Dec 19, 2012

ဧရာဝတီမြစ်ကူးတံတား(ပခုက္ကူ) သည် တည်ဆောက်ပြီး ၁ နှစ်သာရှိသော်လည်း ကတ္တရာလမ်းအချို့ ပျက်စီးလျှက်ရှိ

လွန်ခဲ့သည့် တစ်နှစ်နီးပါးက ဖွင့်လှစ်ခဲ့သော ဧရာဝတီမြစ်ကူးတံတား(ပခုက္ကူ) ပေါ်ရှိ ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးလျှက်ရှိသဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိပါသည်။


`` အခု ပျက်ဆီးမှု ဖြစ်နေတာ က တံတားပေါ်မှာရှိတဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကိုတံတားတာဝန်ရှိသူတွေက လုပ်နေကြတယ်။ တစ်နှစ်မပြည့်ခင်မှာ ဒီလိုပျက်ဆီးမှုတွေ ဖြစ်နေတဲ့အတွက်အခြားနေရာတွေကိုလည်းပြန်ပြီး စစ်သင့်တယ်။ ”” ဟု ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ကူးတံတား(ပခုက္ကူ)အား၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး
၁ နှစ် မပြည့်မီ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်း၌ ပျက်ဆီးမှုများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်းသိရသည် ။ အဆိုပါ တံတားသည် မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုဆက်သွယ်ပေးထားခြင်းဖြစ်ပြီး မြန်မာပြည်ဧ။် အရှည်ဆုံးတံတားဖြစ်ကာ တံတား တည်ဆောက်ချိန်၂ နှစ် ခန့် ကြာမြင့်ခဲ့ကြောင်းသိရသည်။

From:[_ myanmar age_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ