May 20, 2014

၂၀၁၂ မတိုင်မီနဲ့၂၀၁၂ နောက်ပိုင်း အစိုးရနဲ့အတိုက်အခံ အခြေအနေသုံးသပ်ချက်

၂၀၁၂ မတိုင်မီ ..
အုပ်စု နှစ်ခုပဲရှိတယ် အစိုးရဘက်နဲ့အတိုက်အခံဘက် ..
အစိုးရဘက်မှာ ကြံ့ဖွတ်နဲ့တပ်မတော်ပါဝင်တယ်
အတိုက်အခံဘက်မှာသံဃာထုတစ်ရပ်လုံးနဲ့ ယခုအမျိုးသားရေးသမားများ
အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ကြတယ် ..
စစ်အာဏာရှင်တွေကြောင့် ပြည်သူတွေက တပ်မတော်ကိုလည်း ရွံကြောက်ကြီး
ကြောက်ခဲ့ကြတယ် ကြံ့ဖွတ်ကိုလည်းမုန်းတီးကြတယ် အစိုးရကိုလည်းလုံးဝမကြိုက်
ကြဘူး အတိုက်အခံဘက်ကိုကျတော့ အားလုံးက မျှော်လင့်အားကိုးကြီးစွာနဲ့ ပုံအောထားကြတယ် ..


၂၀၁၂ ပြီးနောက် ..
အုပ်စု သုံးခုဖြစ်သွားတယ် အစိုးရ၊ အတိုက်အခံနဲ့ အမျိုးသားရေး ..
အစိုးရဘက်မှာ ကြံ့ဖွတ်နဲ့ တပ်မတော်ပါဝင်တယ် ..
အတိုက်အခံဘက်မှာ သံဃာထုတစ်ရပ်လုံးမပါဝင်တော့ဘူး ပြည်သူလူထုတစ်ရပ်လုံးမပါဝင်တော့ဘူး .. ပြည်သူလူထုထဲက အမျိုးသားရေးသမားလို့ ခေါ်တဲ့ ပြည်သူတွေက အတိုက်အခံကို သဘောမကျတော့ဘူး၊ သံဃာထုထဲက အမျိုးသားရေးသမားလို့ခေါ်တဲ့ သံဃာတွေက အတိုက်အခံကို သဘောမကျတော့ဘူး ..အမျိုးသားရေးထဲကို အတိုက်အခံကိုအားပေးခဲ့တဲ့ သံဃာတွေပါဝင်လာတယ် အတိုက်အခံကို သဘောကျခဲ့တဲ့ ပြည်သူတွေပါဝင်လာတယ် အမျိုးသားလုံခြုံရေးကိုအလေး
ထားတဲ့တပ်မတော်သားတွေပါဝင်လာတယ် ..
ဘယ်သူအောင်မြင်ပြီး ဘယ်သူကျရှုံးနေတယ်ဆိုတာ အဖြေက .....................?
တောင်အဆင်းလမ်းမှာ ဘရိတ်မမိတဲ့ ကားတစ်စီးကို ဘရိတ်မမိကြောင်း
အသိမပေးပဲ တက်မောင်းခိုင်းရင် လုပ်ကြံတာပဲ ..
မှောင်မည်းနေတဲ့လမ်းမှာ ဒီလမ်းအတိုင်းဆက်သွားရင် ချောက်ထဲကျမယ်ဆိုတာ
သိသိကြီးနဲ့ လမ်းကောင်းပါတယ် ရောက်တော့မယ် ဆက်သွားပါဆိုပြီး တိုက်တွန်းနေရင် လုပ်ကြံတာပဲ ..
အဲ့ဒီ့လိုပဲ ကျရှုံးနေမှန်းသိသိကြီးနဲ့ အောင်မြင်နေပါတယ် လူထုတစ်ရပ်လုံး ပါဝင်နကြပါတယ်ဆိုပြီး မြှောက်ပေးနေခြင်းကလည်း လုပ်ကြံနေခြင်းပဲဆိုတာ သဘောပေါက်ကြပါ

From:[_ Marn Htan Myo _]

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ခင်ဗျားတို့ဗိုက်ထဲမှာ ပုဏ္ဏားလေးတွေများရှိသလားဗျာ မှန်လိုက်တာ That right.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ