Apr 1, 2012

သမ္မတကြီးပြောတဲ့ ရှူံးနိမ့်မှူကို နားလည်ခံယူတတ်ပါစေ

ကြားဖြတ်ရွေးကောက်ပွဲ၌် ပါတီများအနေဖြင့် ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတမှ ပြောကြားခဲ့ပါသည်။
 
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများအနေဖြင့် ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲများ၏ ထုံးစံအရ ရှုံးသူနှင့် နိုင်သူ ထွက်ပေါ်လာမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို အားလုံးက ကျေနပ်လက်ခံနိုင်အောင် နားလည်မှု ရှိရှိ၊ ယုံကြည်မှု ရှိရှိ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုပါကြောင်း၊

မိဘ ပြည်သူများ၏ အဆုံးအဖြတ်ကို ခံယူကြရာတွင် အရှုံးကို တွေ့ကြုံရသော်လည်း ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးပါကြောင်း၊

မိဘပြည်သူများ၏ ဆုံးဖြတ်ချက်သည် အဓိကဖြစ်သည်ကို နိုင်ငံရေး ပါတီများအနေဖြင့် နားလည်ယုံကြည်ထားကြရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်တစ်ခုတည်းနှင့် မလုံလောက်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများအပြင် မိမိတို့ အစိုးရ၊ မီဒီယာများ၊ မိဘပြည်သူများအားလုံး ၀ိုင်းဝန်းဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ