Apr 5, 2012

သံဃာတော်တွေကို အသုံးမချပါနဲ့ NLD..မန်းမြို့ဟာ ဘာသာရေးထွန်းကား နားလည်တတ်ပါတယ်


မန္တလေးမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးသွား၏၊ ပါတီများစွာ ရှိသည့်အနက် ဘာသာသာသနာကို ညိုးနွမ်းအောင် ပြုလုပ်သွားသော ပါတီများလည်း တွေ့မြင်ရပါသည်။
အထူးသဖြင့် NLD သည် ရွေးကောက်ပွဲ မတိုင်မှီ ဒေါ်အောင်ဆန်းကြည် ခရီးစဉ်ပြီးမှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်၊ ပြည်သူလူထုအား မဲဆွယ်စည်းရုံးခြင်းအား စည်းကမ်းတကျ ရှိမရှိကို မပြောလိုသော်လည်း (၂၈-၃-၂၀၁၂)ရက်နေ့မှစ၍ မန္တလေးမြို့၏ အထင်ကရ ဘုန်းကြီးကျောင်းများ၏ ရှေ့တွင် မြန်မာရိုးရာယဉ်ကျေးမှု့ သံစဉ်များမပါသော အနောက်တိုင်း ယဉ်ကျေးမှု့ Rock , Rupper, သံစဉ် စာသားများဖြင့် မဲဆွယ် စည်းရုံးခဲ့ကြပါသည်။

 အခြေခံဥပဒေအရ သံဃာတော်များ မဲပေးခွင့် မရှိကြသည်ကို NLD လူကြီးများ မသိကြ၍လား? ဘယ်အတွက်ကြောင့် စည်းရုံးကြသနည်း?
အထင်ရှားဆုံး တစ်ခုကို ပြောလိုပါသည်၊၊


 မန္တလေးမြို့ရှိ အထင်ကရရှိသော မြတောင်ကျောင်းတိုက်မှာ (၃၅)လမ်း၊ (၈၅)လမ်း၊ (၈၆)လမ်းကြားတွင်တည်ရှိပြီး၊ မြတောင်ကျောင်းတိုက်၏ အရှေ့ဘက်တွင် ဒဟတ္တောဘုရားဝင်း၊ အနောက်ဘက်တွင် လျှပ်စစ်ရုံးဝင်း၊ မြောက်ဘက်တွင် ဦးလှသိန်း ဗိမ္မာန်နှင့် ရေပေးရေး ရုံးဝင်းရှိပါသည်၊ လူနေအိမ်များ မရှိသော နေရာဖြစ်ပြီး သာသန နယ်မြေသဖွယ် ဖြစ်သောနေရာ ဖြစ်ပါသည်၊ ဘာကြောင့် သံဃာတော်များ နေထိုင်ရာ မြတောင်ကျောင်းတိုက်ရှေ့တွင် (၂၈)ရက်နေ့ညက တစ်နာရီကျော်အကြာ စည်းရုံးရေး အလှပြယာဉ်ဖြင့် အနောက်တိုင်းဂီတများ ဖြစ်သော ROCK, RUPPER မဲဆွယ်စည်းရုံးရေး တေးသီချင်းများဖြင့် ဆူညံစွာ အော်ဟစ်မြူးတူး ကခုန်နေကြပါသည်၊ သံဃာတော်များ စာမေးပွဲများ ဖြေဆိုနေကြသည်ကို NLD လူကြီးများ မသိရှိကြဘူးလား??
ထိုသီချင်းသံများကို သံဃာတော်များသည် ကြားကြသောအခါ ခွတ်ဒေါင်း အလံများလွင့်ထူ ခွတ်ဒေါင်းနှဖူးစီးများ၊ ခွတ်ဒေါင်းစတေကာများ မျက်နှာများကပ်ပြီး ဆူညံစွာ မြူးတူးအော်ဟစ် ကခုန်ကြပါသည်၊ (မှတ်ချက်= ထိုဓါတ်ပုံများကို တင်ပြလိုက်ပါက နိုင်ငံတကာရှိ အခြားသော ဘာသာများမှ ဝေဖန်ပြစ်တင် ရှုတ်ချမည်စိုးသောကြောင့် မတင်ပြလိုက်ပါ၊ သိရှိလိုက တောင်းယူ ကြည့်ရှု့နိုင်ပါသည်။)

သံဃာတော်အရှင်မြတ်များကိုလည်း ဦးတင်လိုပါသည်ဘုရား၊ သုံးလောကထွဋ်ထား မြက်စွာဘုရား၏ သိက္ခာပုဒ် ၀ိနည်းတော်များသည် တနည်းအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ် ချမှတ်ထားသော ဥပဒေများ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား၊ မြတ်စွာဘုရား၏ သားတော်များဖြစ်သော ရဟန်းသံဃာများမှ ပိုမိုသိလိမ့်မည်ဟု ယုံကြည်ပါတယ်ဘုရား။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သစ်သို့ ပြောင်းလွဲကူးပြောင်းနေသော အချိန်ခါ ဖြစ်ပါသည်။ မီဒီယာလောကသည်လည်း ဖွံ့ဖြိုးတိုးတက်နေပါသည် ကမ္ဘာ့ နိုင်ငံအသီးသီးမှ သိရှိထားသည်မှာ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ တိုးတက် အထွန်းကားဆုံးသောနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိတားပါသည်၊ သံဃာတော်များနိုင်ငံရေး မလုပ်ရလို့ မဆိုလိုပါ၊ နိုင်ငံရေး လုပ်မယ်ဆိုရင်လည်း သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံစွာဖြင့် ပုဂ္ဂိုလ်ရေး ကင်းရှင်းတဲ့ အမျိုးသားနိုင်ငံရေးဘဲ ပြုလုပ်သင့်ပါတယ်ဘုရား၊ ယခုလိုမျိုး ပါတီနိုင်ငံရေး၊ NLD ပါတီအား ကြိုဆိုခြင်း၊ မဲဆွယ်ခရီးများ လိုက်ပါဆောင်ရွက်ခြင်း၊ အော်ဟစ်မြူးတူး ကခုန်ခြင်းများ ပြုလုပ်သင့်တော့ပါဘုရား။
သာသန၀န်ထမ်း ရဟန်းသံဃာများနှင့် NLD ပါတီမှ လူကြီးများ၊ အခြားခြားသောပါတီမှ တာဝန်ရှိသူများ၊ အားလုံးခင်ဗျာ ဗုဒ္ဓဘာသာ သာသနာတော်ကို ညိုးနွမ်းပျက်စီးအောင် ပြုလုပ်နေသူများအား ၀ိုင်းဝန်း ထိမ်းသိမ်းပေးပါခင်ဗျား။

မန္တလာမောင်
Readmore »

Apr 4, 2012

အွန်လိုင်းတွင် တဖန်ပြန်ပွနေသော မြစ်ဆုံဆည် နှင့်ပတ်သတ်သည့် စာနှစ်စောင် အလွှဲများ

မြစ်ဆုံနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် စာနှစ်စောင် အင်တာနက်မှာ ပျံ့လျက်ရှိပါတယ်။ ဒီကိစ္စကို ကျနော် လေ့လာမိသလောက် သံသယဖြစ်ဖွယ် အချက်များကို တင်ပြပေးပါမယ်။
ပထမဆုံး ကျနော် ပုံနှစ်ပုံရဲ့ ကွာခြားချက်ကို ဖေါ်ပြပေးပါမယ်။ ပုံတွေကို Myitsone1 နဲ့ Myitsone2 ဆိုပြီး နာမည်ပေးထားပါတယ်။

ပုံ ၁ နဲ့ ၂ တို့ကို ယှဉ်ကြည့်ရင်
ထူးခြားချက် (၁)
 ပုံတွေပေါ်မှာ  Right click နှိပ်ပြီး Porperties ခေါက်ပြီး Detalis ကိုကြည့်တဲ့အခါမှာ ပုံ ၁ ဟာ Photoshop နဲ့ လုပ်ထားကြောင်း ထင်ရှားပါတယ်။

ထူးခြားချက် (၂)  ပုံ ၁ ဟာ Myanmar3 fonts ကို သုံးထားပြီး၊ ကိုယ်လိုရာကို ပြန်ရိုက်ထားပုံရပါတယ်။

ထူးခြားချက် (၃) တရုတ်တံဆိပ်တုံး အနီရောင်ကို Photoshop နဲ့ လုပ်လို့ရနိုင်တယ်။

ထူးခြားချက် (၄) မှင်အပြာနဲ့ လက်မှတ်ထိုးထားမှု၊ ဒီကိစ္စက လက်မှတ် အတုထိုးလို့ရနိုင်တယ်။

ထူးခြားချက် (၅) ရုံးတံဆိပ်တုံးကို (သာမန်အာဖြင့်) အလယ်တည့်တည့်မှာ ရိုက်လေ့မရှိ။
 ပုံ ၂ ၏ ထူးခြားချက်
ထူးခြားချက် (၁) ရုံသုံး Font ကိုအသုံးပြုထားပါတယ်။


ထူးခြားချက် (၂) ရလာတဲ့စာကို Scan ဖတ်ထားပုံရပြီး Scan ဖတ်ခြင်းကြောင့် အမဲကွက်တွေ ထင်နေတယ်။


Readmore »

ကာချုပ် ဘာကြောင့် အဆင့်တိုးလဲ

အခုတလော ပွလာတဲ့ ကိစ္စက ကာချုပ်ကြီး ဘာကြောင့် အဆင့်တိုးသလဲ
ဟုတ်ကဲ့ တချို့ကတော့ ပြောကြပါတယ်..
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဆိုတော့  သူ့အထက်က ဗိုလ်ချုပ်မှူးကြီး များ ရှိနေမလား..အဲဒီလူဟာ
ဦးသန်းရွှေများ ဖြစ်နေမလား ..စသည်ဖြင့်ပေါ့လေ...။
ဒေါ်စု က လွှတ်တော်ထဲ ရောက်ရင် တပ်မတော်သား အမတ် ၂၅ % ကို ဖယ်ရှားဖို့ ကြိုးပမ်းမှာမို့စစ်တပ်ကဏ္ဍ မြင့်တင်တာ စတဲ့သတင်းတွေကို ကြားနေရပါတယ်...တကယ်တော့ မဟုတ်လာက်ပါဘူး..။

ကျွန်တော်တို့လို အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ခန့်မှန်းတွက်လို့ရနိုင်ပါတယ်
အကျိုးအကြောင်း ၂ ချက် ရှိပါတယ် ။
(၁)
အဲဒါကတော့ အောက်ခြေ ရာထူးကွာဟမှူ ဖြစ်တယ်
 အောက်ခြေ..
.အောက်ခြေ လို့ပြောရပေမယ့် က-စ-ထ မှူးတွေနဲ့ တိုင်းမှူးတွေရဲ့ အဆင့်level တူညီမှူကို ခြားလိုက်တာ ဖြစ်ပါတယ် ။ အခုချိန်မှာ က-စ-ထ မှူးတွေဟာ တိုင်းမှူးတွေနဲ့ ရာထူးတူ ဗိုလ်ချုပ်တွေ ဖြစ်နေပါတယ် ။ တပ်မတော် ဖွဲ့စည်းပုံအရ က-စ-ထ မှူးဟာ စစ်တိုင်းမှူးတွေထက် ကြီးသူတွေဖြစ်တာကြောင့် အခုလို ရာထူး တူညီနေမှူဟာ တာဝန်ထမ်းဆောင်မှူမှာအခက်အခဲအများဆုံး ကြုံတွေ့နေရပါတယ် ။ က-စ-ထ မှူးအောက်မှာ စစ်တိုင်းမှူးတွေ ရှိပါတယ် ။
သာမာန် ခြေလျှင်တပ်ရင်းတရင်းလောက်မှာ ရာထူးတူညီမှူဟာ သိပ်မထူးခြားပေမယ့် ဒီအဆင့်တွေမှာတော့ အတော်တာ သွားတဲ့ကိစ္စဖြစ်ပါတယ် ။
ဒါကြောင့် က-စ-ထ မှူးတွေနဲ့ စစ်တိုင်းမှူးတွေရဲ့ ရာထူးကွာခြားချက်ကို ခြားနားပေးရန်အတွက်
က-စ-ထ များကို တပ်တော်ကြီး အဆင့် တိုးမြင့်ရန် အတွက် ရာထူးများတိုးမြင့်ပြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း upgrade အတွက် လိုအပ်လို့သာဖြစ်ပါလိမ့်မယ် ။ဒါမှသာ အဆင့်ဆင့်ရာထူးမြင့်ရင်း အထက်တွေကို ဌာန နဲ့ရာထူး တိုးသာတာ ဖြစ်ပါလိမ့်မယ်..။
(၂)
ဟ..ဒါဆို စစ်တပ်က ရာထူးတိုးချင်သလို တိုးပေးလိုက်သလား ဆိုတော့ တဖက်က ပြန်တွေးလိုက်ပါ... ယခု ရာထူးတိုးတာဟာ သမ္မတ ကနေတိုးလိုက်တာဖြစ်ပါတယ်.။
ယခု ကာချုပ်ကြီး ရာထူးဟာလည်း နိုင်ငံတကာနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် 5 star general အဆင့်နဲ့ ညီပါတယ် ။

 ဒါဟာ တပ်မတော်ကို နိုင်ငံတကာနဲ့ အညီ အဆင့်မြင့်တင်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ် ။လေတပ်မှာ လေယာဉ်တွင် အသစ်ရောက်ရှိတာ လေယာဉ်တွေကို အဆင့်မြင့်တင်နေတာ ရေတပ်မှာ စစ်သဘောင်္တွေ ဝယ်ယူခြင်း အဆင့်မြင့်တင်ခြင်း လက်နက်စနစ်များ အသစ်များ တပ်ဆင်ခြင်း လေကြောင်းရန်ကာကွယ်ရေးတပ်များအတွက် စနစ်သစ်များ ဝယ်ယူဖြည့်တင်းခြင်း အပြင် တင့်များမကျန် အဆင့်မြှင့်နေခြင်းနှင်း စစ်သင်တန်းကျောင်းများတွင်ပါ သင်ရိုးညွှန်းတမ်း အသစ်များ ထပ်ထည့်ခြင်း ခြေလျှင်တင့် ပူးပေါင်းစစ်ဆင်ရေးများလုပ်ခြင်း ခြေလျှင်များအတွက် ယူနီဖောင်းများ ပြောင်းလဲရန် သတင်းအချို့ ထွက်လာခြင်းတို့ဟာ လက်ရှိစစ်တပ်ကို နိုင်ငံတကာ မဟုတ်တောင် အာရှမှာ ကျားတစ်ကောင် ဖြစ်လာရန် ကြိုးစားနေခြင်းနှင့်လည်း ဆက်စပ် စဉ်းစားနိုင်ပါသည် ။






ကျွန်တော်တို့ ရေးသားချက်တွေဟာ အနီးစပ်ဆုံးခန့်မှန်းချက်တွေ ဖြစ်ပြီး ယတိပြတ် ဤသို့ဖြစ်လာမည် ဟု ရေးသားခြင်းမဟုတ်ပါ ကြောင်း ဝန်ခံပါရစေ..။
__________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Readmore »

Apr 2, 2012

ကောသလမင်းအိမ်မက်နဲ့ သတင်းကြီးတဲ့ NLD အပေါင်းအပါများ နမိတ်ထွန်း၏

ကောသလမင်း အိမ်မက်တွေက သိပ်မှန်တာပါပဲလား ...။
ကဲ..ဟုတ်မဟုတ် တိုက်စစ်ကြရအောင်လားဗျာ ...။

 သူလေးလည်း လိင်မှူဆိုင်ရာ ဖောက်ပြန်တဲ့ နောက်မီးလင်းပြီး မျက်နှာပြောင်တိုက်ရဲတဲ့ အမတ်လောင်းလေးပေါ့

သူလေးကလည်း ဖေဖေ ပုံကြီးနဲ့ လုပ်စားလာတာ...လေလုံး ကတိတွေနဲ့  အမတ်လောင်းလေးပေါ့

ဒါကတော့ ရှင်းပါတယ် ... ဖြတ်လမ်းနဲ့ ဓါတ်ပုံမင်းသမီးလေးပေါ့...ဟုတ်မဟုတ်ကတော့ ပုံကစာနဲ့ တွဲကြည့် ရှင်းပါတယ်

ကျောင်းနယ်မြေမှာ ပါတီ အလံထောင် အမျိုးသမီး ပုံချိတ် တော်ကီက အစိုးရဆန့်ကျင်ရေးတော်ကီ.ကျောင်းအကြောင်းပြ နယ်လှည့် အလှူခံနေသော ကိုယ်တော် .နောက်တစ်ယောက်လည်း အင်တာဗျူးခ ငွေနှစ်သောင်းနဲ့ လုပ်စားတဲ့ကိုယ်တော်
ကဲ..ဒါကတော့ ပါတီ အလံနဲ့ ဆွမ်းဘုန်းလာဘ်လာဘ ရအောင် ကြံစည်သော ကိုယ်တော်



 

Readmore »

NLD စားခွက်တွေလုကုန်ပြီ


( အချင်းချင်းတော့ မဖော်ချင်ဘူးဗျာ ဒါပေမယ့် စော်ကားလွန်းရာကျလို့ပါ ကိုဝေယံနဲ့ သစ်ထူးလွင်ကို ပို့ရင် တင်မပေးမှာ သိနေလို့ ခင်ဗျားတို့ကို အကူအညီတောင်းလိုက်တာ ။ ကြိုက်တဲ့ခေါင်းစဉ်တပ်နိုင်တယ် ။ ကျွန်တော်တို့ကတော့ ပေးမိတဲ့ မဲတစ်ပြားကို နှမြောတယ် ။ )


ကြည့်ကြပါအုံးဗျာ
အမေစု တစ်ယောက်နိုင်လို့ ကျွန်တော်တို့တတွေလည်း ပြည်ပရောက်နေပေမဲ့ တတ်နိုင်သလောက် ကိုယ်နဲ့ဆက်စပ်ရာ နယ်ပယ်တွေမှာ အားပေးခဲ့တယ် ။ ဥပမာ - အွန်လိုင်းမှာဆိုလည်း ကိုယ်တိုင် ပြည်ပရောက်နေပေမယ့် အမေစု ကိုချစ်တဲ့စိတ်နဲ့ ကိုယ့် wall တွေ ကိုယ့်ဝင်ထားတဲ့ group တွေမှာအမေစု ဘက်ကနေ တိုက်ခိုက်မှူမျိုးစုံကို ကာကွယ်ပေးခဲ့တယ် ။ ဒါကို ပြည်တွင်းက အကိုတွေက ကီးဘုတ်သမား လိုင်းကြောင်တွေလို့ သမုတ်တယ် ။တကယ်ဆို ကျွန်တော်တို့လည်း စားဝတ်နေရေးကြောင့်သာ ပြည်ပထွက်လာခဲ့ရသူတွေပါ ။ ကိုယ်တိုင်လည်း တတ်နိုင်သလောက် အမေစုနားမှာမနေနိုင်ပေမယ့် ချွေးနှဲစာတွေထဲကနေ အစိုးရ အတိုက်အခံတွေ နဲ့ အမေ့ရဲ့ပါတီက ဦးစီးလုပ်တဲ့ ဘယ်အရာမဆို ငွေကြေးလေးတော့ လှူခဲ့ကြတာချည်းပဲ ။

အရင်ကတော့ အမေစုနားမှာဝိုင်းနေတဲ့ လူတွေ ရိုင်းတယ်လို့ပြောတိုင်း ကျွန်တော်တို့ ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့ကြတယ် ။ ပြောတဲ့လူတွေကိုလည်း ကိုယ်တတ်နိုင်သလောက် အွန်လိုင်းစာမျက်နှာတွေကနေ တွန်းလှန်ပေးခဲ့ပါတယ် ။ဘာအကျိုးမှ မမျှော်ခဲ့ပါဘူး ။အခုတော့ အမေ့နားက လူတွေ ရိုင်းတယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရပြီဗျာ ။ဒီနေ့ အလုပ်မသွားရတော့ တနေ့လုံး မြန်မာရွှေးကောက်ပွဲသတင်းတွေကို ထိုင်ကြည့်နေတာ ကျွန်တော်တို့ ပြည်ပကိုရောက်နေတဲ့ အမေစုကိုထောက်ခဲ့တဲ့ မြန်မာတွေရဲ့ အလုပ်တစ်ခုလိုဖြစ်ခဲ့ကြတယ်။အမေစု နိုင်နေပြီ အောင်ပွဲခံနေပြိကြားတော့ ကျွန်တော်တို့လည်း ပျော်ရွှင်စွာ အလုပ်အစောကြီး ထသွားရမှာ လန်းဆန်းနေတာပါ ။


အခုတော့ အခန်းထဲက ဖွင့်ထားတဲ့ သူငယ်ချင်းရဲ့ လပ်တော့ကို လှမ်းကြည့်ရင်း အမေ့သတင်းလေးများ ရလိုရငြားနဲ့ အင်တာနက်စာမျက်နှာတွေ ဖေ့ဘုတ်တွေရှာနေရင်းနဲ့ အမေ့သားတစ်ယောက် က ကျွန်တော်တို့ကို စော်ကားထားတာကို တွေ့ရပါတယ် ။ ကျွန်တော် အပေါ်မှာပြောပြထားသလိုပဲ ။ကိုယ်တိုင်မစွမ်းနိုင်ပေမယ့် တတ်နိုင်သလောက် တော့ ကူညီပေးခဲ့တာပါ ။အခုပုံအတိုင်းဆို အမေ့အနားမှာ ရိုင်းတဲ့သူတွေ ရှိနေပြီဆိုတာ ကျွန်တော် ဝန်ခံပါတယ် ။အမေပြောပြောနေကျ ပါတီကပြောပြောနေကျ စကားလို အသည်းကြားက မဲတစ်ပြားအတွက် ကျွန်တော်တို့ သူငယ်ချင်းတစ်စု နောင်တချိန်မှာ ပြန်လည် စဉ်းစားရပါလိမ့်မယ် ။အမေစုကို ချစ်တဲ့စိတ်နဲ့  ကျွန်တော်တို့တွေ ထည့်ခဲ့တဲ့ မဲတပြားက ဒီလိုလူတွေအတွက်ပါဆိုရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်တဲ့ အမိမြန်မာနိုင်ငံတော်အတွက် ကျွန်တော်တို့တွေ အသည်းကြားက မဲတစ်ပြားကို ပြောင်းလဲသင့်ပြောင်းလဲဖို့ စဉ်းစားဖို့လိုနေပါပြီ ။

ကဲကွာဒီနေရာကဖင်ကောင်းstar တွေကိုပြောတော့မယ်...သည်းခံလာတာကြာပြီ....
မင်းအမေရိုး...ငါ့ခွီး...NLD အောင်နိုင်ရေးမှာလဲ.မင်းတို့ သောက်ခွက်မမြင်ရဘူး...ငါတို့ အောင်နိုင်ရေးကြိုးစားသူတွေကိုလဲမင်းတို့ ရေမတိုက်ဘူး...ငါတို့ ၃၁ ည အထိNLD ကိုသစ္စာရှိရှိ..ထမင်းငတ်ခံပြီး..အောင်နိုင်ရေးမဲပေးရေးလုပ်တယ်..မင်းတို့ တွေမရှက်ဖူးလား..ပြောလေ..အလကားနေရင်းkey board စစ်စဉ်ရေးလုပ်နေတယ်..တယ်.........
ပြောလိုက်ရမကောင်းဘူး....ဘာတွေလုပ်ဖူးလို့ စောက်ကြီးစောက်ကျယ်တွေနဲ့ အခြင်းခြင်းသတ်နေတာလဲ...မင်းတို့ မရှက်တာလား.....ငါတို့ ရေငတ်ဗိုက်ဆာ...အသံပြဲ..ချိန်မင်းတို့ ဘယ်မှာလဲတော်ရုံကောင်းတော့မယ်....(မသမီးဆိုး..အသံကောင်းဟစ်တဲ့ ကောင်တွေမောင်းထုတ်ရင်ထုတ်မထုတ်ရင်ကျုပ်ထွက်မယ်)....
ရေးကောင်းတိုင်းရေး..နိုင်ငံရေးဖင်မှန်းခေါင်းမှန်းမသိ..ငါပြောတယ်..တော်တော့အချင်းချင်းမညိနဲ့ တော့ပြောတယ်..တော်တော်စောက်လုပ်ပိုနေလား...ဟေ..ပြောလေ...ငါတို့ အောင်နိုင်ရေးထွက်တုန်းက..ဒီဂရုထဲကကိုလေကျယ်ဘိုင်းတာမ..၀မ်းရေစပ်တွေ..ငါတို့ ကိုရေလာတိုက်လဲ...မင်းတို့ လေပုတ်ထုတ်ဆေးတွေရပ်တော့..စောက်လုပ်မလုပ်..စောက်ပြောမများနဲ့ ...မပြောချင်လို့ ကြည့် နေတာကြာပြီ...မကျေနပ်ရင်..ငါ့ကိုဒီ group ကထုတ်....လေပေါ်မှာမပြောဘူးမြေပေါ်မှာတကယ်လုပ်တယ်....မင်းတို့ ဟာတရားလွန်နေပြီ..ဖာသည်ပါးစပ်တွေ....ရိုင်းမှရလို့ ရိုင်းမှတန်းတူထင်နေလို့ ရိုင်းလိုက်တယ်...မကျေနပ်ရင်တိုက်ရိုက်ဆက်သွယ်...13.pekabar.nyeinchan@gmail.com...မင်းတို့ သတ္တိ..FB ပေါ်မှာပဲရှိတယ်.....အရမ်းသည်းခံလာတာ...လုပ်သူမပြော...ပြောသူမလုပ်..မင်းတို့ စောက်လုပ်မလုပ်ပွားနေတယ်(သခင်အေးဖေ မြေး....ဖေကမ္ဘာငြိမ်းချမ်း..@ တေးရေး-ကမ္ဘာ)
· ·


    • သံလွင် ရရစ် ဟိုက် ကမ္ဘာရဲ့ challenge

    • Pe Kabar Nyein Chan စောက်ရမ်းတင်းနေပြီ..ဖာသည်တွေလိုပဲလေနဲ့ ဈေးခေါ်လေနဲ့ လိုးနေကြတယ်..ကျုပ်ထွက်မယ်ဗျာ...လေမှာမနေဘူး..မြေမှာတကယ်လုပ်နေရတဲ့ သူလေမှာစောက်ပေါတွေနဲ့ တိုင်းနိုင်းမခံနိုင်ဘူး

    • Lon Ely တိန်..ဒီမှာလဲပွဲကြမ်းနေပါလားဟ.....

    • အဂ္ဂမဟာ ဘာညာကွိကွ လူရမ်းကား လာခဲ့ထမင်းကျွေးမယ်ရေတိုက်မယ်ပြုစုမယ် ဟီးးးး:P

    • Pe Kabar Nyein Chan
      တရားလွန်နေပြီ....အောက်တန်းလဲတအားကျနေပြီ..နဲနဲအားနာဗျာ..တကယ်ကျတော်တို့ စောက်အမောခံလုပ်နေတာ..ဒီမှာပွားနေတဲ့ စောက်ရူးတွေအတွက်မဟုတ်ဘူး...ပြောသေး..နိုင်ငံရေးသမားတဲ့ ..လီးနိုင်ငံရေးသမား....နိုင်ငံရေးရဲ့ ဥပဒေမပြောနဲ့ ..နိုင်ငံထဲကမူးယစ်ရမ်းကားပုဒ်မသိရင်ကံကောင်း....ငါ့ချီးလူတွင်ကျယ်တွေ.....သောက်ရေးမပါတာတွေအရည်မရအဖတ်မရတွေရေးနေတယ်..ဘယ်ကောင်ဘာလုပ်ဖူးလဲမေး..သောက်အမှီးကုတ်ပြီးပြေးမှာ...(အားလုံးကိုမပြောဘူး)သိသလောက်တော့ဒီမှာပွားနေတဲ့ ဟာတွေငါတို့ အောင်နိုင်ရေးမှာရေတခွက်လာမတိုက်ဖူး....on line Hero= fucking zero


ပေးပို့သူ = ATL (Sg)
________________________________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ


Readmore »

April Fool's Day က နိုင်ငံရေးယောင်ယောင်နဲ့ သာမာန်ပြည်သူတွေ ဘယ်လိုတွေးကြလဲ..



ဖြစ်စဉ် - ၁
(လူ-၁) ဟေးးးးး နိုင်ပြီကွ...ဟဟ. အဲလိုပဲဖြစ်နေရမယ်.. အစကတည်းကကြိုသိနေတာ.. ဒီတိုင်းပဲဖြစ်ရမှာပေါ့
(လူ-၂) ဟင်.. ဘယ်သူနိုင်တာလဲ NLD လား. ကြံ့ဖွံ့လား ????????
(လူ-၁) အာ.. ဘာတွေလာပြောနေတာလဲ.. ဒီမှာ ဂိမ်း နိုင်လို့ အော်တာပါကွ...
(လူ-၂) အော်.. မသိဘူးလေ.. ဖေ့ဘုတ်မှာ ဒါပဲ ခေတ်စားနေတာကိုး...

ဖြစ်စဉ် - ၂
(လူ-၁) ဟင်.. ဖယောင်းတွေကပ်ထားတယ် ဆိုပါလား... လုပ်ရက်လိုက်ကြတာ.
(လူ-၂) ဘယ်သူတွေလဲ.. ဘယ်ကောင်တွေလဲ.. ဒီလောက်ယုတ်မာတာ.. ဒီလိုလုပ်လို့ရမလားကွ ... ဟို post တစ်ခုမှာ ဖုန်းနံပါတ်ထည့်ထားတယ်လေ အဲဒီကိုဖုန်းဆက်တိုင်လိုက်လေ..
(လူ-၁) အမ်.. ဘာတွေလာပြောနေတာလဲ.. ဒီမှာ ဝယ်လာတဲ့ ပန်းသီးကို ခြစ်ကြည့်နေတာ.. ဖယောင်းတွေပါလာလို့...
(လူ-၂) နို့.သိမှမသိပဲဟာကို .. ဖေ့ဘုတ်မှာ အဲဒါက ဟော့နေလို့ ဒါများလားလို့..

ဖြစ်စဉ် - ၃
(လူ-၁) တောက်... ပိုက်ဆံ ၁၀၀၀ လောက်ရှိရုံနဲ့ဖြစ်တယ်ကွာ....
(လူ-၂) ဘာလဲ..မင်းလဲအားကျပြီး ပါး သွားရိုက်မလို့လား...
(လူ-၁) ဟိုက်.. ဒီကောင်ဘာတွေဖြစ်နေပါလိမ့်... ဟို ကုန်တိုက်မှာ ဖိနပ်တွေ discount ချနေတာ ပိုက်ဆံပါမသွားလို့ မဝယ်ခဲ့ရတာကို တင်းနေတာကွ..
(လူ-၂) အာ... မင်းက ပြောလိုက်ရင် မရှင်းမရှင်းနဲ့.. ငါက ဖေ့ဘုတ်က ကိစ္စတွေပြောနေတယ်မှတ်နေတာ... :D:D:D

Readmore »

Apr 1, 2012

ရွှေးကောက်ပွဲကာလ NLD တွေ ခင်းတဲ့ အကွက်နှင့် ပျော်နေသူများသို့ သနားသဖြင့်ရေးသောစာ

ကြားဖြတ်ရွှေးကောက်ပွဲကြီးစခဲ့ပေပြီ
အောင်မြင်မှူများလည်း ရရှိပေပြီ...ပါတီအားလုံး ကျေနပ်စွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့လေပြီ...


သို့သော်...သို့သော်ပေါ့ဗျာ။
ကျန်သော ပါတီများ မည်သည့်အသံမျှထွကမလာသော်လည်း ကမ္ဘာကျော် ငပွလက်အောက်ခံ
ငပွပါတီကတော့ အာချောင် အူသေးတာတော့ မဟုတ်သေးပါဘူးဗျာ ။
ကျွန်တော်တို့ရဲ့ နှောင်ကြိုးမဲ့ လွပ်လပ်သော သမ္မတကြီးက အနိုင်အရှူံးအတွက် ခံယူနားလည်
တတ်ရန် ပြောခဲ့သော်လည်း အနိုင်လည်း မနေတတ် အရူံးလည်း မခံတတ်သော လူစားမျိုးများ
အာချောင်နေတာကတော့ နားခါးသဗျ ။

ဘယ့်နှယ်...ငပွတွေ ဒီကာလတွေ သုံးတဲ့ ဗျူဟာ ကို မောင်ကျောက်ခဲတို့ စောင့်ကြည့်နေတယ်..။
ပြောပြမယ်..။
ရွှေးကောက်ပွဲ မတိုင်ခင် ပွဲဆူစေမဲ့ hot news တွေကို တင်တယ်ဗျာ..သူတို့ရဲ့ အဓိကပြိုင်ဘက်လို့
သူတို့တွေးတဲ့ ပြည်ခိုင်ဖြိုး နဲ့ သူတို့ရန်စောင်နေတဲ့ စစ်တပ်ကို ရွှေးကောက်ပွဲမတိုင်ခင် ကတည်း
က လူကြားထဲ ရုတ်ရုတ်သဲသဲ ဖြစ်အောင် တိုက်ခဲ့တယ် ။
ဥပမာ..ပြည်ခိုင်ဖြိုးက ဘယ်လိုခြိမ်းခြောက်နေတယ် ... ပြည်ခိုင်ဖြိုးက လူကြီးတစ်ယောက် ပြောင်းဖူးကြီးကိုင်ပြီး ယတြာချေတယ် ဘာညာပေါ့...။ဟိုဘက်က ပြန်မဖြေရှင်းရင် သူတို့က ကြိုက်လေပေါ့...။ ပြည်ခိုင်ဖြိုးကလည်း တော်ရုံမဖြေရှင်းတော့ဘူးလေ...အရူးချီးပန်းလိုက်ပြောနေတာ
ကို အလုပ်လုပ်နေတဲ့ လူက ဘယ်လို တောက်လျှောက်ကြီး ဖြေရှင်းမလဲ..။

အဲ..နောက်တစ်ခု..
အဲဒါက စစ်တပ်နဲ့  သက်ဆိုင်တယ်..မဲဆွယ်ကာလ ကတည်းက စစ်သားတွေကို ပုတ်ချလိုက်
မြောက်ပင့်လိုက် ဖားလိုက်နဲ့ မဲဆွယ်ခဲ့တယ်..။ စစ်သားတစ်ယောက်ကများ နုတ်ဆက်မိရင် ပျော်နေတာ..ခွေးပေါက်တစ်ကောင်ကို လူရာသွင်းပေးလို့ ပျော်နေတဲ့ အတိုင်း
။ စစ်သား တစ်ယောက် ပြသနာ ဖြစ်ရင် မြန်မာစစ်တပ်ကြီး ပြိုကွဲတော့မယောင် လွှင့်လိုက်တဲ့
သတင်းတွေ...။

ကဲ အခု လာပြီ...
ဒါကအရေးကြီးတယ်..ကလေးကွက်နဲ့ မီဒီယာ အားကိုး သောင်းကျန်းတာ
အစကတည်းက သူတို့ကို ညစ်တယ် ပတ်တယ်နဲ့ ...တောက်လျှောက်အော်ခဲ့တယ်...
ဒီနေ့တနေ့လုံးလည်း အော်နေတုန်းပဲ...ဟော ဘယ်နေရာမှာ ဘာဖြစ်ပြန်ပြီ..ဘယ်မြို့မှာတော့ လိမ်ပြန်ပြီ. သတင်းက တိကျတယ်ပေါ့..သတင်းပေးသူသတင်းထောက်နာမည် ဖုန်းနံပါတ်ကအစ ပေးပြီးတင်ပြတယ်..အဲဒါနဲ့  မိန်းကလေးနာမည်ကိုတောင် မှုခင်းဂျာနယ်တွေမှာ မဖော်ပြ ပုံမပြတဲ့ စာနာမှူရှိတဲ့ မြန်မာအမျိုးသမီး သိက္ခာကို ထောက်ထားခြင်းကို ငဲ့ကွက်ထားတာတောင် နာမည်ရော ရုပ်ရော ဖော်ပြပြီး မုဒိန်းကျင့်ခံရတာပါ လို့ သတင်းအတိအကျ ပေးတတ်တဲ့ သတင်းထောက်တွေကြီးကတော့ ဘယ်သူအလိမ်ခံရတယ် မတရားခံရတယ် ကျတော့ နာမည်ရော ရုပ်ရော မဖော်ပြပဲ သူတို့ နာမည်နဲ့ ဖုန်းနံပါတ်ပဲ ပေးနေတာကတော့ မရိုးဘူးနော်...အဲဒါက အကြောင်းရှိတယ်လေ..ဒီလို ဒီလို...။

ဒီလိုလေး အော်ထားတော့ သူတို့အနေနဲ့ လမ်းနှစ်သွယ် သွားလို့ရတယ်
(၁) အကယ်၍ ရှူံးခဲ့သော် ဒီလိုတွေ လိမ်တယ် ဒီလိုတွေ ညစ်ပတ်တယ် ဒါတွေကြောင့် သူတို့
     နိုင်နေပါလျှက်နဲ့ ရှူံးခဲ့ရပါတယ် ... ကြားဖြတ်ရွှေးကောက်ပွဲဟာ မတရားပါဘူး...လို့ သူတို့
     အော်ကြမယ်..အရှူံးကို ကာကွယ်မယ်..။
(၂) အကယ်၍ နိုင်ခဲ့သော် ဒီလိုတွေ ညစ်ပတ်နေတာတောင် သူတို့ကို ပြည်သူက တကယ်ချစ်
     လို့  အခက်အခဲတွေက နေသူရဲကောင်း ဆန်ဆန် နိုင်ခဲ့တယ် အော်မယ်...ပနာယူမယ်..

ဒါတွေကြောင့် မဲဆွယ်ကာလမှာကတည်းက သူတို့ပဲ လေနဲ့ ပြဿနာတွေ တစ်ခုပြီးတစ်ခု လွင့်
ခဲ့တာ အခုထိပဲ...ဒါဆို စာဖတ်သူတွေ သဘောပေါက်ရောပေါ့...။
ကျွန်တော်တို့ ပဲခူးဘက်မှ ရပ်ကွက် ဘောလုံးကန်တော့ ဒီဘက်ရပ်ကွက်သားတွေက တခြားရပ်ကွက်အသင်းကို မယှဉ်နိုင်တော့ " အာ..အဲအသင်းကလူချတယ်..ညစ်ပတ်တယ်..ဒိုင်
ကိုလည်း ခေါက်ဆွဲကျွေးထားတယ်..ငါတို့ တော်တော်ရုန်းရမှာကွ..မနေ့က ပွဲမှာဆို ကြည့်..ဘာ..ညာ " ဆိုပြီး သတင်းအရင်လွင့်ထားတယ်..တကယ်လည်း ကန်ရော..ကံကောင်းလို့ ဟိုဘက်အသင်းက အုပ်စု ပတ်လည်ကနေ ဖိုင်နယ်ကို ဆွဲခေါ်ချင်လို့
အရူံးလည်းကန်ပေးရော..အသံကတမျိုးပြောင်းသွားတယ်.." ကြည့်..သူတို့ လုချတာတောင်
ညစ်တာတောင် ဒိုင်မျက်နှာလိုက်တာတောင် ငါတို့က နိုင်တယ်ကွ..အရည်အချင်းပဲကွ..ဘာ..ညာ.." ဖြစ်သွားပြန်ရောဗျာ..။

ကဲ အခုလည်း အဲဒီဘောလုံးပွဲလို ဖြစ်နေတယ်..ငပွတွေက..။
တကယ်ဆို ခင်းထားတဲ့ အကွက်တွေက သိပ်လှတယ်..ငပွ ခင်းတဲ့ အကွက်မဟုတ်ဘူး..။
ငပွတွေကို ဒီလမ်းထဲရောက်အောင် ဆွဲတင်ပေးလိုက်တယ်..ပြီးတော့ ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်မယ်..ထိုင်ခုံပေါ်ရောက်လာတဲ့စာရွှက်တွေကို အချင်းချင်း ထောက်ခံကြ
ကန့်ကွက်ကြ..ထိုင်ခုံကြီးကြီးရတဲ့ ငပွခေါင်းလည်းပြုတ်..ငပွလေးတွေ ဦးတည်ရာမဲ့နေရော..
ငပွကြီးလည်း အရင်က ဆို ဘယ်သူ ညစ်ပတ်လို့..ဘယ်သူချုပ်လို့ဆိုပြီး အော်လို့ရသေးတယ်..
အခုတော့ သူလိုပဲ မဲတွေနဲ့တတ်လာတဲ့ ထိုင်ခုံတွေပဲ ဆိုတော့ သူပြောသမျှ နာခံမှာ မဟုတ်သလို ကန့်ကွက်ရင်လည်း သူဘာမှ မတတ်နိုင်ရှာဘူး..သူပြောပြောနေတဲ့ အများဆန္ဒကြီး နဲ့ တွေ့င်္ပြီလေ..ငပွလေးတွေလည်း ခေါင်းကြီးက ပြုတ်ထွက်သွားပြီဆိုတာနဲ့ 
အရံခုံမှာ ထိုင်နေတဲ့ ထောင်ထွက် အသက်၄၀ ကျော် ကျောင်းသားနာမည်တပ်တွေနဲ့ ပဲ ဝိုင်းရ
တော့မှာ..သူတို့လည်း ခေတ်က သိပ်ရှိတော့တာမဟုတ်..။ ဒီလမ်းပေါ် တတ်လာလို့ ပျော်နေတဲ့
ဒေါင်းမြီးတွေ .. လူရာသွင်းလို့ ပျော်နေရှာတာ..တကယ်က ..မနိုင် နိုင်အောင်ကို လုပ်ပေးပြီး ဒီထဲ ခေါ်ချလာတယ်..အဲဒါတွေ ကြိုမြင်မှာစိုးတော့ သဘောမကျသယောင် အကွက်လေးတွေ ခင်းပေး..ငပွလေးတွေ ထင်တာကတော့ အကြိတ် အနယ်ပေါ့လေ..။
နောက်ဆုံးတော့..ဒေါင်းဘေးမှာ အမှန်ခြစ်တွေများလာလေ..အားလုံးကပျော်နေလေပဲလေ..
ခြံရှေ့လွတ်နေတဲ့ ကြက်တော့ ဒုက္ခခံပြီး ဒုတ်နဲ့ လိုက်ရိုက်စရာမှ မလိုတော့ဘူးလေ..
ခြံထဲကို ဇကွဲလေး ပစ်ကျွေးလိုက် ခြောက်လှန့်ဟန်လေးပြလိုက်နဲ့...ခြံထဲလည်း ရောက်ရော..
နောင်..ဘယ်အချိန် ရိုက်စားစား..ဟင်..သိပ်ကောင်းတဲ့ ကြက်သား...။

______________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Readmore »

ဗလောင်းဗလဲပြောတဲ့ သူမပါးစပ် ထဲက ၂၅ %

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကိုချစ်ပါတယ်ဆိုပြီး ပြည်သူတွေ့ရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်အပေါ်မှာ မလိုမုန်းထားပြီး မဇ္ဈိယစိတ်ပွားကာ တစ်နေရာတစ်မျိုးပြောတဲ့ စကားတွေကြောင့် တပ်မတော်သားတွေနဲ့ တပ်မတော်အပေါ်ချစ်ခင်နေတဲ့သူတွေက အထင်မကြီးဘူးဆိုတာ ပြောပြပါရစေ။ တပ်မတော်ရဲ့စေတနာကို နားလည်တဲ့သူတွေက နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အသက်ပေးထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေအပေါ်ယုံကြည်မှုအပြည့် ရှိတယ် ဆိုတာမမေ့ပါနဲ့။ လူပုဂ္ဂိုလ်စွဲမထားဘဲ တပ်မတော်ဆိုတာ ပြည်သူကြားကပေါက်ဖွားလာတဲ့ ပြည်သူ့ရင်နှစ်သည်းချာလေးတွေဆိုတာ မမေ့ပါနဲ့။ တပ်မတော်သားတွေရဲ့ မိဘတွေကလည်း သာမန်ပြည်သူ တွေပါပဲ။ NLD ကိုထောက်ခံမှ ပြည်သူလို့သတ်မှတ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်နေရာရောက်ခဲ့သော်လည်း မိခင်မေတ္တာကို အပြည့်အ၀မသိနားမလည်ခဲ့။ မပေးနိုင်ခဲ့တဲ့သူလို့ ယုံကြည် မိပါတယ်။ 

မိခင်မေတ္တာအပြည့်အ၀နားမလည်တဲ့သူကို ပြည်သူတွေက ‘ အမေ ’ တပ်ပြီး အခေါ်ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှက်တတ်ရင်သေလောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စာသားလေး တစ်ခုပြောချင်ပါတယ်။ အဲ့ဒါကတော့ “ ပြည်သူကမွေး၊ ကျွေးခဲ့တဲ့တပ်မတော်”တဲ့။ တကယ်တော့ တပ်မတော်ဆိုတာ ပြည်သူ့ရင်နှစ်သည်းချာတွေနဲ့ ဖွဲ့စည်းထားတဲ့ပြည်သူတွေကို အသက်၊ သွေး စွန့်လွှတ်ပြီး နိုင်ငံတော်ကို ကာကွယ်စောင်ရှောက်နေတဲ့သူတွေရဲ့ နားခိုရာပါ။ အဲ့ဒီတာဝန်တွေကို ထမ်းဆောင်နေတဲ့ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လှည်းကူး၊ ကလော၊ လားရှိုး အစရှိတဲ့ တပ်မတော်သားအများစုရှိတဲ့မြို့တွေမှာ တပ်မတော်ကို စည်းရုံးဟောပြောမဲဆွယ်မှုတွေ တွေ့ရပါတယ်။ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချစ်ခင်ပါလားလို့ တွေးနေတဲ့အတွေးလေးမဆုံးခင်မှာ မတ်လ ၁၄ ရက်နေကလွှင့်တဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် မဲဆွယ်စည်းရုံးဟောပြောမှုမှာတော့ တပ်မတော်အပေါ် လိုလားမှုမရှိတဲ့စကားတွေနဲ့ လွှတ်တော်ထဲက တပ်မတော်သား၂၅% ကို ဖယ်ရှားဖို့ အတိအလင်း ပြောကြားသွားခဲ့တာ   တွေ့မြင်သိကြားခဲ့ရပါတယ်။ 

ဒါကြောင့် ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး စကားအမျိုးပြော တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်အမှန်နဲ့လိမ်ညာနေတဲ့သရုပ်မှန်ကို  ပြည်သူတွေသိချိန်တန်ပြီလို့ ကျွန်တော့်အနေနဲ့ယူဆမိတဲ့အတွက် ဒီဆောင်းပါးလေးကို ရေးသားရခြင်း ဖြစ်ပါတယ်။

၁၉၈၈ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် တိုင်းသတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရင်သာပါ (Karan Thapar) တို့ရဲ့ပြောကြားချက်ကို ပြန်ကြည့်ရင်…
“တပ်မတော်နဲ့ပြည်သူကြားမှာ သဘောကွဲလွဲမှုမရှိသင့်ဘူး တပ်မတော်ဟာ ပြည်သူလူထုက လေးစားပြီး ယုံကြည်ရတဲ့ အင်အားတစ်ခုဖြစ်သင့်တယ်။ တပ်မတော်ဟာ သူ့သိက္ခာသူထိန်းနိုင်ဖို့နဲ့ တိုင်းပြည် ကောင်းဖို့အတွက် နိုင်ငံရေးမှာမပါသင့်ဘူးလို့ အခိုင်အမာယုံကြည်ပါတယ်လို့ပြောခဲ့ပါတယ်။
နောက်တစ်ခုအနေနဲ့ နိုင်ငံရေးမှာဇောက်ချပြီးလုပ်ဖို့ စိတ်ကူးရှိသလားလို့မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “နိုင်ငံရေးထဲမှာ နစ်မွန်းနေရမဲ့ဘ၀မျိုးဟာ ကျွန်မအတွက် မက်မော ဖွယ်ရာမဟုတ်ပါဘူး။ နေရာလုဖို့ စိတ်မ၀င်စားတာကြောင့် ပေါင်းစည်းညီညွှတ်အောင်လုပ်ပေးတဲ့ အင်အားတစ်ခုအနေနဲ့သာ ပါဝင်နေတာ ဖြစ်တယ်” လို့ပြောခဲ့တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မေ့မယ်မဟုတ်ဘူးလို့ထင်ပါတယ်။ 


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မတ်လ ၁၇ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စည်းရုံးရေးခရီးစဉ်မှာတော့
“နိုင်ငံရေးဟာငါတို့နဲ့မဆိုင်ဘူး၊ နိုင်ငံရေးသမားတွေနဲ့ဘဲဆိုင်တယ်။ အဲဒါမဟုတ်ပါဘူး။  နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်။ အဲဒါကြောင့် လူတိုင်းကပါဝင်ပြီးလုပ်သင့်ပါတယ်။ အဲဒီလူတိုင်းမှာ တပ်မတော်သား တွေလည်းပါတယ်။ တပ်မတော်သားတွေ NLD ကိုမဲပေးကြပါ။ အဲဒီလိုတပ်မတော်ရဲ့ အစဉ်အလာတွေကို ဆက်ပြီးတော့ ကျွန်မတို့ ထိန်းချင်တယ်။ တိုတိုပြောရရင် NLD အဖွဲ့ချုပ်ကို ထောက်ခံကြပါလို့ပြောချင်တယ်” လို့ပြောခဲ့တာ ဒေါ်အောင်ဆန်းစုကြည် မှတ်မိဦးမယ်ထင်ပါတယ်။ 

အဲဒီလို ရှေ့နောက်မညီတဲ့စကားတွေနဲ့  တစ်နေရာတစ်မျိုးပြောပြီး စည်းရုံးနေတာကို ပြည်သူ တစ်ချို့ကမသိပေမယ့် သိတဲ့ပြည်သူတွေသိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူနဲ့ တပ်မတော်သားတွေဆီကရရှိတဲ့မဲနဲ့ အာဏာရရှိဖို့၊ အာဏာရရှိတဲ့အခါ နောက်ကွယ်က အားပေးနေတဲ့ သခင်ကြီးတွေ အလိုကျ ကြိုးဆွဲရာကဖို့ ကြိုးစားနေတယ်ဆိုတာကို အတိုင်းသာမြင်နေရပါတယ်။  တပ်မတော်ကို နိုင်ငံရေးလုပ်ပါလို့ပြောပြီး လွှတ်တော်အတွင်းက ၂၅% ကိုဖယ်ရှားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ကို သူမကိုယ်တိုင်ဘဲ နိုင်ငံပိုင် မီဒီယာကတဆင့် ပြောခဲ့တာက “မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကအင်အားစု ဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ဖြစ်စဉ်များအရ လက်ရှိ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာမပါမဖြစ်ပါရန် လိုအပ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖို့ အစဉ်အမြဲ  အဆင်သင့်ရှိမယ်လိုလည်း ကျွန်မယုံကြည်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူအုပ်ချုပ်သူတိုကြားမှ ထားရှိတဲ့ပဋိညာဉ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်။
ထင်ရှားတဲ့ ဥပမာတစ်ခုပေးရမယ်ဆိုရင် ပြည်သူတွေကို ပြည်သူကတင်မြှောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅% ပါဝင်နေတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွတ်တော်အသီးသီးမှာ ပြည်သူတွေရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး”လို့ ပြောခဲ့တာကလည်း တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဆိုတာ မရှိရင်မဖြစ်ဘူးဆိုတာကိုသိရင် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို လျှောက်လှမ်းနေတဲ့ အချိန်ကာလမှာ လွှတ်တော်ထဲက တပ်မတော်သား တွေကို ပယ်လို့မဖြစ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်တွေးမိမှာပါ။ ဘာဖြစ်လို့ပယ်ချင်ရတာလဲ ဆိုတာကိုတော့ ကြိုးဆွဲရုပ်လေးဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သိမှာပါ။ 

လူမိုက်ဆိုတာ မှားတာကိုသိပေမယ့် အမှားလို့ဝန်မခံချင်ကြပါဘူး။ အမှားလို့ဝန်ခံလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတာတွေ အလကားဖြစ်မှာစိုးတာကြောင့် မဖြစ်နိုင်တဲ့စကားတွေနဲ့ လေလုံးတွေထွားနေတာကလည်း မြန်မာပြည်သူ တွေအတွက် ရင်လေးစရာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဖခင်(ဗိုလ်ချုပ်အောင်ဆန်း)တည်ထောင်ခဲ့တဲ့ တပ်မတော်လို့ ပြောနေပေမယ့် အဲ့ဒီတပ်မတော်အပေါ်မှာ အရင်တုန်းကလည်း လိုလားမှုမရှိသလို အခုအချိန်ထိလည်းလိုလားမှုမရှိဘူးဆိုတာ တွေ့နေရပါတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲများများရဖို့တစ်ခုတည်းနဲ့ တပ်မတော်သားတွေ အများစုနေထိုင်တဲ့ နေရာတွေမှာတော့ ကျွန်မဟာဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း)တည်ထောင်ခဲ့တဲ့ တပ်မတော် ကိုလည်းချစ်ပါတယ်ဆိုပြီး တပ်မတော်အနေနဲ့ NLD ကိုမဲပေးဖို့ပြောပြီးတော့ အခြားနေရာတွေမှာတော့ တပ်မတော်နဲ့ပြည်သူကို စိတ်ဝမ်းကွဲစေမယ့် စကားတွေ သုံးနှုန်းပြီး စည်းရုံးနေတာ တွေ့နေရပါတယ်။


နောက်တစ်ခုအနေနဲ့လည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ညှိုနှိုင်းဖြေရှင်းဖို့မကြိုးစားဘဲ တိုင်းပြည်သိက္ခာကျအောင်၊ ကမ္ဘာ့အလည်မှာ မြန်မာဟေ့လိုကြွေးကြော်လာတဲ့ လွတ်လပ်ရေးဖခင်ကြီး ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေတဲ့ တိုင်းရင်းသား လူမျိုးတွေပါဝင်တဲ့ အုပ်ချုပ်မှုယန္တယားများကို စော်ကားတာကလည်း လားရှိုးစည်းရုံးရေး ခရီးစဉ်ဟောပြောမှုများက သက်သေပြနေပါတယ်။ 

“မဲစာရင်းနဲ့ပတ်သတ်လို့ ကျွန်မတို့အမြန်ဆုံး ကူညီပါ့မယ်။ ပိုက်ဆံမပေးလို့ မှတ်ပုံတင်မလုပ်ပေးရင် အမြန်ဆုံးလက်မှတ်ထိုးပြီးတော့ ကျွန်မတို့အဖွဲ့ချုပ်ကိုတင်လိုက်ပါ။ ကျွန်မတို့တတ်နိုင်သမျှလုပ်ပေးပါမယ်။ အဲ့ဒါကြောင့် ကျွန်မတို့ကပိုက်ဆံမပေးလို့ မှတ်ပုံမတင်ပေးပါဘူးလို့အမည်စာရင်းသာ NLD အဖွဲ့ကိုပို့လိုက်ပါ။ ရွေးကောက်ပွဲအမှီ မှတ်ပုံတင်မလုပ်ပေးရင်တောင်မှ ဒီသတင်းဟာ တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံး ပြန့်နှံ့သွားအောင်လုပ်ပေးနိုင်ပါတယ်။ ဒီ့ထက်တတ်နိုင်ရင် ဒီထက်ပိုပြီးတော့လုပ်ပေးပါမယ်လို့ ကျွန်မပြောချင် ပါတယ်” ဆိုတဲ့စကားဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်နိုင်ငံကြီးတွေကို အားကိုးပြီး မြန်မာပြည်ကို သိက္ခာမကျ ကျအောင်လုပ်နေတယ်ဆိုတာ သိသာပါတယ်။

 ညှိုနှိုင်းဖြေရှင်းလိုရတာတွေကို ပုံကြီးချဲ့ပြီး ကမ္ဘာသိအောင်ပြောမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ဓါတ်ဟာ ဘယ်လောက်ထိ အောက်တန်းကျ တယ်ဆိုတာ မြန်မာ့မြေ၊ မြန်မာ့ရေမှာနေပြီး မြန်မာပြည်ကိုချစ်တဲ့ တိုင်းရင်းသား လူမျိုးတွေအားလုံး နှလုံးသားနဲ့ခံစားကြည့်ရင်သိနိုင်ပါတယ်။ တကယ်ဘဲရင်နာစရာကောင်းလှသလို ပြည်သူတွေကိုချစ်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှုတ်ဖျားကစကားတွေက ပြည်သူတွေရဲ့နှလုံးသားနဲ့ မြန်မာအုပ်ချုပ်မှုယန္တရားကို စော်ကားသလို ဖြစ်နေတယ်ဆိုတာ မသိလို့လား၊ ရိုးသားဖြူစင်တဲ့ပြည်သူတွေရဲ့ နှလုံးသားကို ဒီမိုကရေစီဆိုတဲ့ စကားလုံးလေးနဲ့ ကိုယ်ကျိုးအတွက် ကုန်းရုန်းပြီး စည်းရုံးနေပေမယ့် ရှေ့နောက်မညီတဲ့စကား၊ ဖောက်ပြား လော်လီတဲ့စကားတွေကြောင့် တစ်ချိန်ချိန်မှာ အမျိုးပျောက်မှာ စိုးကြောက်မိပါတယ်။

 ဒီနေရာမှာ ဒီပြည်သူကိုပြောတဲ့စကားလုံးက တခြားနေရာက ပြည်သူတွေ မကြားနိုင်ဘူးလို့ မထင်ပါနဲ့။ ပြည်သူတွေရဲ့ နားမျက်စိတွေကိုဖွင့်ပေးမယ့် မြန်မာ့ဒီမိုကရေစီရေးအတွက် အနှောက်အယှက်ပေးမဲ့သူတွေကို ဖယ်ရှား ပေးမယ့် စတုတ္ထမဏ္ဍိုင်သမား စစ်စစ်ကြီးတွေ အိုးပစ်အိမ်ပစ်နဲ့ ပြည်သူတွေနှလုံးလားကို ဖွင့်ပေးနေတယ်ဆိုတာ သတိရပါ။ တစ်နပ်စားအကြံနဲ့ မဟုတ်မမှန်လုပ်ကြံပြီး ပြောမယ်ဆိုရင်တော့ ရင်နဲ့မချိတဲ့ ဒုက္ခတွေခံစားရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြေးဖြေးမှန်မှန်နဲ့သွားနေတဲ့ မြန်မာ့ဒီမိုကရေစီ ရေစီးကြောင်းထဲမှာ ဒိုက်လဲမချပါနဲ့။ အမှိုက်လည်းမဖွပါနဲ့။ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေဖို့ ပေးဆပ်မှုတွေရှိရမယ်ဆိုတာ မှန်ပေမယ့် တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးပြီး မြန်မာနိုင်ငံကို အချောင်နှိုက်ဖို့ မကြံပါနဲ့။ တပ်မတော်သည် ပြည်သူကြားမှာ ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ပြည်သူကိုထိရင် တပ်မတော်အနေနဲ့ လက်ခံမှာမဟုတ်သလို၊ နိုင်ငံတော်အေးချမ်းမှုကို ပျက်စီးမယ့်လုပ်ရပ်မှန်သမျှ အသက်ကိုပဓာနမထားပဲ ပေးဆပ်နေမယ်ဆိုတဲ့ တပ်မတော်သားတွေရဲ့ သစ္စာဓိဋ္ဌာန်ကို ယုံကြည်စေချင်ပါတယ်။ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ချင်ရင် တပ်မတော်သားတွေရဲ့ သစ္စာလေးချက်ဦးထိပ်မှာ ပန်ဆင်ရွက်တဲ့စိတ်ဓာတ်ကိုပဲ အရင်ဖြိုနိုင်အောင် ကြိုးစားစေချင်ပါတယ်။ 

 တောင်ပေါ်စစ်သည်
Readmore »

သမ္မတကြီးပြောတဲ့ ရှူံးနိမ့်မှူကို နားလည်ခံယူတတ်ပါစေ

ကြားဖြတ်ရွေးကောက်ပွဲ၌် ပါတီများအနေဖြင့် ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတမှ ပြောကြားခဲ့ပါသည်။
 
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများအနေဖြင့် ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲများ၏ ထုံးစံအရ ရှုံးသူနှင့် နိုင်သူ ထွက်ပေါ်လာမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို အားလုံးက ကျေနပ်လက်ခံနိုင်အောင် နားလည်မှု ရှိရှိ၊ ယုံကြည်မှု ရှိရှိ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုပါကြောင်း၊

မိဘ ပြည်သူများ၏ အဆုံးအဖြတ်ကို ခံယူကြရာတွင် အရှုံးကို တွေ့ကြုံရသော်လည်း ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးပါကြောင်း၊

မိဘပြည်သူများ၏ ဆုံးဖြတ်ချက်သည် အဓိကဖြစ်သည်ကို နိုင်ငံရေး ပါတီများအနေဖြင့် နားလည်ယုံကြည်ထားကြရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်တစ်ခုတည်းနှင့် မလုံလောက်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများအပြင် မိမိတို့ အစိုးရ၊ မီဒီယာများ၊ မိဘပြည်သူများအားလုံး ၀ိုင်းဝန်းဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
Readmore »

ဒို့ သမ္မတကြီးကို မဲ ပေးစို့

ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးက နှစ်စဉ်ဖော်ပြသော နာမည်ကျော် သြဇာရှိသော ပုဂ္ဂိုလ် ၁၀၀
စာရင်း ၂၀၁၂ ခုနှစ်အတွက် ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ လွပ်လပ်
သော နှောင်ကြိုးမဲ့သော တရားမျှတသော သမ္မတကြီး ဦးသိန်းစိန် အား ဆန်ခါတင် ရွှေးချယ်ထား
ပြီး ယခုအခါ သဘောထားကောက်ခံလျှက် ရှိပါသည် ။

ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွပ်လပ်သော အနှောင်အဖွဲ့ကင်းသော သမ္မတကြီး ကို
ဖော်ပြပေးနိုင်ရန် အောက်ပါ လင့်( Time မဂ္ဂဇင်း၏ WebPage )တွင် သွားရောက် မဲပေးနိုင်ပါပြီ
http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html


ကျွန်တော်တို့ အနေဖြင့် ကျွန်တော်တို့၏ လွပ်လပ်သော နောင်ကြိုးကင်းသော တတ်ကြွသော
စကားနည်းပြီး အလုပ်လုပ်ပြသော သမ္မတကြီးအား ကမ္ဘာက အသုံးချနေခြင်း မဟုတ်ပဲ အသိအမှတ်ပြုနေချိန်ဝယ် ကျွန်တော်တို့မှလည်း သမ္မတကြီး၏ နောက်မှ ရပ်တည်နေကြောင်း
သက်သေပြသည့်အနေဖြင့် TIME မဂ္ဂဇင်း၏ အဆိုပါ လင့်ခ် သို့ သွားရောက်၍ မဲပေးနိုင်ပြီ ဖြစ်
ကြောင်း ပြည်ထောင်စုသား ညီနောင်ဘွားတို့ကို အသိပေးလိုက်ပါရစေ ။
_________________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ


Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ