Jul 6, 2012

ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက အင်တာနက် ဆာဗာတွေကို ခေတ္တရပ်ဆိုင်းဖို့ ရှိ

လာမယ့် ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက အင်တာနက် ဆာဗာတွေကို ခေတ္တရပ်ဆိုင်းဖို့ ရှိတာကြောင့် အဆိုပါနေ့ တွင် အင်တာနက်အသုံးပြုမှု မရရှိနိုင်လို့  သိရှိရပါတယ်။

ဟက်ကာတွေရဲ့  DNSChanger malicious software (malware) ဖြင့် DNS (Domain Name System) များကို တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှာ ရှိကြတဲ့ အင်တာနက်သုံးစွဲသူ သန်းပေါင်းချီပြီ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံ FBI ကနေ လာမယ့် ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက အင်တာနက်သုံးစွဲမှုတွေကို ခေတ္တရပ်ဆိုင်းပြီး အဆိုပါ CNSChanger ပြဿနာကို ဖြေရှင်းမှာဖြစ်တယ်လို့  သိရှိရပါတယ်။

အင်တာနက်သုံးစွဲသူတွေအနေနဲ့  မိမိတို့ ရဲ့  ကွန်ပျူတာမှာ ဒီ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိ မရှိကို ဖေါ်ပြပါ အင်တာနက်စာမျက်နှာတွေမှာ ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။ http://www.dns-ok.us/ http://www.dns-ok.ca/ http://www.dns-ok.gov.au/

အကယ်၍ မိမိ၏ ကွန်ပျူတာ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိပါက သက်ဆိုင်ရာ Internet Service Provider သို့ ဆက်သွယ်ပြီး အဆိုပါ Malware အား ဖယ်ရှားပေးရန် အကူအညီဆောင်းရန် လိုအပ်ကြောင်း သိရှိရပါတယ်။ http://www.youtube.com/watch?v=hxIo-4oAIeo&feature=youtu.be
 
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ