Dec 20, 2012

ကျိုက်ထီးရိုး တောင်ခြေ ကင်ပွန်းစခန်းမှ သိန်း(၁)ထောင် ကိစ္စ အမှန်

 ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းတွင် ကားအစီး ၂၀၀ အတွက် ကျပ်သိန်းပေါင်းတစ်ထောင် ပေးေ ဆာင် ရန် ကင်ပွန်းစခန်း တောင်တက်ကားအသင်းအား တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ အဖွဲ့သားလေးယောက်ကိစ္စနှင့် ပတ်သက်၍ နောင်ယခုလိုအဖြစ်အပျက်မျိုး မဖြစ်စေရန် ယင်း အဖွဲ့မှ အဖွဲ့မှူး(၂)နှင့် ဆက်ဆံရေးအဖွဲ့များက ဒေသအာဏာပိုင်များနှင့် ကားအသင်းကို ပြောဆို ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

 "မနေ့ညနေ ၅ နာရီလောက်က လက်နက်ကိုင်ကရင်တပ်ဖွဲ့က တပ်သားငါးယောက်လောက်က ကားတစ် စီးကို ကျပ်ငါးသိန်းနဲ့ ကားအစီး ၂၀၀ အတွက် သိန်းတစ်ထောင်ပေးရမယ်လို့ ပြောတယ်။ သူတို့တွေ အားလုံး က အရက်သောက်ထားကြတယ်။ အပြင်မှာ အသံထွက်နေသလို ပစ်ခတ်တာမျိုးတော့ မရှိပါဘူး။ သူတို့ အဖွဲ့ရဲ့ လူကြီးအားလုံးက ရနောင်းမှာ အစည်းအဝေးလုပ်နေလို့ အကြီးဆုံးအဖွဲ့မှူး(၂)နဲ့ ဆက်ဆံရေး အဖွဲ့ေ တွက နောင်ဒီလိုမဖြစ်စေရဘူးလို့ ကတိပေးပြီး သူ့လူတွေ ခေါ်သွားတယ်။ ညကတည်းက အေးအေးေ ဆးဆေးနဲ့ ပြီးသွားတာပါ"ဟု ကင်ပွန်းစခန်း တောင်တက်ကားအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ကျိုက်ထိုရဲစခန်းက ထိုသတင်းနှင့်ပတ်သက်ပြီး မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ရဲနှင့်စစ်တပ်များ လုံခြုံရေး ယူထားသည်ဟုဆိုသည်။ ယင်းအဖြစ်အပျက်သည် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် ဖိအားပေးတောင်းဆိုခဲ့သည့်အဖွဲ့မှ အကြီးအကဲများ လာရောက်ဖြေရှင်းကာ ပြေလည် သွားကြောင်း သိ ရသည်။
From:[_ စည်သူ_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

nanda said...

မြန်မာနိုင်ငံအတွင်းမှာ နေရတာ လုံခြုံမှု့မရှိတော့သလို ခံစား ရတယ်

ဗိုလ် တေ ဇ said...

ဒီ လို အ ပါ ပဲ အ ဖွဲ့ အစည်း တိုင်း မှာ စုန်း ပြူး တွေ ရှိ တတ် ပါ တယ့့် လက် နက် ကိုင် တပ် ဖွဲ့ တိုင်း မှာ ပါ ပဲ့ ငြိမ်း ချမ်း စွာ ဖြေ ရှင်း ပေး တာ ဝန် ယူ ပေး တဲ့ စိတ် ကို လေး စား ပါ တယ့့်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ