Apr 4, 2012

ကာချုပ် ဘာကြောင့် အဆင့်တိုးလဲ

အခုတလော ပွလာတဲ့ ကိစ္စက ကာချုပ်ကြီး ဘာကြောင့် အဆင့်တိုးသလဲ
ဟုတ်ကဲ့ တချို့ကတော့ ပြောကြပါတယ်..
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဆိုတော့  သူ့အထက်က ဗိုလ်ချုပ်မှူးကြီး များ ရှိနေမလား..အဲဒီလူဟာ
ဦးသန်းရွှေများ ဖြစ်နေမလား ..စသည်ဖြင့်ပေါ့လေ...။
ဒေါ်စု က လွှတ်တော်ထဲ ရောက်ရင် တပ်မတော်သား အမတ် ၂၅ % ကို ဖယ်ရှားဖို့ ကြိုးပမ်းမှာမို့စစ်တပ်ကဏ္ဍ မြင့်တင်တာ စတဲ့သတင်းတွေကို ကြားနေရပါတယ်...တကယ်တော့ မဟုတ်လာက်ပါဘူး..။

ကျွန်တော်တို့လို အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ခန့်မှန်းတွက်လို့ရနိုင်ပါတယ်
အကျိုးအကြောင်း ၂ ချက် ရှိပါတယ် ။
(၁)
အဲဒါကတော့ အောက်ခြေ ရာထူးကွာဟမှူ ဖြစ်တယ်
 အောက်ခြေ..
.အောက်ခြေ လို့ပြောရပေမယ့် က-စ-ထ မှူးတွေနဲ့ တိုင်းမှူးတွေရဲ့ အဆင့်level တူညီမှူကို ခြားလိုက်တာ ဖြစ်ပါတယ် ။ အခုချိန်မှာ က-စ-ထ မှူးတွေဟာ တိုင်းမှူးတွေနဲ့ ရာထူးတူ ဗိုလ်ချုပ်တွေ ဖြစ်နေပါတယ် ။ တပ်မတော် ဖွဲ့စည်းပုံအရ က-စ-ထ မှူးဟာ စစ်တိုင်းမှူးတွေထက် ကြီးသူတွေဖြစ်တာကြောင့် အခုလို ရာထူး တူညီနေမှူဟာ တာဝန်ထမ်းဆောင်မှူမှာအခက်အခဲအများဆုံး ကြုံတွေ့နေရပါတယ် ။ က-စ-ထ မှူးအောက်မှာ စစ်တိုင်းမှူးတွေ ရှိပါတယ် ။
သာမာန် ခြေလျှင်တပ်ရင်းတရင်းလောက်မှာ ရာထူးတူညီမှူဟာ သိပ်မထူးခြားပေမယ့် ဒီအဆင့်တွေမှာတော့ အတော်တာ သွားတဲ့ကိစ္စဖြစ်ပါတယ် ။
ဒါကြောင့် က-စ-ထ မှူးတွေနဲ့ စစ်တိုင်းမှူးတွေရဲ့ ရာထူးကွာခြားချက်ကို ခြားနားပေးရန်အတွက်
က-စ-ထ များကို တပ်တော်ကြီး အဆင့် တိုးမြင့်ရန် အတွက် ရာထူးများတိုးမြင့်ပြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း upgrade အတွက် လိုအပ်လို့သာဖြစ်ပါလိမ့်မယ် ။ဒါမှသာ အဆင့်ဆင့်ရာထူးမြင့်ရင်း အထက်တွေကို ဌာန နဲ့ရာထူး တိုးသာတာ ဖြစ်ပါလိမ့်မယ်..။
(၂)
ဟ..ဒါဆို စစ်တပ်က ရာထူးတိုးချင်သလို တိုးပေးလိုက်သလား ဆိုတော့ တဖက်က ပြန်တွေးလိုက်ပါ... ယခု ရာထူးတိုးတာဟာ သမ္မတ ကနေတိုးလိုက်တာဖြစ်ပါတယ်.။
ယခု ကာချုပ်ကြီး ရာထူးဟာလည်း နိုင်ငံတကာနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် 5 star general အဆင့်နဲ့ ညီပါတယ် ။

 ဒါဟာ တပ်မတော်ကို နိုင်ငံတကာနဲ့ အညီ အဆင့်မြင့်တင်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ် ။လေတပ်မှာ လေယာဉ်တွင် အသစ်ရောက်ရှိတာ လေယာဉ်တွေကို အဆင့်မြင့်တင်နေတာ ရေတပ်မှာ စစ်သဘောင်္တွေ ဝယ်ယူခြင်း အဆင့်မြင့်တင်ခြင်း လက်နက်စနစ်များ အသစ်များ တပ်ဆင်ခြင်း လေကြောင်းရန်ကာကွယ်ရေးတပ်များအတွက် စနစ်သစ်များ ဝယ်ယူဖြည့်တင်းခြင်း အပြင် တင့်များမကျန် အဆင့်မြှင့်နေခြင်းနှင်း စစ်သင်တန်းကျောင်းများတွင်ပါ သင်ရိုးညွှန်းတမ်း အသစ်များ ထပ်ထည့်ခြင်း ခြေလျှင်တင့် ပူးပေါင်းစစ်ဆင်ရေးများလုပ်ခြင်း ခြေလျှင်များအတွက် ယူနီဖောင်းများ ပြောင်းလဲရန် သတင်းအချို့ ထွက်လာခြင်းတို့ဟာ လက်ရှိစစ်တပ်ကို နိုင်ငံတကာ မဟုတ်တောင် အာရှမှာ ကျားတစ်ကောင် ဖြစ်လာရန် ကြိုးစားနေခြင်းနှင့်လည်း ဆက်စပ် စဉ်းစားနိုင်ပါသည် ။






ကျွန်တော်တို့ ရေးသားချက်တွေဟာ အနီးစပ်ဆုံးခန့်မှန်းချက်တွေ ဖြစ်ပြီး ယတိပြတ် ဤသို့ဖြစ်လာမည် ဟု ရေးသားခြင်းမဟုတ်ပါ ကြောင်း ဝန်ခံပါရစေ..။
__________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

moezat said...

We will be always to fight any enemy

moezat said...

We are always stand by to fight any enemy.

Anonymous said...

မောင်ကျောက်ခဲရေ . . Myanmaarexpress.net ကိုပြောပေးပါ . . .။ အရင်ကတော့ Myanmaarexpress.net ကို အနီးစပ်ဆုံးသတင်းမှန်တွေတင်ပေးလို့ တလေးတစားနဲ့ အမြဲဖတ်ဖြစ်တယ်…. သတင်းမှန်သိချင်ရင် Myanmarexpress.net ကိုပဲ ၀င်ဖတ်ဖြစ်တာ….။ အခုကြတော့ Myanmarexpress.net က သိက္ခာကို တန်ဖိုးမထားတော့ပဲ သူများကို နိုင်ချင်တာ တစ်ခုတည်းနဲ့ မဟုတ်မမှန် လုပ်ကြံသတင်းတွေ လျှောက်တင် ဖတ်ရတာ အာရုံနောက်တဲ့အပြင် . . . Myanmarexpress.net ကို မယုံမကြည်တောင် ဖြစ်နေပါပြီ . . . ။ အရင်က မှန်မှန်ကန်ကန် သတင်းတွေကို မြန်မြန်ဆန်ဆန် တင်ပေးတည်ဆိုတဲ့ ကောင်းတဲ့အချက်လေးတွေကို ပြန်ထိန်းသိမ်းစေလိုပါကြောင်း . . . တဆင့်ပြောပေးလို့ရရင် ပြောပေးပါ . . .။ သတင်းအမှန်များကိုသာ ဖတ်ချင်ပါ၏ . . . (ကောင်းသတင်းရော မကောင်းသတင်းရော)

Anonymous said...

ဟုတ်ကဲ့..ကျွန်တော် အထင်ပေါ့နော်..အကိုပြောသွားတာ နိုင်ချင်တာ တခုတည်းနဲ့ မဟုတ်မမှန်သတင်းတွေ လျှောက်တင်တယ်ဆိုတာ အေပရယ် ၁ ရက်နေ့က သတင်းတွေကို ပြောတာလို့ ယူဆပါတယ်..ဒါဟာလည်း အေပရယ်ဖူးဒေး အဖြစ် နောက်ပြောင်သရော်တဲ့ သတင်းတွေ ဖြစ်ပါလိမ့်မယ် ခင်ဗျာ..။
MEG က အဲလို လုပ်တတ်တယ်လေ..။ :)

wei said...

you're right mgkyautkhae,, our country need number one arny::

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ