Aug 22, 2012

ဒေါ်စုက သံဃာတော်တွေထက် မြင့်မြတ်ဘုန်းကြီးနေပါသလား NLD

၁၉၈၈ ကာလများမှာ ဒေါ်ခင်ကြည်တစ်ယောက် နေမကောင်းတော့ ပြန်လာခဲ့တဲ့ သမီးမိုက် ဒေါ်စု
အမေနဲ့ရှိစဉ်က မတည့်ခဲ့သော်လည်း အမေပေးခဲ့တဲ့ စိတ်ဓါတ်ဘာညာနဲ့ ဖောရှောရိုက်တဲ့ဒေါ်စု..
ဗကပ လက်ဝဲတွေ စင်ပေါ်တင်လို့ ဖေဖေကပြောတယ် တစ်ခွန်းတည်းနဲ့ မြန်မာလူထုဆီက မေတ္တာနဲ့အထင်
ကြီးမှူကို လိမ်ညာရယူခဲ့တဲ့ ဒေါ်စု..အောက်ကမြှောက်ပေးသမျှ အဟုတ်ထင်ပြီး မာန်တတ်နေတဲ့ဒေါ်စု
ပါတီဥက္ကဌတွေ လူကြီးတွေကို ကန်ထုတ်ပြီး ယခု ဥက္ကဌတတ်လုပ်တော့ တလွဲတွေလုပ်..နှမ်းဖြူးပြီးနေတတ်
လာတဲ့ ဒေါ်စု..ဟိုလူလာရင် အာဘွားတစ်ပွေ့တစ်ပိုက်နဲ့ပြေးကြိုတတ်တဲ့ဒေါ်စု..ပွင့်လင်းမြင်သာမှူ ရှိရမယ်ပြောတတ်သောသူမ က တွေ့ဆုံသမျှ အစည်းအဝေးတိုင်း တွေ့သမျှ လူတွေနဲ့ အကြောင်းတွေကို လျှို့ဝှက်ထားပြီး ကောင်းကျိုးများဖြစ်ပေါ်လာလျှင် သူမကြောင့်ဟု အောက်ခြေကို သတင်းလွင့်ခိုင်းပြီး ကိစ္စများ အဆိုးဘက်ဦးတည်လာလျှင် အစိုးရစနက် အစိုးရနှောင့်ယှက်မှူဟု သတင်းဖြန့်တတ်သူ ဒေါ်စု...။

အဆိုပါ ဂုဏ်ပုဒ်များနှင့် ဒေါ်စုသည် ယခုအခါ အထိန်းအကွပ်ပေးမည့် ပါတီသက်တော်ရှည် ဗကပ မှိုင်းဝင်
ဘဘကြီးများမရှိတော့တဲ့အတွက် မောင်လေးများမွေးစားပြီး ဗရမ်းဗတာနဲ့ ဦးတည်ရာပျောက်နေတဲ့ ဒေါ်စုဟာ တာထွက်တုန်းကလို ပြည်သူထောက်ခံမှူ မရတော့ပဲ နိုင်ငံအခက်ကြုံနေချိန် ၄င်းမဲခံယူရာဒေသများ ဒုက္ခရောက်နေချိန်ဝယ် ရှောင်ဖယ်တတ်တဲ့ အကျင့်ဆိုးကြီး ဘွားခနဲ ပေါ်လာချိန်မတော့ ပြည်သူလူထု ထောက်ခံမှူလည်း လျှော့ကျသွားပါပြီ ။
 ပါတီထဲမှာလည်း ခွက်စောင်းခုတ်နေကြပြီး NLD ပါတီတွင်း ဆန္ဒပြမှူတွေ ဆက်တိုက်ဖြစ်လာပါပြီ ။ အဘယ့်ကြောင့် ဆိုသော ဘုန်းကြီးရူးနဲ့ လေလှူးများတွေ့ကြရာဝယ် အလုပ်မဖြစ်ကြောင်း သူတို့ဘာသာ တွေးတောမြင်လာကြပြီ ဖြစ်သောကြောင့်ပင် ။
ထို့ကြောင့် ဒေါ်စု အနေဖြင့် သူမအနားဝယ် ပါတီ အတွက်ကြည့်သော သူများကို ကန်ထုတ်နေပြီး ပါတီတွင်း အာဏာရှင်စနစ် ထူထောင်ကာ သူမအား ဖားနိုင်ယားနိုင်သော သူမ လုပ်သမျှ
မှန်ပါ့ ဖရား ထောက်ခံတတ်သော စပွန်ဆာပေးနိုင်သော သူမခိုင်းသမျှ စက်ုရုပ်သဖွယ် ထလုပ်တတ်သော သူများသာလျှင် ထားရှိနေတော့သည် ။

အိမ်က အမေ ပဲပြုတ်ထွက်ရောင်းနေစဉ်က မကူညီခဲ့သော ပညာမတတ်ဝေလေလေများက ဒေါ်စုထဘီစ အားခေါင်းပတ်လျှင် ကျည်ကွင်းသည် ဟု မည်သူမြောက်ပေးလိုက်လေသည်မသိ ..hip hop သီချင်းတစ်ပုဒ်ပင်ထွက်လာသေးသည် ။ အရှင်မွေး၍နေချင်းကြီးသော အမတ်ကြီးဇေယျာ်သော်မှ သူ မရေးစပ်ပါဆိုသော်လည်း ပင်နီတိုက်ပုံ့ဖျဉ်ကြမ်းဝတ်...ပုဆိုးအရောင်လွင့် ဝတ်ကာ..ရှေးသီချင်းများသာ သီဆိုတတ်သော NLD တောဂိုက်များထဲတွင် RAP သီချင်း ၁၆ ဘားစာ စည်းကျကျ ရေးတတ်သူမှာ မည်သူနည်း ။  မြန်မာ ဟစ်ဟော့ကနဦး ရပ်ပါအနုပညာရှင် တစ်ယောက်တည်းသာရှိ ထိုပါတီတွင် မည်သူက သူ့ထက် ပိုရေးစပ်တတ်ပါသနည်း ။
ရှိပါစေတော့ ..။ ဒုတိယ ဘုရားသခင် ဟုတင်စားကာ အမေစုပါလျှင် ငရဲသို့ အတူတူသွားမည်ဟု ကြွေးကြော်တတ်သော အောက်ခြေ NLD ပညာမဲ့များမြောက်ပင့်မှူကြောင့် သွေးနားထင်ရောက်ကာ ဗုဒ္ဒဘာသာဝင်တိုင်း သိထားသော ဘုရားစိန်ဖူးတော်ကို ယောကျာင်္းသားများသာ တင်ခွင့်ရသော်လည်း ဒေါ်စုမှ ဖိနပ်မချွတ်ပဲ ဦးခေါင်းကိုတင်ဆောင်ခဲ့သေးသည် ။
ပါဋ္ဌိ ကို မွတ်နေအောင်ကျွမ်းကျင်သည်ဟု အောက်ခြေမှ သတင်းလွင့်ထားသော ဒေါ်စုသည် စွယ်တော်ရောက်ရှိနေချိန်တနိုင်ငံလုံးမှ ဖူးသော်လည်း
ဖူးမျှော်ခြင်းမရှိပဲ ခရစ်ယာန် ဘုရားရှိခိုးကျောင်းသာ တတ်ရောက်နေသည့်အပြင် ဗုဒ္ဒဘာသာဝင် အမျိုးသမီးများမလုပ်အပ်သော စိန်ဖူးတော် ကို ခေါင်းတွင်တင်ဆောင်ကာ ယတြာချေခဲ့သေးသည် ။

ယခုလည်း ဒေါ်စုမှ သူမသည် ဒုတိယ ဘုရားသခင်ဖြစ်ကြောင့် သံဃာထက်မြင့်မြတ်ကြောင်းကို မဟာဂန္ဒာရုံကျောင်းတိုက်သို့ သွားရောက်ကာ ပညာသားပါပါ ပြသလိုက်ပြီး သူမသာလျှင် ဒုတိယ ဘုရားသခင်ဖြစ်ကြောင်း တစ်ဖက်လှည့်ပြောဆိုလိုက်ပါသည် ။မြန်မာဗုဒ္ဒဘာသာဝင်များအနေဖြင့် သံဃာတော်တစ်ပါး မိမိရှေ့၌ ရှိလျှင် အမြင့်မြတ်ဆုံးသော အကောင်းဆုံးသော နေရာထိုင်ခင်းပေးပြီးသကာလ ဆွမ်းကွမ်းရေချမ်းဆက်လှူကာ ယပ်ခတ်ပေးတတ်ကြလေသည် ။သို့သော်
ဒေါ်စုအနေဖြင့် ဘုန်းကြီးကျောင်းသို့သွားရောက်ကာ သံဃာတော်များက မတ်တပ်အနေအထားဖြင့်ရှိနေစဉ်ကျောင်းရှိ အကောင်းဆုံး ကော်ဇော်ပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ သံဃာတော်များအား ဝေယျာဝစ္စပြုလုပ်ပေးးရမည့်အစား သူမအားလူအုပ်ကြီးဖြင့် ယပ်ခတ်ခိုင်းကာ ပမာမခန့်ထိုင်ခြင်း အမှူကိုပြူလုပ်နေပါတော့သည် ။

ဤအပြုအမှူမျိုးကို ရှေးယခင် မှန်နန်းရာဇဝင်စာအုပ်နှင့်ဦးကုလားရာဇဝင်ကို ပြန်လှန်သော်လည်း မည်သည့်မင်းများမှ မပြုလုပ်ခဲ့သလို လက်လှမ်းမှီရာ ယခင် ဦးသန်းရွှေဦးစီး အစိုးရအဖွဲ့ဝင်များ၌လည်း မတွေ့ခဲ့ရပေ ။ထို့ကြောင့် ဒေါ်စုအနေဖြင့်
မြန်မာနိုင်ငံဝယ် သူသာ အမြင့်မြတ်ဆုံး သူသာ ဒုတိယ ဘုရားသခင် သူသာလျင် သမ္မတကြီးဖြစ်ရမည်ဟူသော စိတ်ဆန္ဒ သွေးနားထင်ရောက်နေပြီဖြစ်တော့သည် ။ ဘုရားတရားပင်မသိ
လန်ဒန်တွင်လည်း နိုဘယ်ဆူယူစဉ်က သံဃာတော်များအား ပမာမခန့်လုပ်သည်ကို ပညာတတ်များက မီဒီယာများ အွန်လိုင်းစာမျက်နှာများက တဆင့်ဝေဖန်မှသာ သွားရောက်တောင်းပန်ခဲ့သေးသည် ။ထိုအကြောင်းကို မြန်မာ စတုတ္တမဏ္ဍိုင်များ လက်၌ ဝဲဆွဲနေသောကြောင့် မည်သည်ဂျာနယ်မှ မဖော်ပြနိုင်ကြပေ ။ ဒေါ်စုသည် ယခုအခါ အစိုးရလုပ်သမျှကို နောက်ကနေ နှမ်းဖြူးနေသည့်အဆင့်ဖြစ်ပြီး
ဝေလေလေပါတီဝင်များ မြောက်ပင့်မှူနှင့်သာ အသက်ဆက်နေရပြီး ပါတီ၏ ယိုယွင်းနေသော အချက်များကိုထောက်ပြဆန္ဒပြသူများကို လျှစ်လျှူရှူနေပြီး ဘာသာရေးကိုပါ စော်ကားလာနေပြီဖြစ်ကြာင်း
မောင်ကျောက်ခဲ မှ ထောက်ပြလိုက်ဝေဖန်လိုက်ပါတော့သည် ။

(မောင်ကျောက်ခဲ-ဝိုင်းတော်သားများ)
________________________________________________________________________


Readmore »

Aug 21, 2012

အန်တီစု အိမ်သာဆင်းလျှင်-----

Readmore »

ကျောင်းသားသမဂ္ဂများနှင့် ၈၈ မျိုးဆက်ကျောင်းသားများမှ ကြေငြာပြီ

Readmore »

ရွှာကိုမီးရှို့တဲ့ကုလား..ရဲဖမ်းတော့ ရဲကိုပါ ဓါးနဲ့ပိုင်းလိုက်သတဲ့

မီးရှို့တရားခံအား ဖမ်းဆီးစဉ် တရားခံမှ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် များအား ဓါးဖြင့်လိုက်လံခုတ်သော
ဖြစ်စဉ်တစ်ရပ် ဖြစ်ပွါးခဲ့ပါသည် ။

 နစက၊ နယ်မြေ(၈) စခန်း(၁၇) ဥဒေါင်း ကင်းစခန်းမှူး ဒုရဲအုပ် ဖြိုးဝေအောင် ဦးစီး တပ်စိတ် တစ်စိတ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ရက်နေ့ ၀၀း၃၅ ချိန်တွင် ဥဒေါင်း ကျေးရွာ အုပ်စု ကုန်းတန်း ကျေးရွာတွင် လှည့်ကင်း ဆောင်ရွက်နေစဉ် နလက ကျေးရွာအား မီးရှို့ ဖျက်ဆီး ရန်ကြီုးစားမှု တွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင် နေသူ ဆော်လီမူလာ (ဘ) ရှော်မူ လုပ် သည် နေ အိမ်သို့ ပြန်လည်ရောက် ရှိနေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့မှ သတင်း ပေးပို့ခဲ့ သဖြင့် ၄င်းအဖွဲ့ နှင့် အတူ တရားခံ၏ နေအိမ်အား ၀၁း၀၀ နာရီတွင် ၀င်ရောက် ဖမ်းဆီး ခဲ့ပါသည် ။၊

ထိုသို့ ဖမ်းဆီးစဉ် တရားခံမှ အဖမ်း ခံခြင်း မရှိဘဲ ဓားရှည် ဖြင့်ခုတ်ရာ ဒုရဲအုပ် ဖြိုးဝေအောင် ၏ ၀ဲဘက် လက်မောင်းတွင် ၂ လက်မ ခန့် ပြဲရှ ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းမှ အမ်အေ ၁၃ သေနတ် ဖြင့် ၁ ချက်ခန့်ချောက်လှန့် ပစ်ခတ် ခဲ့ရာ တရားခံ၏ ၀ဲဘက် လက်မောင်းတွင် သေနတ် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရပြီး ဒုရဲအုပ် ဖြိုးဝေအောင် နှင့် တရားခံ ဆော်လီမူလာ တို့အား နယ်မြေ ဆေးခန်းတွင် ဆေးကုသ လျက်ရှိပြီး တရားခံ အသုံးပြု ခဲ့သော ဓားအား ရှာဖွေ ပုံစံဖြင့် သိမ်းယူ၍ တရားခံကို တရား ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဓါးနဲ့ခုတ်ခံရသည့် ရဲ

ရဲကို ဓါးနဲ့ခုတ်သည့် တရားခံ ကုလား
ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် အမ်အေ ၁၃ သေနတ်(ပုံစံတူ)
 သတင်းမူရင်း ( မြဝတီ )
_______________________________________________________________________
Readmore »

Aug 20, 2012

စာနယ်ဇင်းများအားလုံး စာပေစိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရပြီ

From -ရန်ကုန်မီဒီယာဂရုဖ်

 မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသော စာနယ်ဇင်းများနှင့်ထုတ်ဝေစာ များအားလုံး သြဂုတ်၂၀ရက်နေ့ မှစပြီးစာပေစိစစ်ရေး သို့တင်စ ရာမလိုဘဲ ထုတ်ဝေနိုင်တော့မည်ဖြ စ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန က ပြောကြားသည်။ `နိုင်ငံရေးနဲ့ဘာသာရေး ထု တ်ေ ၀ စာများကို ယနေ့က စပြီး စာပေစိစစ် တင်စရာမလိုဘဲ ထုတ်ဝေခွင့်ပြုမြှာ ဖစ် ပါတယ်။အဲဒါကြောင့်အခုဆိုရင် ပုံနှိပ်ထုတ်ဝေစာအားလုံး စာပေစိစစ် ခံစရာ မလိုတော့ဘဲ ထုတ်ဝေနိုင်ေ တာ့မှာဖြစ်ပါ တယ်`ဟု ပြန်ကြားေ ရးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန အကြီးအကဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ရန်ကုန်မီဒီယာသို့ပြောကြားသည်။ ထို့အတွက်ကြောင့် သတင်းဂျာနယ်များပါဝင်သော နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာ ထုတ်ဝေစာများသည် လွတ်လပ်စွာတည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ရာ ယင်းတွင် ဂျာနယ် ၈၆စောင်နှင့်မဂဇင်း ၅၅စောင်ပါဝင်ကြောင်းသိရှိရသည်။

 “စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနအနေနဲ့ စာပေစိစစ်ခြင်းလုပ်ငန်းရှိတော့မှာမဟုတ်ဘဲ မှတ်ပုံတင်လုပ်ငန်းသာရှိတော့မှာပါ”ဟု ဦးတင့်ဆွေကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ခြင်းလုပ်ငန်းများအား တစ်ဆင့်ပြီး တစ်ဆင့်ဖြေလျော့ပေးခဲ့ရာ ယခုအကြိမ်သည် ပဉ္စမအကြိမ်နှင့်နောက်ဆုံးအဆင့် ဖြေလျော့မှု ဖြစ်ကြောင်း ဦးတင့်ဆွေကပြောသည်။

သို့သော် ၁၉၆၂ခုနှစ်ပုံနှိပ်ဆိုင်ရာဥပဒေက အသက်ဝင်ဆဲရှိနေသဖြင့် မီဒီယာဥပဒေအသစ်မပေါ်ပေါက်မီကာလအတွင်း ထိုဥပဒေကိုပင် ဆက်လက်ကျင့်သုံးသွားရဦးမည်ဖြစ်ကြောင်းသိရှိရသည်။ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ထုတ်ဝေသူများနှင့်အယ်ဒီတာများအား ယနေ့နံနက်၁၀နာရီတွင် တွေ့ဆုံကာ ယင်းဖြစ်ပေါ်တိုးတက်မှုအား ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
________________________________________________________________________

Readmore »

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရမိ

သြဂုတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ အား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။ “ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု သူက ပြောသည်။

 သို့သော် လက်နက်တွေ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိမိခြင်း မရှိကြောင်း ဆိုသည်။ ကုလားချောင်းကျေးရွာမှ ဆရာမ တစ်ဦးကလည်း သူတို့ဒေသ၏ နောက်ဆုံး အခြေအနေကို ယခုလို ပြောသည်။ “ အခုတော့ အခြေအနေ အေးအေး ဆေးဆေး ရှိပါတယ်။ သူတို့ထဲက တစ်ဦးကိုဘဲ ဖမ်းမိပါတယ်။ ကျန်တဲ့သူတွေကို မမိသေးပါဘူး။ လိုက်လံရှာဖွေနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

 အဆိုပါ ဘင်္ဂလာမှ အဖွဲ့သည် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းတွင် တည်ရှိသော ကုလားချောင်းကျေးရွာ အနီး ပြင်ချောင်းထဲတွင် ဘင်္ဂလာဒေခ်ျ့ အလံများကို ထောင်ပြီး စက်လှေ နှစ်စီးနှင့် ၀င်ရောက်လာစဉ် ဒေသခံ ကျေးရွာသားများနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ ၎င်းနောက်ပိုင်း စစ်သားများ လိုက်လာသဖြင့် ထွက်ပြေးရာ စက်လှေ တစ်စီးကို ဖမ်းမိပြီး ကျန်တစ်စီးမှာ လွှတ်မြှောက်သွားခဲ့သည်။
                              ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော သက်သေခံပစ္စည်းများ

 ယခု ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများမှာ စက်လှေပေါ်မှာ ရှာဖွေတွေ့ရှိသော ပစ္စည်းများ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ ယခု ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်ရောက်လာသူများမှာ ဒေသခံများတိုက်ခိုက်ရန်နှင့် မတည်ငြိမ်မူများကို ဖန်တီးရန် ၀င်ရောက် လာသူများ မဟုတ်ဘဲ ကျွဲနွားများကို ခိုးယူရန် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောဆိုသည်ဟု သူက ဆိုသည်။

 သို့သော်လည်း အာဏာပိုင်များက အဆိုပါ ဒေသတွင် ယခုအခါ လုံခြုံရေးကို တင်းကျပ်ထားပြီး စစ်သားများလည်း ကင်းလှည့် သွားလာနေကြသည်ဟု ဒေသများက ပြောဆိုသည်။

Readmore »

Aug 19, 2012

ရခိုင်တွင် ရိုဟင်ဂျာ မရှိ- ဘင်္ဂလီ ကုလားသာရှိ ဟု ကော်မရှင်ကပြောပြီ

Readmore »

Visa ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေ

အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။လတ်တလောမှာတော့ အင်တာနက် နည်းပညာ အသုံးပြုပြီး ငွေအလွှဲအပြောင်း လုပ်ရမယ့် နည်းပညာတွေကို မြန်မာနိုင်ငံက ဘဏ်ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေပြီ ဖြစ်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးလိုက်ပြီး နောက်ပိုင်း နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်မှုတွေ များလာတာကြောင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေဟာ ခရီးသွားလာရာမှာ ငွေသားချည်းပဲ မသယ်ဆောင်လိုကြဘဲ အကြွေးစနစ်ကတ်၊ ဘဏ်ကတ်ပြားတွေကိုသာ သယ်ဆောင်လိုကြတယ်လို့ ဆိုပါတယ်။ ဗီဇာ ကုမ္ပဏီရဲ့ အရှေ့တောင် အာရှဒေသ တာဝန်ခံ Peter Maher က - သူတို့ ကုမ္ပဏီအနေနဲ့ လတ်တလော မြန်မာနိုင်ငံမှာ ငွေထုတ်ယူနိုင်တဲ့ ATM စက်တွေ တပ်ဆင်နိုင်ရေးနဲ့ အင်တာနက်သုံးပြီး ငွေအလွှဲအပြောင်း လုပ်နိုင်မယ့် စနစ်ကို အရင်ဆုံး အကောင်အထည်ဖော် သွားမယ်လို့ ဆိုပါတယ်။

Readmore »

ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်

ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ၀န်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။

မျိုးစပါး ဖြန့်ဖြူးဖို့အတွက် ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို အရင်ကောက်ယူမှာ ဖြစ်ပါတယ် ။ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ရွာပေါင်း ၆၆ ရွာ၊ ဝေါမြို့နယ်မှာရွာပေါင်း ၅၂ ရွာနဲ့ က၀မြို့နယ်က ရွာပေါင်း ၉၆ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေက လယ်ယာမြေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ လယ်ဧက သုံးသောင်းကျော် ရေနစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ မနေ့ကစပြီး ရေစကျနေပြီဖြစ်ပေမယ့် လယ်မြေ အများအပြားကတော့ ရေနစ်မြှုပ်နေဆဲပဲလို့ သိရပါတယ်။


Readmore »

နာမည်ပျက်စာရင်း အသွင်းခံ ထိုင်းသတင်းစာဆရာများကို ပယ်ဖျက်ပေးမည်

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်အတွင်းက နာမည်ပျက်စာရင်း ထည့်သွင်းခံခဲ့ရသော ထိုင်းသတင်းစာဆရာ ၁၅ ဦးတို့၏ အမည်ကို အဆိုပါစာရင်းမှ ပယ်ဖျက်ပေးမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ကတိကဝတ်ပြု ပြောဆိုခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူကွန်ပိုဆူဝါတန့်၏ အတည်ပြုပြောကြားချက်ကို Bangkok Post သတင်းစာက ကိုးကားရေးသား ဖော်ပြသည်။ 

 သမ္မတဦးသိန်းစိန် အနေဖြင့် နာမည်ပျက်စာရင်း သွင်းခံထားရသော ထိုင်းသတင်းစာဆရာနှင့် သတင်းစာ ဆောင်းပါးရှင် ၁၅ ဦးတို့၏ အမည်စာရင်းကို ၎င်း၏ အာဏာပိုင်များထံမှ ရရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း ယင်းအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိမ့်မည် ဖြစ်သည်ဟု မစ္စတာဆူကွန်ပိုဆူဝါတန့်က ထိုင်းသတင်းထောက်များအား ပြောကြားသည်။ အဆိုပါ ကိစ္စသည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်နိုင်ရေးအတွက် ဦးတည်ကာ လုပ်ကိုင်ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ ကာကွယ်ရေးဝန်ကြီး ဆူကွန်ပိုဆူဝါတန့် သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာ တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာ ၎င်းနှင့်အတူ လိုက်ပါသွားသည့် ထိုင်းသတင်းထောက်များအား အဆိုပါကိစ္စကို ပြောဆိုခြင်းလည်း ဖြစ်သည်။

 

 သမ္မတဦးသိန်းစိန်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက နာမည်ပျက်စာရင်း သွင်းထားသော ထိုင်းသတင်းစာ ဆရာများကိစ္စ၊ မြေယာကျူးကျော်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသား ၉၂ ဦးကိစ္စ၊ တရားမဝင်လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကိစ္စ အစရှိသည်တို့ အပါအဝင် များစွာသော အရေးကိစ္စများကို ဆွေးနွေး ညှိနှိုင်းခဲ့သည်။ ယခင်မြန်မာနိုင်ငံ တပ်မတော်အစိုးရသည် ထိုင်းသတင်းစာ ဆရာနှင့် ဆောင်းပါးရှင် ၁၅ ဦးတို့အား အစိုးရအပေါ် မထီမဲ့မြင်ပြုခြင်း၊ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆောင်းပါးများ ရေးသားခြင်း အစရှိသည့် စွပ်စွဲချက်ဖြင့် ၂၀၀၂ ခုနှစ်တွင် အမည်ပျက်စာရင်း သွင်းခဲ့သည်။ 

အဆိုပါ ၂၀၀၂ ခုနှစ်တွင် ထိုင်းနှင့်မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံသည် ထိုင်းမြောက်ပိုင်း နယ်စပ်ဒေသ ကိစ္စကြောင့် ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့သည်။ ထိုစဉ်က ရှမ်းပြည်နယ်တွင် ‘ဝ’ ညီညွတ်ရေးတပ်ဖွဲ့၏ မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၏ နောက်ကွယ်တွင် မြန်မာအစိုးရ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောဆိုခဲ့သည်

Readmore »

မြအေး သမီး ဝေနှင်းပွင့်သုန်တို့ ဘားမားကမ်းပိန်း(UK) က ရခိုင်ကို ရိုဟင်ဂျာပြည်နယ် အဖြစ် ကြေငြာချက်ထုတ်

                        လွတ်လပ်သောရိုဟင်ဂျာပြည်ထောင်စု ကြေငြာခြင်း

 အလ္လာ၏ နှုတ်တော်ထွက်စကားများအောက်ရှိ SWT မှ ကျွန်ုပ်တို့ ရိုဟင်ဂျာပြည်သူများသည် ကျွန်ုပ်တို့၏လွတ်လပ်သော အမိမြေအဖြစ် ဤနည်းလမ်းအားဖြင့် ထုတ်ဖော်ကြေငြာလိုက်သည်။ ကျွန်ုပ်တို့ ကိုင်စွဲထားသည့် အမှန်တရားများမှာ ပကတိအတိုင်း ရှင်းလင်းနေပြီးဖြစ်သဖြင့် ယောင်္ကျား၊ မိန်းမတိုင်း တူညီစွာဖန်တီးနိုင်ခွင့်၊ အဖြူ၊ အမည်းခွဲခြားခြင်းမရှိ တသားတည်းဖြစ်ရမည်ဟု အလ္လာရှင်မြတ်၏ ဆုံးမသွန်သင်မှုအောက်မှ ယုံမှားဖွယ်မရှိသော အလေ့အထနှင့် ထပ်တူညီသော ဘ၀အခွင့်အရေးများ ရရှိမည်ဖြစ်သည်။ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းတို့အတွက် Sunnah နှင့် Hadith ဟုခေါ်တွင်သော အစ္စလာမ်ဘာသာတရား၏ သွန်သင်ဆုံးမမှုကို လိုက်နာကြရမည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာပြည်သူများသည် ရခိုင်ပြည်နယ်အား ဒိစတြိတ်/ခရိုင်နှစ်ခုအဖြစ် သတ်မှတ်မည်ဖြစ်၍ စစ်တွေနှင့် မောင်တော မြို့(၂)မြို့သည် ကျွန်ုပ်တို့၏ အပိုင်ဖြစ်ကာ ဤတိုင်းပြည်အား " အစ္စလာမ်စော်ဘွားများတိုင်းပြည် " ဟု သတ်မှတ်ခေါ်တွင်ရမည်။ ကျွန်ုပ်တို့ရိုဟင်ဂျာပြည်သူများသည် အမိမြေအား အုပ်ချုပ်ခွင့်ကို အပြည့်အ၀ရယူလိုပါသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ အလုံးစုံလွှဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး အချိန်တိုအတွင်း တရားဝင်အသိအမှတ်ပြုပေးရမည်ဖြစ်သည်။ ဖြည့်စွက်ဖော်ပြချက်အနေဖြင့် မြန်မာပြည်အတွင်းတွင် ကျွန်ုပ်တို့ပြည်သူများအား လူမျိုးတုန်းသတ်ဖြတ်ခြင်းများကို ချက်ချင်းရပ်တန့်ပေးရမည်။



********************************************************************* အခုလက်တလော ရခိုင်မှာဖြစ်ပေါ်နေတဲ့ကိစ္စဟာ သာမန်လူမျိုးရေးပဋိပက္ခမဟုတ်ပါဘူး။ လွတ်လပ်သောရိုဟင်ဂျာပြည်နယ်အဖြစ် ထူထောင်ဖို့ သူတို့ဘက်က အကြံအစည်ရှိရှိ လှုပ်ရှားနေတာပါ။ မြို့တော်ကိုတောင် သူတို့ဘာသာစကားနဲ့ Syahida ( Sittwe, Burma) လို့ နာမည်ပေးထားပြီး၊ သတ်မှတ်ထားပြီး ဖြစ်သလို ရခိုင်တွေရဲ့ဇာတိမြေကိုတောင်မှ သူတို့ရဲ့ အမိမြေလို့ ကျူးကျော်စော်ကားပြီး သုံးစွဲထားပါတယ်။ ပြည်နယ်ရဲ့မှီတင်းနေထိုင်တဲ့လူမျိုးတွေအဖြစ် - ရိုဟင်ဂျာ ၆၀% ၊ ရခိုင် ၃၀% ၊ ချင်း ၁၀% လို့ ဖော်ပြထားပါတယ်။ ဧရိယာအကျယ်အ၀န်းကတော့ - ၁၆၀၄၂ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ဖွဲ့စည်းအုပ်ချုပ်ပုံကအစ ပြင်ဆင်ထားပြီးသားဆိုတာ အထက်ပါအထောက်အထားအားဖြင့် သိနိုင်ပါတယ်။ ကျနော်တို့ ပေါ့ဆနေကြရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ မြေပုံဟာ နောက်ကျောတခြမ်းပဲ့ ချိနဲ့နဲ့ မြေပုံဖြစ်သွားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကို စိန်ခေါ်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဘက်က ဘာမှတုံ့ပြန်တာ မရှိဘူးဆိုရင်တော့ အစိုးရရဲ့ကိုယ်စား ကျနော်တို့ပြည်သူလူထုက တုံ့ပြန်သွားမှာဖြစ်ပါတယ်။
 သူ့နိုင်ငံသား ၊ သံမှုန့်စားမှ ဒို့ ဓားတုံးမည် ၊ မှတ်သော်တည်လော့

(စိုး လင်းထွန်း) ရေးသား အသိပေးသည်။
_______________________________________________________________________ 

Readmore »

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ထိန်းမရအောင် ဖြစ်ပွားနေ

စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအား အကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက်မှာ  ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးဌာန နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကိုမူ မရရှိသေးပေ။

မကြာမီ သုံးလေးရက်အတွင်းက ဘင်္ဂါလီဆူပူမှုမတိုင်မီ စစ်တွေမြို့ပေါ် မိဇံရပ်ကွက်တွင် နေထိုင်ခဲ့သော ဒေါ်အသိန်း၏ သမီးနှစ်ဦးအနက် အငယ်ဖြစ်သူ အသက် ၁၉နှစ်အရွယ် ဘင်္ဂါလီအမျိုးသမီးငယ်မှာ စစ်တွေမြို့အပြင်ဘက် ဒုက္ခသည် စခန်းတစ်ခုတွင် မော်လ၀ီဆရာများ၏ အဓမ္မအနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွား သည်ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလီဒုက္ခသည်စခန်းတွင် မိသားစုနှင့်အတူနေထိုင်သူ ၄င်းမိန်းကလေးအား မော်လ၀ီဆရာများက မကြာခဏ မိဘများထံလာ၍တောင်းရမ်းခဲ့သည်ဟု ဆိုသည်။ အဆိုပါအမျိုးသမီးငယ် နှင့် ၄င်း၏မိဘများက အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာ နောက်ဆုံးတွင် အတင်းအဓမ္မ အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုသတ်သေသည့်အဖြစ်ကို ဆိုက်ရောက် သွားရခြင်းဖြစ်သည်။

ယခုဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် စစ်တွေမြို့ပေါ်မှ ပညာတတ် ဘင်္ဂါလီ မိသားစုများ၊ ရခိုင်လူမျိုးများ၏ လူမှုရေးအရ အသိအမှတ်ပြု ဆက်ဆံခြင်းခံခဲ့ရသည့် ဘင်္ဂါလီမိသားစုများကို အထူးပစ်မှတ်ထား တိုက်ခိုက် နေသည်ဟု ဆိုကြသည်။
ပြီးခဲ့သော သုံးပတ်ခန့်ကလည်း ယခင်က စစ်တွေမြို့ပေါ် မြို့သူကြီးရပ်ကွက်တွင်နေထိုင်ခဲ့သော အသက် (၂၃)ှနှစ် အရွယ် Bsc ဘွဲ့ရ ချောမောလှပသည့် ဘင်္ဂါလီအမျိုးသမီးငယ်တစ်ဦးမှာလည်း ဘင်္ဂါလီဒုက္ခသည် စခန်းအတွင်း ဘင်္ဂါလီလူမျိုးများ၏ မုဒိမ်းကျင့်ခံခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ၄င်းအမျိုးသမီးငယ်နှင့် ၄င်း၏မိသားစုအား စစ်တွေမြို့တွင်းမှ မပြောင်းရွေ့သေးပဲကျန်နေသေးသော အောင်မင်္ဂလာ (ခေါ်) အင်ဘာလာ မူဆလင်ရပ်ကွက်ရှိ လူနေအိမ်ခြေများသို့ ပြောင်းပေးလိုက်ကြောင်း အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ သိရသည်။

ဒုက္ခသည်စခန်းများတွင် အလျား ၄၅ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၈ ပေ ရှိ တဲကြီးများ၌ တဲကြီးတစ်တဲလျှင် မိသားစုဆယ်စုနေထိုင်ကြပြီး၊ အိမ်သာများမှာ တဲကြီးနှင့် မလှမ်းမကမ်းတွင် စီတန်းဆောက်ထားသည်ဖြစ်ရာ အိမ်သာသွားသော အမျိုးသမီးများမှာ မုဒိမ်းသမားများ၏ သားကောင်အဖြစ် ကျရောက်လေ့ရှိသည် ဟုဆိုသည်။

ဒီကိစ္စတွေက (ဘင်္ဂါလီ)စခန်းတွေမှာ ဖြစ်နေတာတော်တော်ကြာပြီ။ များသောအားဖြင့်တော့ ညနေပိုင်းလောက် ပေါ့။ အိမ်သာတွေကို သွားရင် အနောက်ကနေ ယောင်္ကျားတွေကလိုက်လာပြီးတော့ ဆွဲလား ၊ငင်လား၊ အဲလိုမျိုး ပေါ့ဗျာ။ ဒါကတော့ သိတဲ့အတိုင်းပဲလေ။ သူတို့မှာက အဲလိုလုပ်ရင်(ဗလက္ကာရလုပ်ရင်) အော်မပြောရဘူး၊ မတိုင်ရဘူး လို့အယူရှိကြတာပေါ့၊ ဒါက ဘယ်လိုပြောမလဲ။ ဘာသာရေးအယူကို ခုတုံးလုပ်တယ်လို့ပဲ ပြောရမယ်” ဟု စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက Coral Arakan ကိုပြောသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ် ကင်တားနား လွန်ခဲ့သော နှစ်ပတ်ခန့်က စစ်တွေသို့ရောက်ရှိနေသော အချိန်တွင်လည်း အလားတူ ကိစ္စရပ်တစ်ခု ပလ္လင်ပြင်ကျေးရွာတွင်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။  စစ်တွေမြို့ ပလ္လင်ပြင်ကျေးရွာနေ ဘင်္ဂလီအမျိုးသမီးငယ် တစ်ဦးအား ဒုက္ခသည်စခန်းမှ မော်လ၀ီဆရာများက နည်းမျိုးစုံဖြင့် သိမ်းပိုက်ရန် ကြိုးစားရာမရသဖြင့် ထိုအမျိုးသမီးငယ်၏ မိဘများ နှင့်စကားများကြရာ နောက်ဆုံးဖခင်မှ ရဲဝန်ထမ်းတစ်ဦး ၏ သေနတ်အား ဆွဲယူပစ်ခတ်ရန် လုပ်စဉ် အဆိုပါရဲ၏ ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသားအပါအ၀င် မိသားစုဝင် သုံးဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီ ဒုက္ခသည်စခန်းများအတွင်း မော်လ၀ီများသည် ‘တည်ငြိမ်အေးချမ်းရေးကော်မတီ’ ကဲ့သို့သော နာမည်မျိုးများဖြင့် တရားဝင်မကျတကျ အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းကာ စခန်းအရေးကို ဦးဆောင်ကြ လေ့ရှိသည် ဟုဆိုသည်။ ၄င်းသြဇာတိကမကြီးမားသော မော်လ၀ီများထဲမှ အချို့မော်လ၀ီများမှာ မုဒိမ်းမှုများကို ကျုးလွန်နေကြသူ၊ ‘ပန်းဦး ခူးစားနေ’ ကြသူများဖြစ်ကြသည် ဟု ဆိုသည်။ယခုမုဒိန်းမှူများအား စုံစမ်းရန် တာဝန်ဖြင့်  ယင်းစခန်းများသို့ မကြာခဏရောက်ရှိသူ ဒုရဲအုပ်တစ်ဦးက “ဒီကောင်တွေကို ကျေနပ်စေဖို့အတွက် ပျော်တော်ဆက် တွေ စီစဉ်ပေး ရတယ် လို့တောင်ကြားတယ်” ဟု ပြောကြားသည်။

Readmore »

မိုးသီးဇွန်နဲ့ အောင်နိုင် ဖမ်းမိလာတဲ့ * ကျား *

လွန်ခဲ့သော နှစ်လခန့်က အမေရိကန်မှာ တိရိစ္ဆာန်ဥယျာဉ်ထဲက ကျား တစ်ကောင် ထွက်ပြေးလွတ်မြောက်
သွားတဲ့ အတွက် ပြည်နယ် အစိုးရ အနေနဲ့ အတော်လေး ဒုက္ခ ရောက်ခဲ့ပါတယ် ။ မြို့အထွက်က တောထဲ ဝင်ပြေးသွားတဲ့ ကျား ကို သစ်တောနဲ့သားရဲတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေ ရှာမရတော့တဲ့ အဆုံး ပြည်နယ် အစိုးရက နေ CIA နဲ့ FBI ကိုပါ အကူအညီတောင်းလာပါတယ်။

CIA ကတော့ တောထဲ ဝင်ပြီး သစ်ပင်တိုင်းမှာ စပိုင်ကင်မရာတွေ ထားတယ် ။ တောရဲတိရစ္ဆာန် အတု(စက်ရုပ်) တွေ သုံးပြီး တိရိစ္ဆာန် အုပ်ထဲ ထည့်ထားတယ် ။ ကောင်းကင်ကနေ drone (မောင်းသူမဲ့ကင်းလှည့် လေယာဉ်) တွေ သုံးပြီး ရှာတယ် ။ ၁ လတိတိ ကြာသွားတယ် မတွေ့ခဲ့ပါဘူး ။

FBI ကတော့ လှောင်အိမ်ထဲကနေ ပြေးသွားတဲ့နေရာက စပြီးခြေရာခံပါတယ် ။ တွေ့သမျှ လူတွေအကုန်လုံး
စစ်တော့တာပဲ ။အနီးအနားက အပျော်တမ်း မုဆိုးတွေ အဲဒီတောထဲကို အမဲလိုက်ဖူးတဲ့ မုဆိုးတွေကိုပါ
အကုန် မဝင်မနေရ ဝင်ခိုင်းပြီး ရှာတယ် ။နောက်ဆုံး ရဲ အင်အားသူံးပြီး ပိုက်စိပ်တိုက်ရှာတယ် ။နောက်ဆုံး
တောကိုမီးရှို့လိုက်တယ် ။ ဒါလည်း မတွေ့ပါဘူး ။

ပြည်သူတွေလည်း ထိတ်လန့်နေပါပြီ ။ဒါကြောင့် ဗျူရို အနေနဲ့ နောက်ဆုံးအကြံထုတ်လိုက်ပါတယ် ။ အာမခံပြီး ဖမ်းပေးမယ့်လူကို ကြိုက်တာတောင်းဆိုပါ ရစေရမယ် ဆိုပြီး ဆုငွေထုတ်လိုက်ပါတယ် ။ဆက်သွယ်မဲ့လူတစ်ယောက်မှ တပတ်အကြာထိရောက်မလာခဲ့ဘူး ။ဒီလိုနေ့ တစ်နေ့မှ သူရဲကောင်း နှစ်ယောက် ရောက်လာပါတယ် ။သူတို့ကတော့ မြန်မာနိုင်ငံသား နှစ်ယောက်ပါ..ဘယ်သူတွေလည်းဆိုတော့
----
----
----

Readmore »

မြအေးရဲ့ “လိုင်ဇာခရီး”... KIA လူကြီးတွေအတွက်တော့ “ဗျာပါမီး”

 အခုတလော ဆဒုံးနှင့် စကားပါဘက်မှာ တိုက်ပွဲတွေဖြစ်နေကြောင်း၊ စစ်တပ်က အင်အားတိုး လာကြောင်း၊ တစ်ချို့ကလည်း စစ်တပ်က လမ်းကြောင်း ၃ ကြောင်းနဲ့ လိုင်ဇာဘက်ကို စစ်ဆင်နေကြောင်း၊ လိုင်ဇာကို ၀န်းရံထားတဲ့ နေရာ ၅ နေရာကို တိုက်ခိုက်ဖို့ဖြစ်ကြောင်း၊ လိုင်ဇာကို စစ်တပ်ကစစ်ကြောင်းတွေ ချီတက်လာပြီး တိုက်တော့မယ်... အခုပဲ လာဝိုင်းနေပြီ ကယ်ပါ...ယူပါ အသံတွေ ပွက်လောရိုက်နေ ပါရောဗျာ... ကျီးလန့်စာစားဖြစ်နေသူတွေရဲ့ ငယ်သံပါအောင် အော်တဲ့အသံမျိုးတွေ ကြားနေရလေတော့ တကယ်များလားလို့ ကျွန်တော့လို တရုတ်နယ်စပ်မှာနေတဲ့သူတောင် အတော်လေး အံ့အား သင့်ခဲ့ရတယ် ဗျာ..။

 ဒါနဲ့... ဗန်းမော်၊ ၀ိုင်းမော်နဲ့ ဆင်ဘိုဘက်က ကျွန်တော့မိတ်ဆွေတွေဆီကို အပူတပြင်းဆက် သွယ်မေးမြန်းခဲ့ ရတယ်... ဗန်းမော်ဘက်ကလူတစ်ယောက်ကတော့... “သူ့ဘာသာ လမ်းပေါ်သွားနေ တဲ့လူကို မကိုက်ရဲလို့၊ အမြီးကုပ်ပြီး သခင်ကြားအောင် အိမ်ထဲက အသံကုန်ဟောင်နေတဲ့ခွေးပိန်တွေ ခင်ဗျားမြင်ဖူးမှာပေါ့ဗျာ... ခွေးဟောင်တိုင်းလည်း ထမကြည့်ပါနဲ့ အိပ်ရေးပျက်ပါတယ်... ဟောင်လွန်း တဲ့ခွေး လူမလေးဆိုတာ ရှိလေတော့ ပြောချင်ရာပြောပါစေ... တကယ်က စစ်တပ်စခန်းချထားတဲ့နေရာ တိုင်းမှာ အုပ်ချုပ်မှုကိစ္စတွေရှိပေမပေါ့ ... ဆိုလိုတာက စခန်းက ရဲဘော်တွေဆီ ရိက္ခာပို့တယ် ဗျာ... နေမကောင်းသူရှိယင်... သင်တန်းတက်မယ့်လူရှိယင် ပြန်ခေါ်တယ်ဗျာ... လကုန်ယင် လစာ သွားပို့တယ်ဗျာ... စစ်တပ်က ဒါတွေမဖြစ်မနေလုပ်ရတယ်... ဒါကို သူတို့စခန်းတွေလာတိုက်ပါပြီ... စစ်တပ်က ချီတက်လာပါပြီလို့ ပြောတာက ကြောက်အား လန့်အားနဲ့ သွေးရူးသွေး တန်းပြောတဲ့စကား ပါပဲ... ခင်ဗျားနားလည်ထားဖို့က KIA ဆိုတဲ့ကောင်တွေ သွေးပျက်နေပြီ...” လို့ပြောပါတယ်...(အင်း...ဒီလူ KIA ကိုတော်တော်ချစ်ပုံရတယ်...) မှန်ပါတယ်... လိုင်ဇာက လူတွေ ကြောက်ဒူးတုန်နေတဲ့ သဘောပါပဲ... စစ်တပ်က တိုက်ချင်မှတော့ မနှစ်က ကတည်းတိုက်မှာပေါ့ဗျာ... မျက်ခုံမွှေးတစ်ထောက်စာအကြည့်နဲ့ကြည့် ပြီး မြင်တဲ့အမြင် ကို ပြောနေ ကြတာပါလား...

ဒါနဲ့...သေချာအောင် နောက်ထပ်တစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်... “စစ်တပ်လူကြီးတွေက ငြိမ်းချမ်းရေးကို ဦးတည်နေချိန်မှာ ဒီသတင်းမဖြစ်နိုင်ဘူး... လိုင်ဇာလိုနေ ရာတစ်ခုကို တိုက်ပြီး သိမ်းလိုက်ဖို့ဟာ နိုင်ငံတကာအဆင့် ဖွဲ့စည်းထားတဲ့ စစ်တပ်တစ်ခုအတွက် ကလေးကစားတာလောက်သာ ရှိမှာပေါ့ဗျာ... လိုင်ဇာကို ၀ိုင်းလဲမ၀ိုင်းပါဘူး... သိမ်းလဲမသိမ်းပါဘူး... ရှမ်းပြည်နယ်မှာလဲ ၀မ်ဟိုင်းဌာနချုပ်ကို လက်တစ်ကမ်းအလိုထိ ရောက်ပြီးတာတောင် မသိမ်းခဲ့ပါဘူး... ကျွန်တော်သိသလောက် မလန်းယန်ဘက်ကနေ လဲလုံဘက်ကို ရိက္ခာပို့တယ်... မံပင်ဘက်ကနေ လဂျားယန်ဘက်ကို ရိက္ခာပို့တယ်... ဂိုက်ထိပ်ဘက်ကနေ မံစီ၊ ပြီးတော့ ဗန်းမော်ပေါ့ဗျာ... အဲဒီလမ်းကြောင်းအတိုင်း သင်တန်းသားတွေ၊ တပ်ပြောင်းသူတွေ၊ နေမကောင်းသူပို့ဆောင်တာတွေ လုပ်တယ်၊ ရိက္ခာပို့တယ်... ဆဒုံးတို့ စကားပါတို့ဆိုတာ ဟိုး..အရင်ထဲက စစ်တပ်ရှိနေတဲ့ နေရာတွေပဲ... ဒါအထူးအဆန်း မဟုတ်ပါဘူး... ထူးဆန်းတာက KIA ပါ... ဆဒုံးနားမှာ မှတ်မှတ်ရရ မေလထဲ KIA လုပ်ခဲ့တာ နှစ်ခုရှိတယ်... လနပါရေတံခွန်နားက ခုနှစ်ရောင်စုံကျောက်စီတံတားကို မိုင်းခွဲဖျက်ဆီး ပစ်ခဲ့တယ်... အဲ့ဒီနားမှာပဲ ကျောင်းသွားတဲ့ကလေးတွေရဲ့ကားကို ရက်ရက်စက်စက် လက်နက်ငယ်တွေ နဲ့ နှစ်နေရာတိတိ စောင့်ပစ်တယ်... အဲ့ဒါဘာပြောမလဲ...” လို့ ဖြေတယ်ဗျာ..(သူလည်းပဲ KIA ကို အတော်စိတ်နာနေပုံပါပဲ

) မကျေနပ်လို့ KIA နဲ့နီးစပ်တဲ့ ၀ိုင်းမော်ကသူတစ်ဦးကို ထပ်မေးကြည့်ပြန်ပါတယ်...“KIA က စစ်ကြောင်းလစ်ပြီ ဆိုတာနဲ့ ထပြီးလုပ်တတ်တဲ့ အကျင့်ရှိတယ်ဗျ... ဒါကိုသိတဲ့ စစ်တပ်ကလည်း KIA ရဲ့ ရင်း(၃) ၀ထောင်နားဘက်အထိ ပုံမှန်လှုပ်ရှားမှုတွေ လုပ်နေရတာပေါ့... ဂိုက်ထိပ်၊ မဂျီဘွမ်နဲ့ ကဘာဘက်မှာ နဲနဲလေးလှုပ်တာနဲ့ ဗန်းမော်၊ မံစီဘက်က စစ်တပ်တွေချီတက်လာပါပြီလို့ အော်နေတော့ မခက်ဘူးလား... ဒါဆိုယင် စစ်တပ်ကကျောက်ရုပ်လို ရပ်နေရမှာလား... ဘာမှမလုပ်ရတော့ဘူးလား... ကျွန်တော်သိသလောက် စစ်တပ်က သွားလာနေတာတွေဟာ ပုံမှန်ပါပဲ... သူတို့အလုပ်သူတို့ လုပ်နေတာပါ... ရိက္ခာသွားပို့တယ်... လစာသွားပို့တယ်... အပြန်မှာ သင်တန်းတက်မယ့် သူတွေ နေ မကောင်းသူတွေကို ပြန်ခေါ်လာတယ်... ဒီလောက်ပါပဲ... လိုင်ဇာကို သိမ်းရလောက်အောင် လှုပ်ရှားမှုမျိုး ဘာမှမတွေ့ပါဘူး”လို့ပြောပါတယ်... ဒီကြားထဲ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ... မြအေးဆိုတဲ့လူက လိုင်ဇာကိုသွားလိုက်သေးတယ်... အသက် ၅၀ နီးပြီ ကျောင်းမပြီးသေးတဲ့ ကျောင်းသားမြအေးတို့ လိုင်ဇာကိုသွား... ဘာမသိညာမသိမြအေးက ဘုမသိဘမသိပြောတဲ့ စကားတွေ KIA လူကြီးတွေလဲ ဘာလုပ်ရမှန်းမသိဘဲ နားထောင်ခဲ့ရမယ် ထင်တယ်... သူသွားပြီးနှောက်ခဲ့လို့ လိုင်ဇာကလူတွေ ကယောင်ခြောက်ချားဖြစ်ကုန်တာထင်ပါရဲ့... လိုင်ဇာကို စစ်တပ်ကပဲ နေ့ချင်း၊ ညချင်း တိုက်တော့မယ့်ပုံ ပြောလာတာဟာ ဒီလူ့စနက်မကင်းဘူး ထင်တယ်... ၈၈ လိုလို၊ စာရေးဆရာလိုလို၊ နိုင်ငံရေးသမားလိုလိုနဲ့... ဧကန္တသူရေးတဲ့စာအုပ် ပညာ တတ်မြို့ပေါ်အသိုင်းအ၀န်းမှာ ရောင်းမစွံလို့ မျက်စိပိတ်၊ နားပိတ် Expire Date ဖြစ်နေတဲ့ လိုင်ဇာကလူကြီးတွေဆီ အရောင်းမြှင့်တင်ရေး သွားခဲ့တာထင်ပါ့ဗျာ...။

  ၈၈ မျိုးပျက်သစ်... Sorry!... မှားလို့ဗျာ... မျိုးဆက်သစ်(သစ်မသစ်တော့မသိပါ... အားလုံးကတော့ အသက်၅၀ ၀န်းကျင်နဲ့ ကျော်နေသူတွေပါပဲ...) မြအေးနဲ့ ပတ်သက်ပြီးတော့ သူ့ဇာတိ မင်္ဂလာတောင်ညွန့်  မြို့နယ်က အမျိုးသမီးတစ်ယောက်ကို မေးကြည့်တယ်... လေးစားစရာရှိ၊ မရှိသိချင်လို့ပါ “ငြိမ်းချမ်းရေးယောင်ယောင်... စာရေးဆရာ ယောင်ယောင်... နိုင်ငံရေးသမားယောင်ယောင်... ယောင်ယောင်တွေများနေ သူပါရှင်... တကယ်တော့ ကားဂိတ်မှာ စာစောင်လိုက်ရောင်းတဲ့ အဆင့်ပဲ ရှိတာပါ...ဗမာစစ်စစ်ရုပ်လည်း ဟုတ်ဟန်မတူဘူး... ရခိုင်ကိုမသွားရဲတာသာ ကြည့်လိုက်တော့... သမီးနှစ်ယောက်ရှိတယ်ရှင့်... တစ်ယောက်က အမေရိကားမှာ အဖေတူသမီးပဲ ဓါတ်ပုံကိုသာ ရှုလိုက်ပေတော့...”လို့ ပြောပါတယ်... ကိုမြအေးဟာ ကာလပေါ်လုပ်ငန်းတွေမှာ အင်မတန်ထူးချွန်သူလို့ သိရပါတယ်... ကားပွဲစား အိမ်ပွဲစား တွေထက်... အခုကာလမှာ လုပ်ငန်းကိုင်ငန်းကောင်းတဲ့ ငြိမ်းချမ်းရေးပွဲစားလိုင်းကို ကူးနေတယ်ဆိုပဲ..

 ပေါ်ပင် လုပ်ငန်းပေါ့ဗျာ.... ဒါက အရင်းမစိုက် လှေထိုးလိုက်ဆိုသလို ပေါက်သွားယင် အတော်လေးပွနိုင်တယ်... အဲဒီအတွက် သူရဲ့ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒေါက်တာဘွဲ့ လို ရှေ့က တင်ပြီး လူအထင်ကြီးအောင်လည်း လုပ်သေးရဲ့... ဒါဟာ ဇာတ်နာအောင်လုပ်နည်းတစ်မျိုးလို့ပဲ မှတ်လိုက် ကြပါ... သူခိုး၊ ဂျပိုး၊ ကြာကူလီ၊ အလစ်သုတ် သမားတွေသာ ထောင်ထဲဝင်တာမို့ ထောင်ထွက်ဆိုတာ ဂုဏ်ယူစရာလားဗျာ၊ KIA နဲ့ မြအေး၊ အပေးအယူမျှပြီး လုပ်ဇာတ်ထွင် ဘယ်ခွင်သို့ ဖန်လာလေ မလဲ... စောင့်ကြည့်လိုက်ပါဦးမယ်... လောလောဆယ်တော့ မြအေးရဲ့ လိုင်ဇာခရီးကြောင့် သော ကဗျာပါဒ မီးတွေ တောက်လောင်နေပေရော့... KIA လူကြီးများတို့ရေ...

 တရုတ်ပြည်နယ်စပ်မှ စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦး
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ