From -ရန်ကုန်မီဒီယာဂရုဖ်
မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသော စာနယ်ဇင်းများနှင့်ထုတ်ဝေစာ များအားလုံး သြဂုတ်၂၀ရက်နေ့ မှစပြီးစာပေစိစစ်ရေး သို့တင်စ ရာမလိုဘဲ ထုတ်ဝေနိုင်တော့မည်ဖြ စ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန က ပြောကြားသည်။ `နိုင်ငံရေးနဲ့ဘာသာရေး ထု တ်ေ ၀ စာများကို ယနေ့က စပြီး စာပေစိစစ် တင်စရာမလိုဘဲ ထုတ်ဝေခွင့်ပြုမြှာ ဖစ် ပါတယ်။အဲဒါကြောင့်အခုဆိုရင် ပုံနှိပ်ထုတ်ဝေစာအားလုံး စာပေစိစစ် ခံစရာ မလိုတော့ဘဲ ထုတ်ဝေနိုင်ေ တာ့မှာဖြစ်ပါ တယ်`ဟု ပြန်ကြားေ ရးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန အကြီးအကဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ရန်ကုန်မီဒီယာသို့ပြောကြားသည်။ ထို့အတွက်ကြောင့် သတင်းဂျာနယ်များပါဝင်သော နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာ ထုတ်ဝေစာများသည် လွတ်လပ်စွာတည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ရာ ယင်းတွင် ဂျာနယ် ၈၆စောင်နှင့်မဂဇင်း ၅၅စောင်ပါဝင်ကြောင်းသိရှိရသည်။
“စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနအနေနဲ့ စာပေစိစစ်ခြင်းလုပ်ငန်းရှိတော့မှာမဟုတ်ဘဲ မှတ်ပုံတင်လုပ်ငန်းသာရှိတော့မှာပါ”ဟု ဦးတင့်ဆွေကပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ခြင်းလုပ်ငန်းများအား တစ်ဆင့်ပြီး တစ်ဆင့်ဖြေလျော့ပေးခဲ့ရာ ယခုအကြိမ်သည် ပဉ္စမအကြိမ်နှင့်နောက်ဆုံးအဆင့် ဖြေလျော့မှု ဖြစ်ကြောင်း ဦးတင့်ဆွေကပြောသည်။
သို့သော် ၁၉၆၂ခုနှစ်ပုံနှိပ်ဆိုင်ရာဥပဒေက အသက်ဝင်ဆဲရှိနေသဖြင့် မီဒီယာဥပဒေအသစ်မပေါ်ပေါက်မီကာလအတွင်း ထိုဥပဒေကိုပင် ဆက်လက်ကျင့်သုံးသွားရဦးမည်ဖြစ်ကြောင်းသိရှိရသည်။ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ထုတ်ဝေသူများနှင့်အယ်ဒီတာများအား ယနေ့နံနက်၁၀နာရီတွင် တွေ့ဆုံကာ ယင်းဖြစ်ပေါ်တိုးတက်မှုအား ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
________________________________________________________________________

1 ယောက် ဆွေးနွေးခဲ့တယ်:
လွတ်လပ်ခွင့်ဆိုပြီထင်တိုင်းကျဲရင်တော့ဘယ်ကောင်းမလဲ
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။