Dec 16, 2012

မော်လမြိုင်မြို့ NLD ရုံးအနားတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ပါတီရုံးမှလူများ ထွက်မကူညီပဲ တံခါးပိတ်သွားခဲ့

မော်လမြိုင်မြို့သည် ညနေပိုင်းချိန် ကမ်းနားလမ်း၌လေညှင်းခံလမ်းလျှောက်ထွက်သူများ လူ
ငယ်များအုပ်စုဖွဲ့၍ဂစ်တာတီးသူများနှင့် အခြားကျန်းမာရေးအရလမ်းလျှောက်သူများဖြင့်စည်ကားလှပါ
သည်။ထို့အတူအရက်သေစာသောက်စားထားသောလူငယ်များအဖို့လည်းဆိုင်ကယ်အပျော်တမ်းစီးသည့်
လမ်းမသဖွယ်ဖြစ်နေသည်မှာ ကမ်းနားလမ်းပင်ဖြစ်နေပါသည်။


ယမန့်နေ့ည ၅-၁၂-၂၀၁၂ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်း ရာမညဇက်ကူးတံတား နှင့် NLD ပါတီရုံးအကြားတွင် ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟုသိရပါတယ်။
အခင်းဖြစ်ပွားချိန် ဆိုင်ကယ်စီးသူတစ်ဦးမှာအရေးပေါ်အခြေအနေဖြင့် ဆေးရုံသို့ပို့ဆောင်ရန်လိုအပ်ခဲ့ပေ
မဲ့လည်း NLD ပါတီရုံးမှပါတီဝင်များမှာ ကူညီဖေးမမှုမရှိပဲ ရုံးတံခါးကိုပင်ချက်ချင်းလာပိတ်သွားသည်ဟု
မျက်မြင်သက်သေတစ်ဦးမှပြောပြသွားခဲ့ပါတယ်။


အခြားလမ်းသွားလမ်းလာများ၏ကူညီဖေးမမှုကြောင့်ဒဏ်ရာရသူကိုဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူတစ်ဦး၏ပြောပြချက်အရ " ငါတို့နှင့်က အတော်လေးဝေးတယ် လမ်းဘေးမှာ အသံကြားလို့ကြည့်တာဘာဖြစ်မှန်းမသိရဘူး၊တခြားဆိုင်ကယ်တွေလည်းသိပ်မရှိတော့ဘူးနောက်မှငါတို့သွားကြည့်တာဆိုင်ကယ်သမားတစ်ယောက်ကတွဲပြီးဆေးရုံပို့ဖို့လုပ်နေတာ၊ ရှေ့မှာNLD ပါတီရုံးရှိတယ်လူတွေလည်းရှိတယ်လာမကူဘူးတံခါးပိတ်ပြီးကြည့်နေကြတယ်၊လူစိတ်မရှိကြဘူးကွ"ဟု ကမ်းနားလမ်းတွင်လမ်းလျှောက်ထွက်လာသူ ဦးလေးတစ်ယောက်မှပြောပြသွားခဲ့တာပါ။ 
From:[_ ရာဟု_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

kaunglaynaung said...

အကိုတို့ရေ..အကိုတို့ရဲ့ ဆိုဒ်လေးကိုဖုန်းက ကြည့်ချင်တဲ့သူတွေအတွက် apk လေးတင်ပေးလိုက်ပါတယ်..Android ဖုန်းတွေအတွက်ပါခင်ဗျာ
ကျေးဇူးတင်ပါတယ်

https://www.dropbox.com/s/xlod80glp07xwre/mgkyaukkhae.apk

bluesky05 said...

NLDကတော့ မျက်ကွယ်ပြုရုံ ပါဘဲ။ တခြားပါတီတွေလိုမျိုးတော့
အုပ်စုဖွဲ့ပြီး လူသတ်မှု့တော့ မကျူးလွန်ဘူးပေါ့ဗျာ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ