Dec 21, 2012

ကေအိုင်အေမှ ရထားတစ်စီးအားဗုံးခွဲ ၊ ပြည်ထောင်စုရန်သူအဖြစ်သတ်မှတ်ရန်လွတ်တော်တွင် အဆိုတင်သွင်းရန်ရှိ

ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးမှ မြစ်ကြီးနားသို့ခုတ်မောင်းလာသော ကုန်တင်ရထားအမှတ် ၉၃၇ သည် နမ်းမားဘူတာအလွန်မိုင်တိုင်အမှတ် ၆၄၃/၂၂ နှင့် ၂၃ ကြားတွင် KIA
အကြမ်းဖက်သောင်းကျန်းသူများမှ အဝေးထိန်းမိုင်းဖြင့် အချိန်ကိုက်ဖောက်ခွဲခဲ့သဖြင့် ရထားတွဲ ၁၀ တွဲ အနက် ၅ တွဲ လမ်းချော်တိမ်းမှောက်ခဲ့ပြီးရထားမောင်းသူ ၀န်ထမ်း ၃ ဦး ဒါဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။ 

KIAအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပွင့်လင်း ကာလတွင်အဖျက်အမှောင့်လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်စီမံချက်များကိုလက်တွေ့အကောင်အထည်ဖော်လျက်ရှိရာ အပြစ်မဲ့ပြည်သူများနှင့်
ဒေသခံတိုင်းရင်းသားများအတွက်သာ အနှောက်အယှက်ထိခိုက်မှုပိုမိုများပြားလာသဖြင့် KIA များကိုနာကျည်းမုန်းတီးလာလျက် ရှိကြောင်း၊ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် အချိန်ကိုက်လုပ်ဆောင်မှုသည်
ရှမ်းအမျိုးသားများအပေါ် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်လိုခြင်းဖြစ်ကြောင်း၊ထိုကိစ္စအတွက် လာမည့်လွှတ်တော်တွင် KIA ကို ပြည်ထောင်စု ရန်သူအဖြစ်အဆိုတင်သွင်းနိုင်ရေး ကချင်ပြည်နယ်မှ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များက ပြင်ဆင်လျက်ရှိကြောင်း ဒေသခံ ရှမ်းလူမျိုး ရပ်မိရပ်ဖတစ်ဦးက
ပြောကြားခဲ့သည်။











(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

minoo said...

ခွေးမသားကေအိုင်အိုတွေ၊ မင်းတို့မျိုးပြုတ်တော့မှာပါ။

Anonymous said...

တင်သင့်တာကြာပါပြီဗျာ်

မောင်မှန် said...

ဦးရွှေမန်းနဲ့ဦးခင်အောင်မြင့်အားဤကိစ္စအတွက်အပြည့်အဝထောက်ခံပါသည်။ပြည်ထောင်စုပြိုကွဲအောင်လုပ်မည့်သူ...ဘုံရန်သူ။

မောင်မှန် said...

စစ်ပစ္စည်းတွေတင်လာလို့မိုင်းခွဲတာပါဆိုတဲ့KIA/KIOရဲ့ဆင်ဝှေ့ရန်ရှောင်စကားကိုလက်မခံနိုင်ပါဘူး။အစိုးရအနေနဲ့စစ်ပစ္စည်းပို့ချင်ရင်KIAမိုင်းထောင်တတ်မှန်းသိတဲ့(လမ်းကြောင်းတစ်ခုလုံးကိုလည်းလုံခြုံရေးအပြည့်အဝမချပေးနိုင်သေးတဲ့)ဒီရထားလမ်းကြောင်းကိုသုံးမည်မဟုတ်ပါ။လုံခြုံရေးစိတ်ချရတဲ့လေကြောင်း/ရေကြောင်းကနေအေးအေးဆေးဆေးပို့နိုင်ပါတယ်။ကုန်ရထားဆိုအစိုးရကုန်ပစ္စည်းအပြင်ပြည်သူလူထုရဲ့ဒေသထွက်ကုန်တွေ/ဆေးဝါးနဲ့ဒေသခံပြည်သူလူထုအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းမျိုးစုံတင်ဆောင်လေ့ရှိပါတယ်။ဒါ့အပြင်အထူး/အမြန်ရထားတွေကိုမစီးနိုင်တဲ့အောက်ခြေပြည်သူတွေကလည်းခိုကပ်ပြီးစီးနင်းတတ်ကြပါတယ်။ဒါကိုဒေသခံဖြစ်တဲ့KIAအနေနဲ့ပိုသိမှာပါ။ဒီတော့ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်တော့မဖြစ်နိုင်ပါဘူး။ကြွက်မနိုင်...ကျီမီးနဲ့ရှိုဆိုသလိုပြည်သူလူထုကအစိုးရကိုအကြည်ညိုပျက်အောင်,အထိတ်တလန့်ဖြစ်အောင်ရည်စူး၍လုပ်ဆောင်ချက်သာဖြစ်နိုင်ပါကြောင်းသုံးသပ်တင်ပြမိပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ