Aug 24, 2012

မဟုတ်မမှန်ဝါဒဖြန့်နေမှုများကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးနေ

မြန်မာအစိုးရတပ်ရင်း(၂)ရင်းက ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ တပ်မဟာ (၁) စခန်းတစ်ခုကို ယနေ့ မနက်ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့တယ်လို့ KIA ပြောရေးဆိုခွင့် ရှိသူ ဆလန်ကဘာလနန်းကပြောခဲ့ပါတယ် အစချီပြီး သြဂုတ်လ ၂၀ ရက်နေ့က အင်တာနက်စာမျက်နှာမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။

သြဂုတ် (၂၃) ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့မှ စတင်ကာကချင်လက်နက်ကိုင်တို့သည် အစိုးရတပ်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ စစ်ဘေးဒဏ်မှရှောင်ရှားရင်း မိမိတို့၏ ရပ်ရွာနေအိမ်များကို စွန့်ခွာထွက်ပြေးကြသော ကချင်စစ်ပြေးဒုက္ခသည် အရေအတွက်သည်လည်း (၇၅၀၀၀) ကျော်လွန်လာပြီ ဖြစ်သည်။ ကေအိုင်အေ၏ ဆန့်ကျင်မှုကြောင့် တစ်နှစ်ကျော်ကာလအတွင်း လူမှုဆင်းရဲဒုက္ခများကို ခါးစည်းခံနေရသော ကချင်လူ မျိုး များကို မငဲ့ကွက်ဘဲ အဆုံးအရှုံးများသော်လည်း လွဲမှားသော အယူဆများဖြင့် ဆက်လက်ပြီး လက်နက်စွဲ ကိုင် ဆန့်ကျင်လျက်ရှိသည်။ ဆင်းရဲဒုက္ခခံစားနေရသည့် သွေးချင်းများကို ကူညီရန် ပြည်ပကချင်အဖွဲ့ အစည်းများမှ ရန်ပုံငွေပွဲများ ပြု လုပ်ထောက်ပံ့ကြသော်လည်း အေအိုင်အေ ခေါင်းဆောင်ပိုင်းများမှ ရရှိလာသော ငွေများကို လက်အောက် သို့ကောင်းစွား ဖြန့်ဝေမှုမရှိဘဲ အလွဲသုံးစား လုပ်လျှက်ရှိသည်။

 ပြည်တွင်း၊ ပြည်ပမှ ကချင် တစ်မျိုးသား လုံးမှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော် (ကေအိုင်အို/ကေအိုင်အေ)၏ မူဝါဒနှင့် လုပ်ငန်းစဉ် များကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှု၊ အားပေးမှုများ ကျဆင်းလျက်ရှိသည်။ ကချင်လူထု၏ကို ကိုယ်စားပြုသည့် ကေအိုင်အို/ကေအိုင်အေ အဖွဲ့သည်ကချင်တိုင်းရင်းသားများကို အကာအကွယ်မပေးနိုင်၊ မစောင့်ရှောက်နိုင်ရုံသာမက ၄င်းအဖွဲ့ကိုယ်တိုင် ကချင်လူထုကို ဒုက္ခပေးကာ ၄င်းတို့၏စီပွားရေးအရသာ ရပ်တည်နိုင်ခဲ့သည်။ အခြားသောတိုင်းရင်းသား အင်အားစုများသည် အစိုးရနှင့် အပစ်ရပ်သဘောတူ စာချုပ်များကို လက်မှတ်ရေး ထိုးထားပြီး ဖြစ်သော်လည်း ကေအိုင်အေတို့မှာ ဆွေးနွေးမှုမအောင်မြင် ဖြစ်နေသည်။ အချို့သော ပြည်ပ မီဒီယာတို့ပင်လျှင် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ယခင်ကဲ့သို့ ပြင်းပြင်း ထန်ထန် ဝေဖန် ခြင်း မရှိ ကြတော့ပေ။

ကေအိုင်အေ ဝါဒဖြန့်ချီရေး ရုံးအဖွဲ့မှ သတင်းမှားများတင်ရန် ကူလီကူမာရိုက် စဉ်းစားနေကြပုံ

သို့သော် ကချင်လက်နက်ကိုင်တို့၏ မီဒီယာများမှတစ်ဆင့် မှားယွင်းစွာ ၀ါဒဖြန့်ခြင်း များကြောင့် လက်ရှိအစိုးရကိုပင် တစ်ချို့က အပြစ်တင်ဝေဖန်လာကြသည်။ သို့မဟုတ် ကောင်းသတင်းများ ပလူပျံနေချိန် တွင် ကချင်အရေးနှင့် ဆက်နွှယ် နေသည့် သတင်းဆိုးများကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံသည် နာမည်ဆိုးဖြင့် ကျော်ကြားနေရသည်။ တစ်ချိုသော မီဒီယာများကလည်း ကချင်သတင်းဆိုးများကို တင်ပြရန် တွေဝေနေကြသည်။ ကေအိုင်အိုတို့သည် ငြမ်းချမ်းရေးဆွေးနွေးမှုများကို ရှောင်လွဲကာ အမျိုးမျိုးအကြောင်းပြနေသည် မှာ မြန် မာ့ နိုင်ငံရေး ရေစီးကြောင်းအခြေအနေနှင့် ဆန့်ကျင်ဘက်ကဲ့သို့ ဖြစ်နေသည်။ ကေအိုင်အိုနှင့် ကေ အိုင်အေခေါင်းဆောင်များ၏ မှားယွင်းသော နိုင်ငံရေးယူဆချက်နှင့် ကချင်ပြည်သူများအပေါ် မှားယွင်းစွာ ၀ါဒဖြန့်စည်းရုံးမှုများကြောင့် ကချင်တိုင်းရင်းသားတို့သည် ၄င်းတို့ လိုလားသော လွတ်လပ်မှု၊ မျှတမှု၊ အပစ်ရပ်စဲခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ခြင်းများကို မရနိုင်တော့မည်ကို စိုးရိမ်လျှက်ရှိကြသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးလုပ် ဆောင်ချက်များ ကို နိုင်ငံတကာအ ဖွဲ့အစည်းများက ၀ိုင်းဝန်းထောက်ပံ့ခြင်းကဲ့သို့ ကူညီဖေးမမှုများကို ရရှိလာနိုင် မည် ဟု ကေအိုင်အေခေါ်င်းဆောင်များက မျှောလင့်နေကြသည်။

ကချင်လွတ်လပ်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်မှ လူထုတွေ့ဆုံပွဲတစ်ခုကို ၂၀၁၂၊ ဇန်န၀ါရီလ (၂၇) ရက်နေ့၌ လိုင်ဇာ မြို့တွင် ကျင်းပခဲ့ပြီး လက်အောက်ငယ်သားများကို အစိုးရအပေါ် အထင်မြင်မှားစေရန် ၀ါဒဖြန့်စည်းရုံး ပြောကြားခဲ့သည်။ ကချင်တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော်လည်း တော်လှန်ရေးသည် ကချင်လူထု၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဦးတည်တယ်လို့ အကြောင်းပြကာ ကချင်လူထုကို အစည်းအဝေးမှတဆင့် စည်းရုံးခဲ့သည်။ ပြည်ပနိုင်ငံများနှင့် အင်အားကြီး အိမ်နီးချင်းနိုင်ငံများသည် မိမိတို့အတွက် ကြီးမားသော အားထားရာအဖြစ် ယုံကြည်ကာ အစိုးရနှင့်ဆက်လက် တိုက်ခိုက်နေသည်ကို ကချင်ပြည်သူတို့ မည်းသို့မှ နားမလည်နိုင်ဖြစ်နေ သည်။ ကချင်လွတ်မြောက်ရေးကို အကြောင်းပြကာ ကချင်ပြည်သူလူထုကို လူမျိုးရေးအရ စည်းရုံးပြီး အမျိုးသားရေးစိတ် ဓါတ်ဖြင့် လှုံ့ဆော်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားအောင့် လုပ်ဆောင်နေတော့ သည်။ “မိမိအိမ်နောက်ဖေးမှ ချုံနွယ်များကို မိမိကိုယ်တိုင် ရှင်းလင်းရမည်” ဟူသည့် ကချင်စကားပုံကို လွဲမှားစွားအသုံးချနေခြင်း ဖြစ်သည်။

 ကချင်မျိုးနွယ်စုဝင် မဟုတ်သော ရှမ်း၊ ပလောင် နှင့် ဂေါရခါးလူမျိုးများ သာမက ဗမာကျောင်း သားများနှင့် ကချင်ပြည်နယ်အတွင်း နေထိုင်သူများကို အတင်းအဓမ္မ လူသစ် စုဆောင်းခြင်း ပြုလုပ်ကာ ပြည်သူ့စစ်အဖွဲ့(Mung Shawa Hpyen Hpung – MHH) ထံသို့ မရောက်ရောက်အောင်ပို့ဆောင်ကာ တိုက်ပွဲတွင်ပါဝင်စေခဲ့သည်။ ယခုအချိန်တွင် အထီးကျန်အနေအထားတွင် ရောက်ရှိနေသော ကချင်လက်နက်ကိုင်တို့သည် ကာ ကွယ်စောင့်ရှောက်မှု၊ အထောက်အပံ့နှင့် တရားသောစစ်ဆင်ရေးအဖြစ် မြင်လာစေရန် ထာဝရဘုရား သခင်၊ နိုင်ငံတကာနှင့် မီဒီယာများထံမှ လွဲမှားစွားသတင်းလွှင့်ကာ တော်လှန်ရေးကို ခေါင်းမာစွာ ဆက် လက် ဆင်နွှဲနေကြသည်။

 ကချင်လူငယ်တစ်ဦး
_______________________________________________________________________

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

KIA is bloody and dirty hell rebel group

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ