Dec 18, 2012

သမ္မတအမိန့်ကြောင့် မြန်မာတပ်မတော်သားများအား ကချင်နာမည်ခံသောင်းကျန်းသူများမှ စိတ်တိုင်းကျ သတ်ဖြတ်ခွင့်ရနေ

သမ္မတ ဦးသိန်းစိန်၏ ထိုးစစ်များ ရပ်စဲရန်အမိန့်ကြောင့် တပ်မတော်စစ်ကြောင်းများမှ လှူပ်ရှားမှူများ စစ်ချီမှူများတွင်အခက်အခဲများ တွေ့ရှိနေမှူကို အခွင့်ကောင်းယူကာ ကချင်လွတ်မြောက်ရေးတပ်ဟုဆိုသော သူပုန်တပ်နှင့် မိုးသီးဇွန်နှင့်ရောယ်နယ်အောင်နိုင်တို့၏ အထောက်အပံ့များ ဆက်လက်ရရှိနေသော ကျောင်းသားတပ်မတော်ဟုခေါ်သော ကျောင်းသားများကို သတ်ဖြတ်ခဲ့သော ABSDF မြောက်ပိုင်း သူပုန်တို့နှစ်ဖွဲ့ပေါင်းကာ ခြေချုပ်မိနေသော တပ်မတော်စစ်ကြောင်းများကို စိတ်တိုင်းကျ သတ်ဖြတ်ခွင့်ရနေသလိုဖြစ်နေပါတယ် ။ ဒီဇင်ဘာ ၁၄ ရက်နေ့က ထိုသူပုန်နှစ်ဖွဲ့တို့ ပေါင်းစည်းပြီး တပ်မတော်စစ်ကြောင်းတစ်ခုကို မိုင်းများ အဓိကထားသုံးစွဲတိုက်ခိုက်သတ်ဖြတ်လိုက်ကြပါတယ် ။တပ်မတော် စစ်ကြောင်းများအနေနဲ့ ပြန်လည်တုံပြန်ပစ်ခတ်လျှင်လည်း သမ္မတ၏ ထိုးစစ်များရပ်ဆိုင်းထားရန်အမိန့်ကို ဖီဆန်သည့်သဘောဖြစ်ပြီး ပြန်လည် မပစ်ခတ်လျှင်လည်း အသေသာခံရမည့်သဘောဖြစ်နေပါသည် ။







(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

9 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

နိုင်ငံ့အတွက်တာဝန်ထမ်ဆောင်ရင်းကျဆုံးသွားသောတပ်မတော်သားများကောင်းရာသုဂတိလားပါစေ

Anonymous said...

အဲဒီမှာစစ်တပ်မ၇ှိဘူးလား

Anonymous said...

တပ်မတော်ရဲ့ သည်းခံခြင်းကို အဆုံးစွန်ရောက်အောင် လုပ်နေတဲ့ ကေအိုင်အေ တွေ သူတို့ကို ပြန်မတိုက်လို့ အာကျယ်နေ တယ် တပ်မတော်က စစ်ကြောင်းဖွင့်ပြီး ထိုးစစ်ဆင်ပါစေ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသော အာဇာနည်တပ်မတော်သားကောင်းများကို အလေးပြုလျက် ......

Anonymous said...

စစ်တိုက်ရင်းငြိမ်းချမ်းရေးစကား ပြောမယ်ဆိုတာ ဘယ်မှာရှိပါသလဲ
ကြက်ဝိုင်းမှာ ကြက်ခွပ်ရင်း ကြေးထပ်သလိုဖြစ်နေပြီ၊
နိုင်ခြေရှိရင် တမျိုး၊ မနိုင်လောက်ရင်တမျိုး၊
လူ့အသက်တွေနဲ့တော. လောင်းကြေး မထပ်စေချင်ပါ။
သမ္မတကြီးစဉ်းစားသင့်ပါပြီ။။။

Unknown said...

တပ်မတော်သာတစ်ကယ်တိုက်ရင်တစ်ပတ်မကြာစေရဘူး အခုတော့ဒိုင်လူကြီးခရာမှုတ်ထားတုန်းမှာတစ်ဖက်သတ်ဂိုးသွင်းသလိုဖြစ်နေတယ်

Anonymous said...

မြန်မာတပ်မတော်သားတွေသေနေတာကိုကြည့်ပြီးစိတ်မကောင်းပါ။
သေနတ်မှန်ပြီးသေတယ်ဆိုပေမဲ့သူတို့ကိုဆင်ပေးထားတဲ့စစ်ဝတ်တန်ဆာတွေက
လည်းသနားစရာပါကွာ။
သေတာတောင်ပေစုတ်စုတ်နဲ့သေရတယ်
နိုင်ငံတကာတပ်မတော်သားတွေရဲ့တိုက်ပွဲဝင်ဝတ်စုံကိုလည်းလေ့လာကြပါအုံး
လို့ပြောချင်တယ်၊
မောင်ကျောက်ခဲရေမင်းလည်းစစ်သားပါပဲ
မင်းဒီလို ၀က်ဆိုက်ဘဲတင်တတ်တာလား
မြန်မာစစ်သားတွေဟာ အမိန့်နာခံတတ်တာတစ်ခုတည်းပဲဂုဏ်ယူပြောစရာရှိ
တော့တယ်နော်
ကျန်တာတော့စစ်တပ်ထဲတောင်ဝင်လို့မကောင်းတော့ဘူး
မင်းတို့ဆင်မြန်းပေးထားတဲ့ စစ်ဝတ်နဲ့ သေဆုံးသွားတဲ့စစ်သားတွေကိုလည်း
ကြည့်ပါအုံး
နောက်ရှက်တတ်ရင် အဲလိုပုံတွေမတင်ပါနဲ့
စစ်စိတ်စစ်မာန်တက်ကြွစေမဲ့ပုံတွေပဲတင်သင့်တယ်နော်
စေတနာနဲ့ပြောတာပါ
နောက်သေမဲ့ စစ်သားတွေအတွက်
တိုင်းပြည်အတွက်အသက်ကိုရဲရဲဝံ့ဝံ့စွန့်ရဲအောင် တင်ပေးစေချင်ပါတယ်
မင်းရော အဲလို ပေစုပ်စုပ်နဲ့ စုတ်တီးစုပ်ပျက်နဲ့သေချင်လား
ကိုယ်ချင်းစာပေါ့ကွာ

ဘီလူး said...

စစ်သွေးကြွ ပြီး သတ်ချင် ဖြတ်ချင်လို့ စစ်ထဲဝင်လာတဲ့ စစ်သားတွေ မဟုတ်ဘူး...။ စစ်မှုမထမ်း မနေရ ဆိုလို့ ဝင်လာတဲ့ စစ်သားတွေလည်း မဟုတ်ဘူးကွ...။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်ဟာကိုယ်နေစမ်းပါကွာ
သွေးမခွဲ စမ်းပါနဲ့ .။ ရှေ့ တန်းမှာ ဆိုတာ ဒီလိုပဲ..။ နိုင်ငံခြား စစ်ကားတွေ ကြည့်ပြီး ဦးဏှောက် တစ်ဆစ်လောက်နဲ့ လျှောက် ဖွာမနေနဲ့ 
ရှေ့ တန်းအကြောင်း ကိုယ်တိုင်သိချင်ရင် စစ်ထဲဝင်ကြည့်။

မောင်မှန် said...

(ငါ့နိုင်ငံတော်,ငါ့နိုင်ငံသား,ငါ့တပ်မတော်အတွက်...ငါ၏အသက်ကိုစွန့်လွှတ်ရန်အဓိဌာန်ပြုပါ၏)...လို့နေ့စဉ်သစ္စာဆိုရတဲ့စစ်သားတစ်ယောက်အတွက်သေတာမဆန်းပါ။သို့သော်ဤလိုပြန်မတိုက်ရဘဲအသေခံရတာတော့.....?

Anonymous said...

ဟေ့.. လနန်.. မင်း ခွေးတွေ စည်းမဲ့ဝါးမဲ့ လွတ်နေပြီကွ.. မင်းတို့ လွှတ်ထားတာလား.. ဘာလားတော့ မသိဘူး.. အေး အဲဒီ ခွေးရူးတွေကို မင်းတို့ ဒီအတိုင်း ဆက်လွှတ်ထားပြီး ဖြစ်ခဲ့တာတွေအပေါ်မှာ တာဝန်ယူမဖြေရှင်းလို့ကတော့ ...ဖြစ်လာမယ့် အကျိုးဆက်ကို.. လနန် မင်းတို့ ဂမ်ရှောင်တို့ ရင်ဆိုင်ဖို့သာ ပြင်ဆင်ထား

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ