ရန်ကုန်မြို့တော်၌ စံချိန်တင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် ခုံးကျော်တံတား၏ ပင်မဒေါက်တိုင်များကို ဇူလိုင်လကုန်တွင် အပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်တွင် ယနေ့ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် အတည်ပြု ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် တည်ဆောက်မည့် ခုံးကျော်တံတားများအတွက် ဘဏ္ဍာငွေကို ဘတ်ဂျက် တောင်းခံထားခြင်း မရှိသေးသည့်အတွက် ကမ္ဘောဇဘဏ်နှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဘဏ်တို့မှ စိုက်ထုတ်သုံးစွဲ ထားရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။