Aug 22, 2012

ဗုဒ္ဓ၏ရုပ်တုတော်အား နှုတ်ခမ်းချင်း နမ်းနေဟန် ဓါတ်ပုံရိုက်ခဲ့သည့် ပြင်သစ်အမျိုးသမီးတစ်ဦးထောင်ဒဏ်ခြောက်လကျ

သီရိလင်္ကာနိုင်ငံတွင် အားလပ်ရက် အလည် အပတ်လာကြသော ပြင်သစ်ကမ္ဘာလှည့် ခရီးသွား အုပ်စုထဲမှ အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓ၏ရုပ်တုတော်အား နှုတ်ခမ်းချင်း နမ်းနေဟန် ဓါတ်ပုံရိုက်ခဲ့သည့်အတွက် သီရိလင်္ကာတွင် ထောင်ဒဏ်ခြောက်လကျခံစေရန် အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


 ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်ခဲ့သည့် ၎င်းအပြင် နောက်ထပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အားလည်း ဒဏ်ငွေအဖြစ် တစ်ယောက်လျှင် ရူပီးတစ်ထောင့်ငါးရာစီ ပေးဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ဗုဒ္ဓရုပ်တုတော်အား နှုတ်ခမ်းချင်းနမ်းနေသော အမျိုးသမီးအား နောက်ပြောင်နေသည့် အမျိုးသားပုံဟာ ယင်းဒေသရှိ ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို မချမ်းမြေ့စေသောကြောင့် ရဲများက ယင်းအဖြစ်အတွက် သတိထားပြီး ပုံကို print ထုတ်ကာ ယခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း သိရသည်။
_______________________________________________________________________


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ