Aug 24, 2012

ထိုင်းတပ်မတော်က ဝင်ရောက်ဖျက်ဆီးခြင်းခံရတဲ့ SSA နဲ့ SSA-s တွေကို ဝ တပ်ဖွဲ့က ဖမ်းခေါ်သွား

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် နယ်မြေခံ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တပ်က ဖမ်းဆီးထားသည်။ အရာရှိ ၂ ဦး ပါဝင်သော အဆိုပါ SSA-S တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ ဖမ်းဆီးထိန်းခံနေရပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အတွက်  တာဝန် ရှိသူများ ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံနယ်နမိတ်ဟု ယူဆရသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်ရှိ တပ်သားမိသားစုနေအိမ်တချို့အား ထိုင်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးလိုက်သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် မှ အရာ ရှိများက ပြောပြပါသည်။ 

  RCSS/SSA ဌာနချုပ်ကို ထိုင်းစစ်တပ်က ဝင်ဖျက်သွားသော်လည်း SSA အီးပင်

                          ကျယ်ကျယ် မပေါက်ရဲခဲ့ 

                  

 ၁၉ ရက်နေ့ ကတည်းက လာရောက်ဖျက်ဆီးတာပါ။ ထိုင်းစစ်သား အယောက် ၂၀ ကျော်လောက်ရှိမယ်။ မနေ့တုန်းက်အထိဘဲ ။ အိမ်ခြေ ၂၀ နီးပါးဖျက်ခံရတယ်။ အရာရှိနေအိမ်လဲပါတယ်။ နယ်နိမိတ်သတ်မှတ်တုန်းက သုံးတဲ့ ဗြိတိသျှ မြေပုံအရတော့ ဗမာ-သျှမ်း နယ်ထဲမှာရှိတယ်လို့မြင်ပါတယ်။ ထိုင်းကတော့ သူတို့သုံးတဲ့ US မြေပုံအရ သူတို့တိုင်းပြည်ရဲ့ နယ်မြေလို့ပြောပြီး ဖျက်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် အရာရှိတဦးက ပြောပါသည်။

ဩဂတ်စ် ၁၉ - ၂၄ ရက်နေ့ အထိ မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စု အခြေအခြေစိုက် ထိုင်းဘုရင့်တပ်မတော်၏ တပ်မှ လာရောက်ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းတော်ကြီး ကျောင်း နှင့် လူနေအိမ်ခြေ ၂၀ ခန့် ပါဝင်ကြောင်း ကြားသိရပါသည်။
 

ဟုတ်တယ်၊ မယ်ဟောင်ဆောင် အခြေစိုက်တဲ့ ထိုင်းစစ်တပ်က လာရောက်ဖျက်ဆီးတာပါ။ ကျနော်တို့ တပ် မိသားစုနေအိမ်တွေက ထိုင်းနယ်မြေထဲမှာ ဖြစ်နေလို့၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဖယ်ပေးဖို့ သဘောတူထား တယ်။ အခုလာဖျက်တာလဲအိမ်အလွတ်တွေပါ။ မဖျက်ခင်အထိ အဲဒီအိမ်အလွတ်တွေမှာ ဧည့်သည်လာရင် တည်းခိုဖို့ ပစ္စည်းထားဖို့သဘောတူထားတယ်လေ” - ဟု သျှမ်းပြည်တပ်တော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
 
လွန်ခဲ့သည့် ၇ နှစ်ခန့်လည်း သျှမ်းပြည်တပ်မတော်၏ ကျေးရွာတခုအား ထိုင်းအစိုးရ တကြိမ်ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်း၊ ထိုင်းအစိုးရနှင့် တင်းမာမှု မဟုတ်ဘဲ ဌာနချုပ်စတင်တည် ထောင်စဉ်ကတည်းက နယ်မြေပိုင်နက် သတိမမူဘဲ တည်ဆောက်ထားသောကြောင့်ဖြစ်ခဲ့ရကြောင်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က ပြောပါသည်။

_________________________________________________________________ 
  

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အီးပင်ကျယ်ကျယ်မပေါက်ရဲ ဟက်ဟက်ဟက် ငါတို့တုန်းက ဒီကောင်တွေမျက်နှာမူကင်းစောင့်တုန်းက အေပေးတွေ အိပ်တောင်မအိပ်ရဲ နောက်တော့ကင်းစခန်းအလွတ်ကြီးချန်ခဲ့ကြတာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ