Jul 4, 2012

မြန်မာကြိုက် ဟောင်ကောင်မင်းသားဂျက်ကီချန်း ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာပြည်လာရောက်မည်

ဟောင်ကောင် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်းသည် မြန်မာနိုင်ငံမှ ကလေးငယ်များလူကုန်ကူးမှုဆိုင်ရာ

တိုက်ဖျက်ရေးအတွက် ကူညီဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် ဇူလှိုင်လ (၅) ရက်နေ့တွင် 

မန္တလေးတိုင်းဒေသကြီးသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက် မည်ဖြစ်ကြောင်း ကုလသမဂ္ဂ 

ကလေးများရန်ပုံငွေအဖွဲ့က သတင်းထုတ်ပြန်ထား သည်။
 
ဂျက်ကီချန်းသည် မြန်မာနိုင်ငံတွင် သုံးရက်ကြာနေထိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂ

 အထောက်အပံ့ ဖြင့် ဖွင့်လှစ်ထားသော လူကုန်ကူးခံခဲ့ရသည့် ကလေးသူငယ်များ အသက်မွေးဝမ်းကျောင်း 

သင်တန်းသို့ သွားရောက် ကာ လူကုန်ကူးခံရခြင်းမှ ပြန်လည်လွတ်မြောက်လာသော 

ကလေးသူငယ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
 
ရုပ်ရှင်သရုပ်ဆောင်ဂျက်ကီချန်းသည် တရုတ်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် လာရောက်မည် ဖြစ်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ လူကုန်ကူးမှု အထူးတိုက်ဖျက်ရေး အဖွဲ့များ နှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဇူလှိုင်လ (၇)ရက်နေ့တွင် ရန်ကုန်ရှိ ထရိတ်ဒါးဟိုတယ်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာ 

ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါလာရောက်မှုမှာ မြန်မာနိုင်ငံသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ သရုပ်ဆောင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ဂျက်ကီချန်းသည် UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ ဂုဏ်ထူးဆောင် သံအမတ်ကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ လူကုန်ကူးခံရမှုတိုက်ဖျက်နိုင်နင်ရေးအတွက်

 တစ်စိတ်တပိုင်း အနေဖြင့် လာရောက်ခြင်းဖြစ်ပြီး ဇူလိုင်လ (၈)ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တရုတ်မကျေနပ်သူများ ဂျက်ကီချန်းကို ဆန္ဒပြကြမည်ဟု သတင်းရရှိနေပါသည် ။ 






















































































































Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ