Apr 1, 2012

ရွှေးကောက်ပွဲကာလ NLD တွေ ခင်းတဲ့ အကွက်နှင့် ပျော်နေသူများသို့ သနားသဖြင့်ရေးသောစာ

ကြားဖြတ်ရွှေးကောက်ပွဲကြီးစခဲ့ပေပြီ
အောင်မြင်မှူများလည်း ရရှိပေပြီ...ပါတီအားလုံး ကျေနပ်စွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့လေပြီ...


သို့သော်...သို့သော်ပေါ့ဗျာ။
ကျန်သော ပါတီများ မည်သည့်အသံမျှထွကမလာသော်လည်း ကမ္ဘာကျော် ငပွလက်အောက်ခံ
ငပွပါတီကတော့ အာချောင် အူသေးတာတော့ မဟုတ်သေးပါဘူးဗျာ ။
ကျွန်တော်တို့ရဲ့ နှောင်ကြိုးမဲ့ လွပ်လပ်သော သမ္မတကြီးက အနိုင်အရှူံးအတွက် ခံယူနားလည်
တတ်ရန် ပြောခဲ့သော်လည်း အနိုင်လည်း မနေတတ် အရူံးလည်း မခံတတ်သော လူစားမျိုးများ
အာချောင်နေတာကတော့ နားခါးသဗျ ။

ဘယ့်နှယ်...ငပွတွေ ဒီကာလတွေ သုံးတဲ့ ဗျူဟာ ကို မောင်ကျောက်ခဲတို့ စောင့်ကြည့်နေတယ်..။
ပြောပြမယ်..။
ရွှေးကောက်ပွဲ မတိုင်ခင် ပွဲဆူစေမဲ့ hot news တွေကို တင်တယ်ဗျာ..သူတို့ရဲ့ အဓိကပြိုင်ဘက်လို့
သူတို့တွေးတဲ့ ပြည်ခိုင်ဖြိုး နဲ့ သူတို့ရန်စောင်နေတဲ့ စစ်တပ်ကို ရွှေးကောက်ပွဲမတိုင်ခင် ကတည်း
က လူကြားထဲ ရုတ်ရုတ်သဲသဲ ဖြစ်အောင် တိုက်ခဲ့တယ် ။
ဥပမာ..ပြည်ခိုင်ဖြိုးက ဘယ်လိုခြိမ်းခြောက်နေတယ် ... ပြည်ခိုင်ဖြိုးက လူကြီးတစ်ယောက် ပြောင်းဖူးကြီးကိုင်ပြီး ယတြာချေတယ် ဘာညာပေါ့...။ဟိုဘက်က ပြန်မဖြေရှင်းရင် သူတို့က ကြိုက်လေပေါ့...။ ပြည်ခိုင်ဖြိုးကလည်း တော်ရုံမဖြေရှင်းတော့ဘူးလေ...အရူးချီးပန်းလိုက်ပြောနေတာ
ကို အလုပ်လုပ်နေတဲ့ လူက ဘယ်လို တောက်လျှောက်ကြီး ဖြေရှင်းမလဲ..။

အဲ..နောက်တစ်ခု..
အဲဒါက စစ်တပ်နဲ့  သက်ဆိုင်တယ်..မဲဆွယ်ကာလ ကတည်းက စစ်သားတွေကို ပုတ်ချလိုက်
မြောက်ပင့်လိုက် ဖားလိုက်နဲ့ မဲဆွယ်ခဲ့တယ်..။ စစ်သားတစ်ယောက်ကများ နုတ်ဆက်မိရင် ပျော်နေတာ..ခွေးပေါက်တစ်ကောင်ကို လူရာသွင်းပေးလို့ ပျော်နေတဲ့ အတိုင်း
။ စစ်သား တစ်ယောက် ပြသနာ ဖြစ်ရင် မြန်မာစစ်တပ်ကြီး ပြိုကွဲတော့မယောင် လွှင့်လိုက်တဲ့
သတင်းတွေ...။

ကဲ အခု လာပြီ...
ဒါကအရေးကြီးတယ်..ကလေးကွက်နဲ့ မီဒီယာ အားကိုး သောင်းကျန်းတာ
အစကတည်းက သူတို့ကို ညစ်တယ် ပတ်တယ်နဲ့ ...တောက်လျှောက်အော်ခဲ့တယ်...
ဒီနေ့တနေ့လုံးလည်း အော်နေတုန်းပဲ...ဟော ဘယ်နေရာမှာ ဘာဖြစ်ပြန်ပြီ..ဘယ်မြို့မှာတော့ လိမ်ပြန်ပြီ. သတင်းက တိကျတယ်ပေါ့..သတင်းပေးသူသတင်းထောက်နာမည် ဖုန်းနံပါတ်ကအစ ပေးပြီးတင်ပြတယ်..အဲဒါနဲ့  မိန်းကလေးနာမည်ကိုတောင် မှုခင်းဂျာနယ်တွေမှာ မဖော်ပြ ပုံမပြတဲ့ စာနာမှူရှိတဲ့ မြန်မာအမျိုးသမီး သိက္ခာကို ထောက်ထားခြင်းကို ငဲ့ကွက်ထားတာတောင် နာမည်ရော ရုပ်ရော ဖော်ပြပြီး မုဒိန်းကျင့်ခံရတာပါ လို့ သတင်းအတိအကျ ပေးတတ်တဲ့ သတင်းထောက်တွေကြီးကတော့ ဘယ်သူအလိမ်ခံရတယ် မတရားခံရတယ် ကျတော့ နာမည်ရော ရုပ်ရော မဖော်ပြပဲ သူတို့ နာမည်နဲ့ ဖုန်းနံပါတ်ပဲ ပေးနေတာကတော့ မရိုးဘူးနော်...အဲဒါက အကြောင်းရှိတယ်လေ..ဒီလို ဒီလို...။

ဒီလိုလေး အော်ထားတော့ သူတို့အနေနဲ့ လမ်းနှစ်သွယ် သွားလို့ရတယ်
(၁) အကယ်၍ ရှူံးခဲ့သော် ဒီလိုတွေ လိမ်တယ် ဒီလိုတွေ ညစ်ပတ်တယ် ဒါတွေကြောင့် သူတို့
     နိုင်နေပါလျှက်နဲ့ ရှူံးခဲ့ရပါတယ် ... ကြားဖြတ်ရွှေးကောက်ပွဲဟာ မတရားပါဘူး...လို့ သူတို့
     အော်ကြမယ်..အရှူံးကို ကာကွယ်မယ်..။
(၂) အကယ်၍ နိုင်ခဲ့သော် ဒီလိုတွေ ညစ်ပတ်နေတာတောင် သူတို့ကို ပြည်သူက တကယ်ချစ်
     လို့  အခက်အခဲတွေက နေသူရဲကောင်း ဆန်ဆန် နိုင်ခဲ့တယ် အော်မယ်...ပနာယူမယ်..

ဒါတွေကြောင့် မဲဆွယ်ကာလမှာကတည်းက သူတို့ပဲ လေနဲ့ ပြဿနာတွေ တစ်ခုပြီးတစ်ခု လွင့်
ခဲ့တာ အခုထိပဲ...ဒါဆို စာဖတ်သူတွေ သဘောပေါက်ရောပေါ့...။
ကျွန်တော်တို့ ပဲခူးဘက်မှ ရပ်ကွက် ဘောလုံးကန်တော့ ဒီဘက်ရပ်ကွက်သားတွေက တခြားရပ်ကွက်အသင်းကို မယှဉ်နိုင်တော့ " အာ..အဲအသင်းကလူချတယ်..ညစ်ပတ်တယ်..ဒိုင်
ကိုလည်း ခေါက်ဆွဲကျွေးထားတယ်..ငါတို့ တော်တော်ရုန်းရမှာကွ..မနေ့က ပွဲမှာဆို ကြည့်..ဘာ..ညာ " ဆိုပြီး သတင်းအရင်လွင့်ထားတယ်..တကယ်လည်း ကန်ရော..ကံကောင်းလို့ ဟိုဘက်အသင်းက အုပ်စု ပတ်လည်ကနေ ဖိုင်နယ်ကို ဆွဲခေါ်ချင်လို့
အရူံးလည်းကန်ပေးရော..အသံကတမျိုးပြောင်းသွားတယ်.." ကြည့်..သူတို့ လုချတာတောင်
ညစ်တာတောင် ဒိုင်မျက်နှာလိုက်တာတောင် ငါတို့က နိုင်တယ်ကွ..အရည်အချင်းပဲကွ..ဘာ..ညာ.." ဖြစ်သွားပြန်ရောဗျာ..။

ကဲ အခုလည်း အဲဒီဘောလုံးပွဲလို ဖြစ်နေတယ်..ငပွတွေက..။
တကယ်ဆို ခင်းထားတဲ့ အကွက်တွေက သိပ်လှတယ်..ငပွ ခင်းတဲ့ အကွက်မဟုတ်ဘူး..။
ငပွတွေကို ဒီလမ်းထဲရောက်အောင် ဆွဲတင်ပေးလိုက်တယ်..ပြီးတော့ ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်မယ်..ထိုင်ခုံပေါ်ရောက်လာတဲ့စာရွှက်တွေကို အချင်းချင်း ထောက်ခံကြ
ကန့်ကွက်ကြ..ထိုင်ခုံကြီးကြီးရတဲ့ ငပွခေါင်းလည်းပြုတ်..ငပွလေးတွေ ဦးတည်ရာမဲ့နေရော..
ငပွကြီးလည်း အရင်က ဆို ဘယ်သူ ညစ်ပတ်လို့..ဘယ်သူချုပ်လို့ဆိုပြီး အော်လို့ရသေးတယ်..
အခုတော့ သူလိုပဲ မဲတွေနဲ့တတ်လာတဲ့ ထိုင်ခုံတွေပဲ ဆိုတော့ သူပြောသမျှ နာခံမှာ မဟုတ်သလို ကန့်ကွက်ရင်လည်း သူဘာမှ မတတ်နိုင်ရှာဘူး..သူပြောပြောနေတဲ့ အများဆန္ဒကြီး နဲ့ တွေ့င်္ပြီလေ..ငပွလေးတွေလည်း ခေါင်းကြီးက ပြုတ်ထွက်သွားပြီဆိုတာနဲ့ 
အရံခုံမှာ ထိုင်နေတဲ့ ထောင်ထွက် အသက်၄၀ ကျော် ကျောင်းသားနာမည်တပ်တွေနဲ့ ပဲ ဝိုင်းရ
တော့မှာ..သူတို့လည်း ခေတ်က သိပ်ရှိတော့တာမဟုတ်..။ ဒီလမ်းပေါ် တတ်လာလို့ ပျော်နေတဲ့
ဒေါင်းမြီးတွေ .. လူရာသွင်းလို့ ပျော်နေရှာတာ..တကယ်က ..မနိုင် နိုင်အောင်ကို လုပ်ပေးပြီး ဒီထဲ ခေါ်ချလာတယ်..အဲဒါတွေ ကြိုမြင်မှာစိုးတော့ သဘောမကျသယောင် အကွက်လေးတွေ ခင်းပေး..ငပွလေးတွေ ထင်တာကတော့ အကြိတ် အနယ်ပေါ့လေ..။
နောက်ဆုံးတော့..ဒေါင်းဘေးမှာ အမှန်ခြစ်တွေများလာလေ..အားလုံးကပျော်နေလေပဲလေ..
ခြံရှေ့လွတ်နေတဲ့ ကြက်တော့ ဒုက္ခခံပြီး ဒုတ်နဲ့ လိုက်ရိုက်စရာမှ မလိုတော့ဘူးလေ..
ခြံထဲကို ဇကွဲလေး ပစ်ကျွေးလိုက် ခြောက်လှန့်ဟန်လေးပြလိုက်နဲ့...ခြံထဲလည်း ရောက်ရော..
နောင်..ဘယ်အချိန် ရိုက်စားစား..ဟင်..သိပ်ကောင်းတဲ့ ကြက်သား...။

______________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

မြန်မာနိုင်ငံသား said...

ကောင်းပါတယ်ဗျာ ခုလိုဝေဖန်တာ မိန်ကန်သော ဖော်ပြချက်လို့ထင်ပါတယ်

Anonymous said...

lee lar

Anonymous said...

သိတော့ဘူးဗျာ ကျွန်တော်တို့ဦးနှောက်နဲ့လိုက်ပြီးမစဉ်းစားတတ်တော့ဘူး ဘယ်သူမဆို ကိုယ့်အတွေ့အကြုံ ကိုယ့်ပညာအရည်အချင်းနဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ် ဆယ်ကွက်ကျော်လောက်ပိုမြင်အောင်ကြည့်ကြတာဘဲ သူ့အကွက်နဲ့သူပေါ့

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ