Aug 19, 2012

မိုးသီးဇွန်နဲ့ အောင်နိုင် ဖမ်းမိလာတဲ့ * ကျား *

လွန်ခဲ့သော နှစ်လခန့်က အမေရိကန်မှာ တိရိစ္ဆာန်ဥယျာဉ်ထဲက ကျား တစ်ကောင် ထွက်ပြေးလွတ်မြောက်
သွားတဲ့ အတွက် ပြည်နယ် အစိုးရ အနေနဲ့ အတော်လေး ဒုက္ခ ရောက်ခဲ့ပါတယ် ။ မြို့အထွက်က တောထဲ ဝင်ပြေးသွားတဲ့ ကျား ကို သစ်တောနဲ့သားရဲတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေ ရှာမရတော့တဲ့ အဆုံး ပြည်နယ် အစိုးရက နေ CIA နဲ့ FBI ကိုပါ အကူအညီတောင်းလာပါတယ်။

CIA ကတော့ တောထဲ ဝင်ပြီး သစ်ပင်တိုင်းမှာ စပိုင်ကင်မရာတွေ ထားတယ် ။ တောရဲတိရစ္ဆာန် အတု(စက်ရုပ်) တွေ သုံးပြီး တိရိစ္ဆာန် အုပ်ထဲ ထည့်ထားတယ် ။ ကောင်းကင်ကနေ drone (မောင်းသူမဲ့ကင်းလှည့် လေယာဉ်) တွေ သုံးပြီး ရှာတယ် ။ ၁ လတိတိ ကြာသွားတယ် မတွေ့ခဲ့ပါဘူး ။

FBI ကတော့ လှောင်အိမ်ထဲကနေ ပြေးသွားတဲ့နေရာက စပြီးခြေရာခံပါတယ် ။ တွေ့သမျှ လူတွေအကုန်လုံး
စစ်တော့တာပဲ ။အနီးအနားက အပျော်တမ်း မုဆိုးတွေ အဲဒီတောထဲကို အမဲလိုက်ဖူးတဲ့ မုဆိုးတွေကိုပါ
အကုန် မဝင်မနေရ ဝင်ခိုင်းပြီး ရှာတယ် ။နောက်ဆုံး ရဲ အင်အားသူံးပြီး ပိုက်စိပ်တိုက်ရှာတယ် ။နောက်ဆုံး
တောကိုမီးရှို့လိုက်တယ် ။ ဒါလည်း မတွေ့ပါဘူး ။

ပြည်သူတွေလည်း ထိတ်လန့်နေပါပြီ ။ဒါကြောင့် ဗျူရို အနေနဲ့ နောက်ဆုံးအကြံထုတ်လိုက်ပါတယ် ။ အာမခံပြီး ဖမ်းပေးမယ့်လူကို ကြိုက်တာတောင်းဆိုပါ ရစေရမယ် ဆိုပြီး ဆုငွေထုတ်လိုက်ပါတယ် ။ဆက်သွယ်မဲ့လူတစ်ယောက်မှ တပတ်အကြာထိရောက်မလာခဲ့ဘူး ။ဒီလိုနေ့ တစ်နေ့မှ သူရဲကောင်း နှစ်ယောက် ရောက်လာပါတယ် ။သူတို့ကတော့ မြန်မာနိုင်ငံသား နှစ်ယောက်ပါ..ဘယ်သူတွေလည်းဆိုတော့
----
----
----

----
----
----
----
ဟုတ်ကဲ့....မိုးသီးဇွန် နဲ့ ရော်နယ် အောင်နိုင်တို့ပါ ။
သူတို့တွေက အဲဒီကျားကိုဖမ်းဖို့ ပစ္စည်းနှစ်ခုပဲ တောင်းပါတယ် ။အဲဒါကတော့ ABSDF ယူနီဖေါင်းပဲ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ဟာ ABSDF ယူနီဖေါင်းကို ထေထေ စောင်းစောင်း ဝတ်ဆင်ပြီးတော့ တောထဲ ဝင်သွားခဲ့ပါတယ် ။ နှစ်နာရီ အကြာမှာတော့ သူတို့နှစ်ယောက်လုံး ပြုံးပြုံးကြီးနဲ့ ပြန်ထွက်လာပါ
တော့တယ် ။ပြီးတော့ မြို့ထိပ်မှာ စောင့်နေတဲ့ အမေရိကန်ပြည်သူတွေကို ဝင့်ဝင့်ကြွားကြွားနဲ့ အော်ပြောလိုက်ပါတယ် ။
"ကျနော်တို့ အခုဆိုရင် ကမ္ဘာ့အဆိုးဆုံးကျားကြီးကို မကြာခင်ဖမ်းမိတော့မှာပါ.အခုတော့.ကျားဟာ မျိုးပွားနူန်းတောင်မြန်လို့ သူ့ဆွေမျိုးတွေကိုပဲ တစ်ခါတည်းဖမ်းလာနိုင်ခဲ့ပါတယ် --ဟော ဒီမှာ ကြည့်ကြပါ "

မိုးသီးဇွန်နဲ့ ရော်နယ်အောင်နိုင် လက်ထဲမှာတော့ မျက်လုံးတစ်ဖက်ယောင်ကိုင်း/ခြေထောက်ပြတ်/လက်တွေပြတ်/လျှာ မရှိ/မွေးရာပါ ပစ္စည်းတွေ ဖြတ်ခံထားရတဲ့....ယုန် အုပ်စု က****

** ဟုတ်ပါတယ်..ကျွန်တော်တို့ ကျားတွေပါ...ဘုရားစူး ကျားတွေပါ..ယုံပါ ခင်ဗျာ..တကယ့် ကိုးတောင်ကျားတွေပါ ဗျာ ***
လို့ ဝိုင်းအော်ပြီးပြောလိုက်ကြသတဲ့ ....။

(မောင်ကျောက်ခဲ)
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ