ၀င် မိသားစုဝင် သုံးဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီ ဒုက္ခသည်စခန်းများအတွင်း မော်လ၀ီများသည် ‘တည်ငြိမ်အေးချမ်းရေးကော်မတီ’ ကဲ့သို့သော နာမည်မျိုးများဖြင့် တရားဝင်မကျတကျ အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းကာ စခန်းအရေးကို ဦးဆောင်ကြ လေ့ရှိသည် ဟုဆိုသည်။ ၄င်းသြဇာတိကမကြီးမားသော မော်လ၀ီများထဲမှ အချို့မော်လ၀ီများမှာ မုဒိမ်းမှုများကို ကျုးလွန်နေကြသူ၊ ‘ပန်းဦး ခူးစားနေ’ ကြသူများဖြစ်ကြသည် ဟု ဆိုသည်။ယခုမုဒိန်းမှူများအား စုံစမ်းရန် တာဝန်ဖြင့်  ယင်းစခန်းများသို့ မကြာခဏရောက်ရှိသူ ဒုရဲအုပ်တစ်ဦးက “ဒီကောင်တွေကို ကျေနပ်စေဖို့အတွက် ပျော်တော်ဆက် တွေ စီစဉ်ပေး ရတယ် လို့တောင်ကြားတယ်” ဟု ပြောကြားသည်။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ