Dec 18, 2012

အမေရိကန်သံအမတ် ကချင်ပြည်နယ်သို့ရောက်ရှိသည်နှင့် ကေအိုင်အေမှ ကာမိုင်းရဲစခန်းအား လက်နက်ကြီးကျည် ၄၀ နဲ့ပစ်ပြီး ဝင်ရောက်စီးနင်းခဲ့

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်တဲ့ ၈ ဦးပါအဖွဲ့သည် ကချင်ပြည်နယ်သို့ ယနေ့ (၈/ဒီဇင်ဘာ/၂၀၁၂ ) တွင် ရောက်ရှိလာပြီး ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ပွဲ ကိစ္စ နဲ့ ဒုက္ခသည် ကိစ္စတွေကို တွေ့ဆုံမေးမြန်းနေပါသည်။တစ်ချိန်တည်းမှာပဲ
ရဲတပ်ဖွဲ့ဝင်အင်အား ၁၈ ဦးသာရှိသည့် ကာမိုင်းရဲစခန်းကို KIA အင်အား ၇၀ခန့်က နံနက်၎နာရီ ၂၅ မိနစ်တွင် KIA က လက်နက်ကြီးများဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ကာ
ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တိုက်ကို ဖျက်ဆီးကာလက်နက်များယူဆောင်သွားကြပါသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် စိုးမင်းသူ ကျဆုံးခဲ့ပြီးဒေါ်မေမွှေးမွန်(ဒုရဲအုပ်အောင်ထွန်းဦး၏ မိခင်) ၊မတင်မေအောင်(ဒုရဲအုပ်အောင်ထွန်းဦး၏ ညီမ)တို့ သေနတ်မှန်ကာသေဆုံးခဲ့ပြီးရဲတပ်ကြပ် ထွန်းအေးမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ (စိုးရိမ်းရ)ရရှိသူနှင့်ဒုရဲအုပ်အောင်ထွန်းဦး၏ ဇနီး မှာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ(စိုးရိမ်ရ)သူတို့ကို ကာမိုင်းဆေးရုံတွင် ပို့ဆောင်ထားကြောင်းကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှစုံစမ်းသိရှိရသည်။
ကာမိုင်းအထွက်အင်းတော်ချောင်းတံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားလေးများသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

7 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

Please Kill all KIA..They are real terrorists..

Anonymous said...

ကာမိုင်းမှာစစ်တပ်မရှိဘူးလား

ဗိုလ် တေ ဇ said...

ဒီ လောက် တောင် ချို ကြွ တဲ့ ကောင် တွေ မြေ လှန် မ မြစ် ဖြုတ် ပြစ် ပါ တော့ ဗျာ့ ငြိမ်း ချမ်း ရေး နဲ့ မ ထိုက် တန် တဲ့ ကောင် တွေ့

Anonymous said...

စစ်တပ်ကဘယ်ရောက်နေလဲ

Unknown said...

နိုင်ငံတော်အာဏာစစ်တပ်ကိုပြန်အပ်ရမလိုဖြစ်နေပြီဒါမှမြန်မြန်အမြစ်ပြတ်မယ့်ကောင် တွေ

Unknown said...

yes

Unknown said...

ကချင်လူမျိုးဟာတိုင်းရင်းသားပါ
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ရယူခဲ့
တဲ့လွတ်လပ်ရေးဟာအားလုံးအတွက်ပါ
အသားထဲကလောက်တွေအတွက်မဟုတ်ပါဘူး
ဘာလူမျိုးဖြစ်ဖြစ်ဥပဒေကိုလေးစားရပါမယ်
ဘယ်နေရာမှမင်းမဲ့စရိုတ် တွေမရှိသင့်ပါဘူး
ကချင်လူမျိုးအားလုံးကိုလေးစားပါတယ်
ဒါဟာလူမျိုးစစ်ပွဲမဟုတ်ပါဘူး
ရန်သူဖြစ်သွားတဲ့မျက်ကမ်းkiaကိုဆုံးမရမဲ့
တပ်မတော်ရဲ့တာဝန်ပါ။ပြည်သူဝင်ပါလို့ မရပေမယ့် 
နောက်ကနေ တရားသောစစ်ဖြစ်မယ်ဆိုရင်အစဉ်
အားပေးနေကြပါတယ်။နောက်ထပ်တပ်မတော်ညီအကို
တွေအသေမခံနှိုင်ပါ။မတိုက်ရဘူးဆိုရင်လဲ ဆုတ်ခဲ့ပါတော့။
ပြည်သူ့ အသံ)

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ