Dec 18, 2012

ကျွန်မကနှင်းဆီပါ မောင်’ ဇာတ်ကားတွင် သက်မွန်မြင့် ငြင်းဆန်သည့် ဇာတ်ဝင်ခန်းသည် ဒါရိုက်တာမှ ဖြည့်စွက်တဲ့ အခန်းသာဖြစ်ကြောင်း စာရေးဆရာမ ပုညခင် ပြောပြီ


ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် မှာ သက်မွန်မြင့် ကနမ်းရမယ့် ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ဝင်ခန်း ကိုငြင်းဆန်မှု နဲ့ ပတ်သက်ပြီး “ကျွန်မက နှင်းဆီပါမောင်” ဝတ္ထုရေးသူ စာရေးဆရာမ ပုညခင် ကို ပရိသတ်တွေက ဝတ္ထုထဲက အကြာင်း ကို မေးမြန်း ခဲ့ကြကြောင်း သိရပါတယ်။

ပရိသတ်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားတဲ့ အနေနဲ့ စာရေးဆရာမ ပုညခင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အခုလို “ကျွန်မကနှင်းဆီပါမောင်” နဲ့ ပတ်သက်ပြီး ကျွန်မဘက်က ပြောစရာလေး ရှိလာပါတယ်။ အခုတလော ဂျာနယ်စာမျက်နှာထက်မှာ ဒီဇာတ် ကားရိုက်ဖို့ သက်မွန်မြင့် က ငြင်းဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ပရိသတ် များက မေးမြန်းလာတဲ့ အတွက် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္ထုက ကျွန်မရဲ့ အုပ်၁ဝဝပြည့် ဝတ္ထုပါ။ ၁၅. ၆.၂ဝ၁၁ နေ့က ရေးသား ပြီးစီးခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။


သက်မွန်မြင့်က ကျွန်မဝတ္ထုကို ဖတ်ပြီးသားပါ။ သူငြင်းတာက ကျွန်မဝတ္ထု ထဲက အခန်းတွေ ကိုမဟုတ်ပါဘူး။ ဒါရိုက် တာဖြည့်စွက် ထားတဲ့ အခန်းတွေ ကို ငြင်းတာပါ။ ဖြည့်စွက်ထားတဲ့ အခန်းတွေကို ကျွန် မသိရချိန်မှာ ဒီအခန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့ အခန်းတွေ လို့ ယူဆတဲ့ အတွက် ပြန် ဖြုတ်ပေးဖို့ ဒါရိုက်တာကို တောင်းဆို ခဲ့ပေမယ့် ဒါရိုက်တာက လက်မခံခဲ့ ပါဘူး။ အတိအကျ သိချင်လို့ ဒါရိုက်တာ ဆီက ဇာတ်ညွှန်းတောင်းပြီး ဖတ်ပါတယ်။ ဒါရိုက်တာကသူ Sexy ဖြစ်အောင် ရိုက်မှာမဟုတ်ဘူး လို့ ဆိုခဲ့ပေမယ့် ကျွန်မ သေသေချာချာ အထပ်ထပ် ဖတ်ပြီးတဲ့ အချိန်မှာ တချို့ အခန်း တွေဟာ ဘယ်လိုပဲ ရိုက်ရိုက် ဒီအဓိပ္ပာယ် ပဲ သက်ရောက်နိုင်တယ် လို့ မြင်လာပါတယ်။
ကျွန်မဖန်တီးခဲ့တဲ့ ထားသခင်ဟာ ဒီလိုစရိုက်မျိုး မဟုတ်ပါဘူး။ ဒီလိုအခန်းတွေ ထည့် လိုက်တဲ့ အတွက် ထားသခင်ရဲ့ စရိုက်ကို ပြောင်းလဲ သွားစေနိုင်ပါတယ်။ ကျွန်မ ဒါမျိုး ရေးတတ် တဲ့စာရေး ဆရာမ မဟုတ်ဘူး ဆိုတာ ကျွန် မရဲ့ ပရိသတ် တွေ အသိဆုံးပါ။ ကျွန်မ ဝတ္ထုရေးတဲ့ အခါ ကျွန်မ မိဘ၊ မောင်၊ ညီမကိုပေး မဖတ်ရဲတဲ့ ဝတ္ထုမျိုး မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ ရေးပါတယ်။ ဒါရိုက်တာ မှာလည်းသူ့ ပညာနဲ့သူ ရှိ ပါလိမ့်မယ်။ ဒါရိုက်တာရဲ့ အပိုင်းကိုတော့ ကျွန်မ ဘာမှမဝေဖန်လိုပါဘူး ။သူဘယ်လို ရိုက်မယ် ဆိုတာ အတိအကျ ကြိုမသိနိုင်တဲ့ အတွက် ဘာကိုမှ ကြိုပြီး မဝေဖန် ချင်ပါဘူး။ ကျွန်မနဲ့ ပတ်သက်တာကိုပဲ ကျွန်မပြောတာပါ။ ကျွန်မ ဝတ္ထုနဲ့ အကယ်ဒမီ ရခဲ့တဲ့ မင်းသမီးလေး ဒီဇာတ်ကားကို ရိုက်ခွင့် မကြုံတော့တဲ့ အတွက်တော့ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒါရိုက်တာ ဖြုတ်မပေးနိုင်တာလည်း သူ့ခံယူချက် နဲ့သူ ၊မင်းသမီးက ငြင်းတာ လည်း သူ့ခံယူချက်နဲ့သူ။ ကျွန်မ လက်မခံနိုင်တာ ဟာလည်း ကျွန်မခံယူချက် နဲ့ကျွန်မ။ ဘယ်သူမဆို လွတ်လပ်စွာကွဲလွဲနိုင် တာပဲမဟုတ်ပါလား ရှင်” လို့ပြောပါတယ်။ .

From:[_ ပေါ်ပြုလာဂျာနယ်_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

21 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သက်မွန်မြင့်နဲ့ စာရေးဆရာမ ပုညခင်ကိုထောက်ခံပါတယ်
ဒါ၇ိုက်တာဝိုင်းက၇ုပ်၇ှင်ထဲထည့်၇ိုက်ချင်တဲ့ အနမ်းခန်းကို မြန်မာ့ယဉ်ကျေးမှုအ၇မသင့်တော်လို့ မ၇ိုက်နိုင်ဘူးလို့ငြင်းလိုက်တဲ့အတွက် သက်မွန်မြင့်ကိုလေးစားပါတယ်
မှန်ကန်တဲ့သဘောထားကိုပြတ်ပြတ်သားသားပြောပြတဲ့ စာရေးဆရာမ ပုညခင်ကိုလဲလေးစားပါတယ်

၇ုပ်၇ှင်ဂီတအနုပညာအသိုင်းအဝိုင်းက မမတို့ သက်မွန်မြင့်ကိုအတုယူကြပါ
အဲဒီလိုမဟုတ်ပဲအနမ်းခန်းကို၇ိုက်မိ၇င် ဘယ်လောက်အထိ ဝေဖန်၇ှုတ်ချခံ၇မလဲဆိုတာကို ဒီမှာ နမူနာကြည့်ထားကြပါ http://goo.gl/hXXwY

မြန်မာဗုဒ္ဓဘာသာအမျိုးကောင်းသားသမီးတွေ၇ဲ့ အနမ်းအပေါ်အမြင်
http://goo.gl/hXXwY

Anonymous said...

သက်မွန်ုမြင့်ဆုံးဖြတ်တာမှန်ပါတယ်.အရမ်းလေးစားတယ်သက်မွန်

Anonymous said...

ဝိုင်း ဆိုတဲ့ င ကြောင်က မြှောက်ပေးတဲ့ ဆုလေးတစ်ခု(တန်ဖိုးမရှိပါဘူး) ရတာနဲ့ ဘ၀င်လေဟတ်ပြီး လမ်းကြောင်းခွဲထွက်တဲ့ ပုံစံနဲ့လုပ်ချင်နေတာ။ နာမည်ကြီးအောင်လို့လေ။ သူ့အမေ၊ သူ့နှမသာဆိုရင် အဲဒီအခန်း ရိုက်ဖြစ်အောင်ရိုက်မှာလားလို့ မေးချင်ပါတယ်။ ပြောင်းလဲမှုကိုလိုချင်တယ်ဆိုရင် ကိုယ့်ဖာသာကိုယ် ပုဆိုးမ၀တ် ဘောင်းဘီ မ၀တ်ဘဲ ရိုက်။ သူများသားသမီးကို နှမချင်းမစာနာမလုပ်ပါနဲ့။

Anonymous said...

သက်မွန်နဲ့ ပုညခင်ကို ထောက်ခံပါတယ်

Anonymous said...

မြန်မာဗုဒ္ဓဘာသာအမျိုးကောင်းသားသမီးတွေ၇ဲ့ အနမ်းအပေါ်အမြင်

http://goo.gl/hXXwY

Anonymous said...

မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်နည်းနဲ့မှလက်ခံလို့မဖြစ်တဲ့ အနမ်းဇာတ်ဝင်ခန်းလိုဟာမျိုးတွေကို လုံးဝ အစ မလုပ်သင့်ပါ..
လူငယ်တွေအတွက်တော့ ရင်လေးပါတယ်..

Anonymous said...

စောက်ရူးဒါရိုက်တာ...ငဝိုင်း
ဒါရိုက်တာမလုပ်နဲ့...ဂေါင်းလုပ်စားကွာ...

Anonymous said...

ဒီတစ်ချက်တည်းနဲ့သက်မွန်မြင့်ရေ လေးစားပါတယ်

ဖိုးသိန်းမျောက် မောင်ဝိုင်း ...
မင့်က စောက်ကြီးစောက်ကျယ်နဲ့
မြန်မာ့ရုပ်ရှင် အဆင့်မမြင့်တာ ဆင်ဆာကြောင့်လေးဘာလေးနဲ့
လွတ်လပ်ခွင့်ပေးပြန်တော့လဲ မင့်အမေလင်တွေဆီက ကောင်းကွက်ကို တစ်ခုမှ အတုမခိုးဘူး
မင့်အမေလင်တွေကိုမီအောင် မင့်အခြားဟာတွေ အတုခိုးစရာတစ်ပုံကြီး
မင့်ကခုတော့ကြာကူလီစောက်ကျင့်ကို မီအောင်ကျ လုပ်ချင်နေတယ် မင့်ကြည့်လိုက်ရင် စောက်ကြီးစောက်ကျယ်တွေပြောပြီးစောက်ချိုးကမပြေဘူး စောက်သုံးနည်းနည်းလေးမှမကျဘူး

အဲသလို နမ်းတဲ့အခန်းကိုရိုက်ချင်ရင် မင့်ညီမ မင့်အစ်မ မင့်အဒေါ်တွေနဲ့ရိုက်ကွ
ကြားလား သတောင်းစား မောင်ဝိုင်း

Anonymous said...

ဒါရိုက်တာ ၀ိုင်း က ၀တ္ထုတစ်ပုဒ်ရဲ့ အသွားအလာ ဇာတ်ကောင်စရိုက်တွေကို အာရုံမပြုပဲ...... လွတ်လပ်မှုတွေ ဒီမိုကရေစီတွေ ဒီလို ရနေပြီလို့ ပြချင်နေတယ် .......... မြန်မာ့ယဉ်ကျေးမှု မြန်မာ့အနုပညာကို တိုင်းတစ်ပါးယဉ်ကျေးမှု တစ်ခုနဲ့ အစားထိုးလိုက်ချင်တယ်..။ ဒါကို တိုးတက်လာပြီလို့ ဒါရိုက်တာ ၀ိုင်းက ခံယူထားပုံရတယ်။

အနုပညာ ပြယုတ်တစ်ခုကို............... ဘယ်လို အသက်သွင်းရမယ် ဆိုတာကို သေချာ နားလည်တတ်ကျွန်းမှု မပြည့်စုံသေးပဲနဲ့ ...... ကိုယ်ထင်ရင် ကုတင်ေ၇ွှနန်း ဖြစ်လို့နေနေ ပုံစံမျိုးနဲ့တော့.........မြန်မာရုပ်ရှင်ကို အစားမထိုးစေချင်ပါ.............။

မင်းသမီး သက်မွန်မြင့်ရဲ့ ဆုံးဖြတ်ချက် အရမ်းမှန်တယ်........။ စာရေးဆရာမ ပုညခင် ရဲ့ရပ်တည်ချက် .........လေးစားစရာ ကောင်းတယ်............။

မှားနေတာက ၀တ္ထုထဲက ထားသခင် ရဲ့ စရိုက်နဲ့ ဒါရိုတ်တာ ၀ိုင်း ဖန်တီးလိုက်တဲ့.......... ဇာတ်ကောင်စရိုက်ဟာ လုံးဝ ကွဲပြားနေတယ် ဆိုတာတော့.......... ဒါရိုက်တာ ၀ိုင်း သိသင့်ပါတယ်.............။

အတွေးတွေဟာ အစွန်းမရောက်သင့်ပါဘူး..............။ မျှတစွာ တွေးခေါ်မှုနဲ့...... နည်းလမ်းကျစွာ ဖန်တီးရယူမှု.......... အတတ်ပညာရှုင်ဖြစ်ဖို့သာ အဓိကပါ............။

မြန်မာ့ယဉ်ကျေးမှု မြန်မာ့ရုပ်ရှင်တွေကို တိုင်းတစ်ပါးတို့ရဲ့ ယဉ်ကျေးမှု ပြကွက်တွေနဲ့တော့ ဘယ်တော့မှ အစားမထိုးလိုက်ပါနဲ့.....................။

Anonymous said...

မိုက်ရိုင်းလိုက်တဲ့ ငဝိုင်း

ငဝိုင်းက ဒါရိုက်တာမလုပ်ခင်က မင်းသားမှမဟုတ်တာ
ကြာကူလီခန်းပဲရိုက်တာ ကြာကူလီက ကြာကူလီလိုပဲ စဉ်းစားမှာပေါ့

bluesky said...

သက်မွန်မြင့် မင်းဆုံးဖြတ်တာမှန်တယ်။ထောက်ခံတယ်။ဖြည့်စွက်ချင်
တယ်ဆိုရင် ငဝိုင်းအမေနဲ့ ညီမကိုအစားထိုးပြီးရိုက်လို့ရတာဘဲလေ။

Anonymous said...

ငဝိုင်း
မ ပြော လိုက် ချင် ဘူး
တောက်........

Unknown said...

မင်းသမီးများသကငမီန်မြင့်ကီုအတုယူကြပါ.....ဒီလီုကားမျီုးနောက်တခါထီက်လာရင်စောက်ရှက်ဗြန်းဗြန်းခီဲပစ်မယ်.....(ရိုက်ခြင်နေတဲ့မင်းသမီးတွေကိုပြောတာ)မြန်မာဗီဒီယိုကိုခေခွဇက်မခင်းပါနဲ့..............


Unknown said...

မင်းသမီးများ.... သက်မွန်မြင့်ကို အတုယူကြပါ.... ဒီလိုကားမျိုးရိုက်ရင် မင်းသမီးများ စောက်ရှက် ဗြမ်းဗြမ်း ခွဲပစ်မယ်... မြန်မာ ဗီဒီယို ခွေးဇာတ်ခင်းဖို့ မကြိုးစားပါနဲ့.... (လေးစားပါ မသက်မွန်မြင့်ရေ.....) ခွေးသူတောင်းစား ဒါရိုက်တာ င၀ိုင်း မင်းကွာ........

black boy said...

ငဝိုင်းနှာဘူး

Anonymous said...

သက်မွန်မြင့်နဲ့ဆရာမပုညခင်တို့ကို မြန်မာ့ယဉ်ကျေးမှုကို လေးစားတဲ့အတွက် မြန်မာတစ်ပြည်လုံးကလေးစားနေမှာပါ


စောက်ငဝိုင်း ငကြောင် ဒီမိုအတွေးတွေဝင်ပြီး ဘဝင်လေဟပ်နေတာ မင်းမြန်မာစစ်တယ်ဆိုရင် မြန်မာ့ ယဉ်ကျေးမှုကို မဖျက်သင့်ဘူး ကျေးဇူးနားလည်သင့်တယ်

Anonymous said...

မော်ဒယ်သရုပ်ဆောင်များဒီမိုကရေစီရပါပြီဆိုပြီး ယဉ်ကျေးမှုကိုသွေဖီပြီး ဒါရိုက်တာခိုင်းတာလား သူတို့က်ုယ်တိုင်ကိုက အရှက်မရှိ လုပ်ချင်တိုင်း လုပ်နေတားဆိုတာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးနှင့် ယဉ်ကျေးမှုဝန်ကြီး တို့မသိကျတာလား မျက်စိမိတ်နေကျတာလား။ဘာတွေ လာတ်ထိုးထားလို့အရေးယူဆောင်ရွက်မှုမလုပ်ရဲကျတာလဲ။ဒီမိုကရေစီ ဒီမိုကရေစီနဲ့ ယဉ်ကျေးမှုပျောက်မဲ့ ဒီမိုကရေစီလား ။မသက်မွန်မြင့်ကိုလေးစားပါတယ် အနုပညာရှင်များအားလုံး အတုယူသင့်ပါတယ်။အားနာလို့ ခိုင်းတဲ့အတိုင်းလိုက်လုပ်ရင်တော့ ခါးပါ ပါသွားနိုင်တယ်နော် စဉ်းစားကျပါ။ဝိုင်း/အိန်းအိန်း/ယုံလေး တို့လိုလိုလူမျိုးတွေမြန်မာနိုင်ငံမှာမရှိသင့်ဘူး ယဉ်ကျေးမှုပျောက်အောင်လုပ်မဲ့လူတွေ။မြန်မာနိုင်ငံနဲ့ မတန်ဘူး။အဒီလိုလူမျိုးတွေ မရှိလို့ ရုပ်ရှင်လောကကြီပျက်မသွားနိုင်ပါဘူး။

Anonymous said...

ဇာတ်လမ်းထဲမှာဘဲ ကြာကူလီခန်းသရုပ်ဆောင်တယ်မှတ်တာ အဟင်း လက်စသတ်တော့ ငဇင်ရိုင်း မောင်ဝိုင်း... ဘာလဲ ရင်ထဲက ဆန္ဒတွေကို ဇာတ်ဝင်ခန်းရိုက်ပြီး ရုံတင်ချင်တယ်ပေါ့ အဲလိုရိုက်ချင်သပဆိုရင် နိုင်ငံခြားမင်းသမီးငှားရိုက်ပါလား အိမ်ပေါင်ပြီးတော့...
သက်မွန်မြင့်က မရိုက်တာ ဘာလို့လဲလို့ သေချာမေး မောင်ဝိုင်းရေ ...သက်မွန်ဆီမှာ စိတ်ဓါတ်ရေးရာ ပြန်သင်လိုက်အုံး ကျောက်သင်ပုန်းနဲ့ ...

Anonymous said...

wine.....min sister ko lope khine par lar

မောင်မှန် said...

မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့အတွက်"လေးစားပါတယ်သက်မွန်"

Anonymous said...

သက်မွန်မြင့်ကိုအမြဲတမ်းအားပေးနေတယ်
အမကကိုနေတိုးနဲ့အရမ်းလိုက်ဖက်တယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ