Dec 17, 2012

ဆန္ဒပြ ဘုန်းတော်ကြီးမျုားသို့ မြတ်စွာဘုရား ပညတ်ပေးခဲ့သော ဝိနည်းများထဲမှ ဤအချက်ကို ပြန်လည်ဖတ်တော်မူပါ ဘုရား

ညီရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့သည်  အဘယ့်ကြောင့်မိမိတို့ကိုယ်တိုင် မျက် ကွ ယ်။ပ။ သံ ဃာ၌ အဓိကရုဏ်းကို ပြုကုန် ဘိ သနည်း။ မျက်ကွယ်။ပ။သံဃာ၌ အဓိ ကရုဏ်းကို  ပြုတတ်သော အခြားရဟန်းတို့ ထံသို့လည်း ချဉ်းကပ်၍ အသျှင်တို့သင်တို့ သည်  ဤရဟန်းကို အရှူံး မပေးလင့်၊ အလွ န်အားရှိသူ ကို ဆွေးနွေးတို င်ပင်ကုန်လော့ ၊ထို သို့  ဆွေးနွေးတိုင်ပင်ခြင်းကြောင့် သင်တို့သည် သူ့ထက် ပညာရှိသူ သူ့ ထက် လိမ္မာသူသူ့ထက် အကြားအမြင်များသူ သူ့ ထက် သာ၍ စွ မ်းဆောင် နိုင်သူ တို့ ဖြစ်ကြကုန်လတ္တံ့ ၊ဤရဟန်းကို မကြောက်ကြကုန် လင့်၊ အကျွန်ုပ်တို့သည် လည်း သင် တို့ ၏ အသင်းအပင်းများဖြစ်ကြပါကုန်အံ့''ဟု ပြောဆို ကုန် ဘိသနည်း။ 

ထို သို့  ပြောဆိုခြင်းကြောင့်  မဖြစ်သေးသော ငြင်းခုံမှုတို့ သည် လည်း ဖြစ် ကုန် ၏၊ ဖြစ်ပြီးသောငြင်းခုံမှုတို့ သည် လည်း ပိုမို ဆိုးရွား ရန်ကျယ်ပွါးခြင်းငှါ ဖြစ်လာကုန်၏။


 ရဟန်းတို့ ဤ(ရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည် ညိုပြီးသော သူတို့ အားလည်း တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ ရဟန်းတို့ အမှန်စင်စစ် ဤအမှု သည်မကြည် ညိုသေးသောသူ တို့ အား မကြည် ညိုစေခြင်းငှါလည်းကောင်း၊ ကြည် ညိုပြီးသောအခိျု့သူ တို့ အား အကြည် ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏''ဟု (ကဲ့ရဲ့ တော်မူ၏)။ 

ထို့နောက်  မြတ်စွာဘုရားသည် ထိုရဟန်းတို့ ကို များစွာသော အကြောင်းဖြင့်ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကို ယ် တိုင် ပြုစု မွေးမြူရန် ခက်ခဲခြင်း သူ တစ်ပါးတို့ကပြုစုမွေးမြူရန် ခက်ခဲခြင်း အလိုကြီးခြင်း မရောင့်ရဲနိုင်ခြင်း အပေါင်းအဖော်၌ မက်မောခြင်းပျင်းရိခြင်းတို့၏ ကျေးဇူးမဲ့ (စကား) ကို  မိန့်တော်မူပြီး၍ များစွာသော အကြောင်းဖြင့်ကို ယ် တိုင် ပြုစုမွေးမြူလွယ်ခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူလွယ်ခြင်း အလို နည်းခြင်းရောင့်ရဲလွယ် ခြင်း ကိလေသာကို ခေါင်းပါးစေခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်
ရှိခြင်း ကိလေသာကို မဆည်းပူးခြင်း ဝီရိယဖြင့် အားထု တ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကိုမိန့်တော်မူပြီးလျှင် ရဟန်းတို့ အား ထို အဖြစ်အပျက်နှင့်  လျောက် ပတ်လျော် ညီသောတရားစကားကို ဟောကြားတော်မူပြီး နောက် ရဟန်းတို့ကို မိန့်တော်မူ ၏။ 

ရဟန်းတို့ သို့ဖြစ် လျှင် သံဃာသည် ပဏ္ဍုက လောဟိ တကရဟန်းတို့ အား ခြိမ်းခြောက်မှု
'တဇ္ဇနီယ' ကံ ကို ပြုလော့။ ရဟန်းတို့ ဤသို့ ပြုရမည်။ ရှေးဦးစွာ ပဏ္ဍုက လောဟိတက ရဟန်းတို့ကို စောဒနာရမည်၊စောဒနာပြီးနောက် အောက်မေ့စေရမည်၊ အောက် မေ့စေပြီးနောက် အာပတ် သို့ တင်ရမည်၊

[ဝိနည်းပိဋက -စူဠဝဂ်ပါဠိတော်-။၁-ကမ္မက္ခန္ဓက -၁--တဇ္ဇနီယကံ]
(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

တရားဘာဝနာမပွါးများချင်ဘူး။သံသရာတိုမှားဆိုးလို့ ။ဒို့ ကငရဲ
သွားချင်တာ။မဆိုင်တာပဲလုပ်ချင်တာ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ