Jul 1, 2012

ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်တိုင်း ရင်းသားများအပါ ပြည်သူလူထု ၁၀၀ ကျော်ကန့်ကွက်ဆန္ဒပြခဲ့

ဒေါ်အောင်ဆန်းစုကြည်၏ ၁၆ ရက်ကြာ ဥရောပခရီးစဉ်မှအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ TG 303 လေယာဉ်ဖြင့် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မီနစ်အချိန်တွင် ရောက်ရှိခဲ့ရာ NLD အဖွဲ့ဝင်များနှင့်  ထောက်ခံသူများက လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။ ထို့အပြင် ရခိုင်လူမျိုးများအပါအ၀င် ပြည်သူလူထု ၁၀၀ ကျော်ခန့်ကလည်း ဒေါ်အောင်ဆန်းစုကြည် စီးနင်းသည့် မော်တော်ယာဉ်ဖြတ်သန်းရာ လေဆိပ်လမ်းဆုံနှင့် (၈)မိုင်လမ်းဆုံအနီးတစ်ဝိုက်တို့တွင် ` ကုလားမယား စုကြည် အလိုမရှိ ´ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။    
 
အလိုမရှိကြောင်း အေးချမ်းစွာ ဆန္ဒပြနေသော ပြည်သူများ
 
 

ဆန္ဒပြသူတစ်ဦးမှ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိနိုင်ငံအတွင်း ရခိုင်လူမျိုးများ ၏ပြဿနာများ ဖြစ်ပွားနေစဉ်အတွင်း ရခိုင်လူမျိုးများဘက်မှ မရပ်တည်ဘဲ ဘင်္ဂါလီ မွတ်ဆလင် ကုလားများ ဘက်မှရပ်တည်ခဲ့ခြင်း၊ ပြည်ပတွင်ရှိနေစဉ် ပြည်ပရောက်ရခိုင်လူမျိုးများအား တွေ့ဆုံခဲ့ခြင်းမရှိပဲ ဘင်္ဂါလီ ကုလားခေါင်းဆောင်များနှင့်သာတွေ့ဆုံခဲ့ခြင်းနှင့် သူမကိုင်စွဲခဲ့သည့် စီးပွားရေးပိတ်ဆို့မှု မူဝါဒအတွက် မြန်မာနိုင်ငံသားများ ဒုက္ခရောက်နေခြင်းတို့ကို မကျေနပ်၍  ကုလားမယားစုကြည် အလိုမရှိဟူသော ဆိုင်းဘုတ် များကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ 

ကုလားမယား အလိုမရှိ ဟု ဆန္ဒပြနေသော ရခိုင်တိုင်းရင်းသားများနှင့်လက်တွဲညီသွေးနီးသော မျိုးချစ်ပြည်သူတိုင်းရင်းသားများ
 

ဒေါ်အောင်ဆန်းစုကြည် စီနင်းလာသော မော်တော်ယာဉ်သည် ဆန္ဒပြနေသော လူအုပ်အနီးသို့ ရောက်ရှိသည့်အခါမှာ ဒေါ်အောင်ဆန်းစုကြည်၏အနားတွင်လုံခြုံရေးအနေဖြင့် လိုက်ပါလာသောအဖွဲ့များက  ကားဘေးဘယ်ညာနေ၍ ကာကွယ်ထားခဲ့ပြီး၊ ပိုစတာများကိုကိုင်၍ ဆန္ဒပြနေသူများအား ထိုးကြိတ်ကာ ပိုစတာများကို လုယူသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးမှ ပြောကြားခဲ့ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအား NLD အဖွဲ့ဝင်များမှ ဥပဒေမဲ့ ထိုးကြိတ်ခဲ့သည့်အပေါ် အခြေအနေမှန်ကို အနားတွင် ကြည့်ရှု့နေသော ပြည်သူများမှ ကျေနပ်မှုမရှိကြောင်းလည်း ပြောဆိုခဲ့ပါသည်။
ဆန္ဒပြလူများအား လိုက်လံထိုးကြိတ်နေသော NLD ပါတီဝင်များ

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ