Apr 1, 2012

ဗလောင်းဗလဲပြောတဲ့ သူမပါးစပ် ထဲက ၂၅ %

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကိုချစ်ပါတယ်ဆိုပြီး ပြည်သူတွေ့ရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်အပေါ်မှာ မလိုမုန်းထားပြီး မဇ္ဈိယစိတ်ပွားကာ တစ်နေရာတစ်မျိုးပြောတဲ့ စကားတွေကြောင့် တပ်မတော်သားတွေနဲ့ တပ်မတော်အပေါ်ချစ်ခင်နေတဲ့သူတွေက အထင်မကြီးဘူးဆိုတာ ပြောပြပါရစေ။ တပ်မတော်ရဲ့စေတနာကို နားလည်တဲ့သူတွေက နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အသက်ပေးထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေအပေါ်ယုံကြည်မှုအပြည့် ရှိတယ် ဆိုတာမမေ့ပါနဲ့။ လူပုဂ္ဂိုလ်စွဲမထားဘဲ တပ်မတော်ဆိုတာ ပြည်သူကြားကပေါက်ဖွားလာတဲ့ ပြည်သူ့ရင်နှစ်သည်းချာလေးတွေဆိုတာ မမေ့ပါနဲ့။ တပ်မတော်သားတွေရဲ့ မိဘတွေကလည်း သာမန်ပြည်သူ တွေပါပဲ။ NLD ကိုထောက်ခံမှ ပြည်သူလို့သတ်မှတ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်နေရာရောက်ခဲ့သော်လည်း မိခင်မေတ္တာကို အပြည့်အ၀မသိနားမလည်ခဲ့။ မပေးနိုင်ခဲ့တဲ့သူလို့ ယုံကြည် မိပါတယ်။ 

မိခင်မေတ္တာအပြည့်အ၀နားမလည်တဲ့သူကို ပြည်သူတွေက ‘ အမေ ’ တပ်ပြီး အခေါ်ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှက်တတ်ရင်သေလောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စာသားလေး တစ်ခုပြောချင်ပါတယ်။ အဲ့ဒါကတော့ “ ပြည်သူကမွေး၊ ကျွေးခဲ့တဲ့တပ်မတော်”တဲ့။ တကယ်တော့ တပ်မတော်ဆိုတာ ပြည်သူ့ရင်နှစ်သည်းချာတွေနဲ့ ဖွဲ့စည်းထားတဲ့ပြည်သူတွေကို အသက်၊ သွေး စွန့်လွှတ်ပြီး နိုင်ငံတော်ကို ကာကွယ်စောင်ရှောက်နေတဲ့သူတွေရဲ့ နားခိုရာပါ။ အဲ့ဒီတာဝန်တွေကို ထမ်းဆောင်နေတဲ့ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လှည်းကူး၊ ကလော၊ လားရှိုး အစရှိတဲ့ တပ်မတော်သားအများစုရှိတဲ့မြို့တွေမှာ တပ်မတော်ကို စည်းရုံးဟောပြောမဲဆွယ်မှုတွေ တွေ့ရပါတယ်။ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချစ်ခင်ပါလားလို့ တွေးနေတဲ့အတွေးလေးမဆုံးခင်မှာ မတ်လ ၁၄ ရက်နေကလွှင့်တဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် မဲဆွယ်စည်းရုံးဟောပြောမှုမှာတော့ တပ်မတော်အပေါ် လိုလားမှုမရှိတဲ့စကားတွေနဲ့ လွှတ်တော်ထဲက တပ်မတော်သား၂၅% ကို ဖယ်ရှားဖို့ အတိအလင်း ပြောကြားသွားခဲ့တာ   တွေ့မြင်သိကြားခဲ့ရပါတယ်။ 

ဒါကြောင့် ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး စကားအမျိုးပြော တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်အမှန်နဲ့လိမ်ညာနေတဲ့သရုပ်မှန်ကို  ပြည်သူတွေသိချိန်တန်ပြီလို့ ကျွန်တော့်အနေနဲ့ယူဆမိတဲ့အတွက် ဒီဆောင်းပါးလေးကို ရေးသားရခြင်း ဖြစ်ပါတယ်။

၁၉၈၈ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် တိုင်းသတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရင်သာပါ (Karan Thapar) တို့ရဲ့ပြောကြားချက်ကို ပြန်ကြည့်ရင်…
“တပ်မတော်နဲ့ပြည်သူကြားမှာ သဘောကွဲလွဲမှုမရှိသင့်ဘူး တပ်မတော်ဟာ ပြည်သူလူထုက လေးစားပြီး ယုံကြည်ရတဲ့ အင်အားတစ်ခုဖြစ်သင့်တယ်။ တပ်မတော်ဟာ သူ့သိက္ခာသူထိန်းနိုင်ဖို့နဲ့ တိုင်းပြည် ကောင်းဖို့အတွက် နိုင်ငံရေးမှာမပါသင့်ဘူးလို့ အခိုင်အမာယုံကြည်ပါတယ်လို့ပြောခဲ့ပါတယ်။
နောက်တစ်ခုအနေနဲ့ နိုင်ငံရေးမှာဇောက်ချပြီးလုပ်ဖို့ စိတ်ကူးရှိသလားလို့မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “နိုင်ငံရေးထဲမှာ နစ်မွန်းနေရမဲ့ဘ၀မျိုးဟာ ကျွန်မအတွက် မက်မော ဖွယ်ရာမဟုတ်ပါဘူး။ နေရာလုဖို့ စိတ်မ၀င်စားတာကြောင့် ပေါင်းစည်းညီညွှတ်အောင်လုပ်ပေးတဲ့ အင်အားတစ်ခုအနေနဲ့သာ ပါဝင်နေတာ ဖြစ်တယ်” လို့ပြောခဲ့တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မေ့မယ်မဟုတ်ဘူးလို့ထင်ပါတယ်။ 


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မတ်လ ၁၇ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စည်းရုံးရေးခရီးစဉ်မှာတော့
“နိုင်ငံရေးဟာငါတို့နဲ့မဆိုင်ဘူး၊ နိုင်ငံရေးသမားတွေနဲ့ဘဲဆိုင်တယ်။ အဲဒါမဟုတ်ပါဘူး။  နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်။ အဲဒါကြောင့် လူတိုင်းကပါဝင်ပြီးလုပ်သင့်ပါတယ်။ အဲဒီလူတိုင်းမှာ တပ်မတော်သား တွေလည်းပါတယ်။ တပ်မတော်သားတွေ NLD ကိုမဲပေးကြပါ။ အဲဒီလိုတပ်မတော်ရဲ့ အစဉ်အလာတွေကို ဆက်ပြီးတော့ ကျွန်မတို့ ထိန်းချင်တယ်။ တိုတိုပြောရရင် NLD အဖွဲ့ချုပ်ကို ထောက်ခံကြပါလို့ပြောချင်တယ်” လို့ပြောခဲ့တာ ဒေါ်အောင်ဆန်းစုကြည် မှတ်မိဦးမယ်ထင်ပါတယ်။ 

အဲဒီလို ရှေ့နောက်မညီတဲ့စကားတွေနဲ့  တစ်နေရာတစ်မျိုးပြောပြီး စည်းရုံးနေတာကို ပြည်သူ တစ်ချို့ကမသိပေမယ့် သိတဲ့ပြည်သူတွေသိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူနဲ့ တပ်မတော်သားတွေဆီကရရှိတဲ့မဲနဲ့ အာဏာရရှိဖို့၊ အာဏာရရှိတဲ့အခါ နောက်ကွယ်က အားပေးနေတဲ့ သခင်ကြီးတွေ အလိုကျ ကြိုးဆွဲရာကဖို့ ကြိုးစားနေတယ်ဆိုတာကို အတိုင်းသာမြင်နေရပါတယ်။  တပ်မတော်ကို နိုင်ငံရေးလုပ်ပါလို့ပြောပြီး လွှတ်တော်အတွင်းက ၂၅% ကိုဖယ်ရှားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ကို သူမကိုယ်တိုင်ဘဲ နိုင်ငံပိုင် မီဒီယာကတဆင့် ပြောခဲ့တာက “မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကအင်အားစု ဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ဖြစ်စဉ်များအရ လက်ရှိ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာမပါမဖြစ်ပါရန် လိုအပ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖို့ အစဉ်အမြဲ  အဆင်သင့်ရှိမယ်လိုလည်း ကျွန်မယုံကြည်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူအုပ်ချုပ်သူတိုကြားမှ ထားရှိတဲ့ပဋိညာဉ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်။
ထင်ရှားတဲ့ ဥပမာတစ်ခုပေးရမယ်ဆိုရင် ပြည်သူတွေကို ပြည်သူကတင်မြှောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅% ပါဝင်နေတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွတ်တော်အသီးသီးမှာ ပြည်သူတွေရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး”လို့ ပြောခဲ့တာကလည်း တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဆိုတာ မရှိရင်မဖြစ်ဘူးဆိုတာကိုသိရင် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို လျှောက်လှမ်းနေတဲ့ အချိန်ကာလမှာ လွှတ်တော်ထဲက တပ်မတော်သား တွေကို ပယ်လို့မဖြစ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်တွေးမိမှာပါ။ ဘာဖြစ်လို့ပယ်ချင်ရတာလဲ ဆိုတာကိုတော့ ကြိုးဆွဲရုပ်လေးဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သိမှာပါ။ 

လူမိုက်ဆိုတာ မှားတာကိုသိပေမယ့် အမှားလို့ဝန်မခံချင်ကြပါဘူး။ အမှားလို့ဝန်ခံလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတာတွေ အလကားဖြစ်မှာစိုးတာကြောင့် မဖြစ်နိုင်တဲ့စကားတွေနဲ့ လေလုံးတွေထွားနေတာကလည်း မြန်မာပြည်သူ တွေအတွက် ရင်လေးစရာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဖခင်(ဗိုလ်ချုပ်အောင်ဆန်း)တည်ထောင်ခဲ့တဲ့ တပ်မတော်လို့ ပြောနေပေမယ့် အဲ့ဒီတပ်မတော်အပေါ်မှာ အရင်တုန်းကလည်း လိုလားမှုမရှိသလို အခုအချိန်ထိလည်းလိုလားမှုမရှိဘူးဆိုတာ တွေ့နေရပါတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲများများရဖို့တစ်ခုတည်းနဲ့ တပ်မတော်သားတွေ အများစုနေထိုင်တဲ့ နေရာတွေမှာတော့ ကျွန်မဟာဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း)တည်ထောင်ခဲ့တဲ့ တပ်မတော် ကိုလည်းချစ်ပါတယ်ဆိုပြီး တပ်မတော်အနေနဲ့ NLD ကိုမဲပေးဖို့ပြောပြီးတော့ အခြားနေရာတွေမှာတော့ တပ်မတော်နဲ့ပြည်သူကို စိတ်ဝမ်းကွဲစေမယ့် စကားတွေ သုံးနှုန်းပြီး စည်းရုံးနေတာ တွေ့နေရပါတယ်။


နောက်တစ်ခုအနေနဲ့လည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ညှိုနှိုင်းဖြေရှင်းဖို့မကြိုးစားဘဲ တိုင်းပြည်သိက္ခာကျအောင်၊ ကမ္ဘာ့အလည်မှာ မြန်မာဟေ့လိုကြွေးကြော်လာတဲ့ လွတ်လပ်ရေးဖခင်ကြီး ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေတဲ့ တိုင်းရင်းသား လူမျိုးတွေပါဝင်တဲ့ အုပ်ချုပ်မှုယန္တယားများကို စော်ကားတာကလည်း လားရှိုးစည်းရုံးရေး ခရီးစဉ်ဟောပြောမှုများက သက်သေပြနေပါတယ်။ 

“မဲစာရင်းနဲ့ပတ်သတ်လို့ ကျွန်မတို့အမြန်ဆုံး ကူညီပါ့မယ်။ ပိုက်ဆံမပေးလို့ မှတ်ပုံတင်မလုပ်ပေးရင် အမြန်ဆုံးလက်မှတ်ထိုးပြီးတော့ ကျွန်မတို့အဖွဲ့ချုပ်ကိုတင်လိုက်ပါ။ ကျွန်မတို့တတ်နိုင်သမျှလုပ်ပေးပါမယ်။ အဲ့ဒါကြောင့် ကျွန်မတို့ကပိုက်ဆံမပေးလို့ မှတ်ပုံမတင်ပေးပါဘူးလို့အမည်စာရင်းသာ NLD အဖွဲ့ကိုပို့လိုက်ပါ။ ရွေးကောက်ပွဲအမှီ မှတ်ပုံတင်မလုပ်ပေးရင်တောင်မှ ဒီသတင်းဟာ တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံး ပြန့်နှံ့သွားအောင်လုပ်ပေးနိုင်ပါတယ်။ ဒီ့ထက်တတ်နိုင်ရင် ဒီထက်ပိုပြီးတော့လုပ်ပေးပါမယ်လို့ ကျွန်မပြောချင် ပါတယ်” ဆိုတဲ့စကားဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်နိုင်ငံကြီးတွေကို အားကိုးပြီး မြန်မာပြည်ကို သိက္ခာမကျ ကျအောင်လုပ်နေတယ်ဆိုတာ သိသာပါတယ်။

 ညှိုနှိုင်းဖြေရှင်းလိုရတာတွေကို ပုံကြီးချဲ့ပြီး ကမ္ဘာသိအောင်ပြောမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ဓါတ်ဟာ ဘယ်လောက်ထိ အောက်တန်းကျ တယ်ဆိုတာ မြန်မာ့မြေ၊ မြန်မာ့ရေမှာနေပြီး မြန်မာပြည်ကိုချစ်တဲ့ တိုင်းရင်းသား လူမျိုးတွေအားလုံး နှလုံးသားနဲ့ခံစားကြည့်ရင်သိနိုင်ပါတယ်။ တကယ်ဘဲရင်နာစရာကောင်းလှသလို ပြည်သူတွေကိုချစ်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှုတ်ဖျားကစကားတွေက ပြည်သူတွေရဲ့နှလုံးသားနဲ့ မြန်မာအုပ်ချုပ်မှုယန္တရားကို စော်ကားသလို ဖြစ်နေတယ်ဆိုတာ မသိလို့လား၊ ရိုးသားဖြူစင်တဲ့ပြည်သူတွေရဲ့ နှလုံးသားကို ဒီမိုကရေစီဆိုတဲ့ စကားလုံးလေးနဲ့ ကိုယ်ကျိုးအတွက် ကုန်းရုန်းပြီး စည်းရုံးနေပေမယ့် ရှေ့နောက်မညီတဲ့စကား၊ ဖောက်ပြား လော်လီတဲ့စကားတွေကြောင့် တစ်ချိန်ချိန်မှာ အမျိုးပျောက်မှာ စိုးကြောက်မိပါတယ်။

 ဒီနေရာမှာ ဒီပြည်သူကိုပြောတဲ့စကားလုံးက တခြားနေရာက ပြည်သူတွေ မကြားနိုင်ဘူးလို့ မထင်ပါနဲ့။ ပြည်သူတွေရဲ့ နားမျက်စိတွေကိုဖွင့်ပေးမယ့် မြန်မာ့ဒီမိုကရေစီရေးအတွက် အနှောက်အယှက်ပေးမဲ့သူတွေကို ဖယ်ရှား ပေးမယ့် စတုတ္ထမဏ္ဍိုင်သမား စစ်စစ်ကြီးတွေ အိုးပစ်အိမ်ပစ်နဲ့ ပြည်သူတွေနှလုံးလားကို ဖွင့်ပေးနေတယ်ဆိုတာ သတိရပါ။ တစ်နပ်စားအကြံနဲ့ မဟုတ်မမှန်လုပ်ကြံပြီး ပြောမယ်ဆိုရင်တော့ ရင်နဲ့မချိတဲ့ ဒုက္ခတွေခံစားရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြေးဖြေးမှန်မှန်နဲ့သွားနေတဲ့ မြန်မာ့ဒီမိုကရေစီ ရေစီးကြောင်းထဲမှာ ဒိုက်လဲမချပါနဲ့။ အမှိုက်လည်းမဖွပါနဲ့။ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေဖို့ ပေးဆပ်မှုတွေရှိရမယ်ဆိုတာ မှန်ပေမယ့် တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးပြီး မြန်မာနိုင်ငံကို အချောင်နှိုက်ဖို့ မကြံပါနဲ့။ တပ်မတော်သည် ပြည်သူကြားမှာ ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ပြည်သူကိုထိရင် တပ်မတော်အနေနဲ့ လက်ခံမှာမဟုတ်သလို၊ နိုင်ငံတော်အေးချမ်းမှုကို ပျက်စီးမယ့်လုပ်ရပ်မှန်သမျှ အသက်ကိုပဓာနမထားပဲ ပေးဆပ်နေမယ်ဆိုတဲ့ တပ်မတော်သားတွေရဲ့ သစ္စာဓိဋ္ဌာန်ကို ယုံကြည်စေချင်ပါတယ်။ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ချင်ရင် တပ်မတော်သားတွေရဲ့ သစ္စာလေးချက်ဦးထိပ်မှာ ပန်ဆင်ရွက်တဲ့စိတ်ဓာတ်ကိုပဲ အရင်ဖြိုနိုင်အောင် ကြိုးစားစေချင်ပါတယ်။ 

 တောင်ပေါ်စစ်သည်
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Maung said...

ကျနော် ပြောချင်နေတာတွေနဲ့  ထပ်တူနီးပါး ဖြစ်နေလို့  ဒီ ပို့ စ်ကို တင်ပေးသူ နဲ့  ရေးသူကို ကျေဇူးတင်ပါတယ်ခင်ဗျာ။
ဆက်ပြီးတော့  ရေးပါ၊ အားပေးနေပါတယ်။
ဖုန်းမောင် (U.S.A)

saru said...

ကောင်းတယ်ကွာ တကယ်မိုက်တယ် ဒီဆိုဒ်ကိုရေးတဲ့လူတွေကို တကယ်ပဲချီးကျူးပါတယ်......
အခုသစ်ထူးလွင် ဆိုဒ်မှာတင်ထားတဲ့ စစစ ရုံးကပြုတ်ကျပြီးသေသွားတဲ့ရှမ်းတိုင်းရင်းသူရဲ့အကြောင်းကို လည်းစုံစမ်းပြီးတင်ပေးစေချင်ပါတယ် ဒီကတင်တဲ့သတင်းကိုပဲယုံပါတယ်

saru said...

ကောင်းတယ်ကွာ တကယ်မိုက်တယ် ဒီဆိုဒ်ကိုရေးတဲ့လူတွေကို တကယ်ပဲချီးကျူးပါတယ်......
အခုသစ်ထူးလွင် ဆိုဒ်မှာတင်ထားတဲ့ စစစ ရုံးကပြုတ်ကျပြီးသေသွားတဲ့ရှမ်းတိုင်းရင်းသူရဲ့အကြောင်းကို လည်းစုံစမ်းပြီးတင်ပေးစေချင်ပါတယ် ဒီကတင်တဲ့သတင်းကိုပဲယုံပါတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ