May 21, 2014

မျိုးစောင့်ဥပဒေကို တပ်မတော်က လက်ခံမှာလား

သမ္မတကြီးက မျိုးစောင့်ဥပဒေရေးဆွဲခွင့်ကို ခွင့်ပြုပေးပြီးနောက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားများနှင့် ထိမ်းမြားမှု၏ နောက်ဆက်တွဲဆိုးမွေများ မခံစားနိုင်စေရန်အတွက် ရည်ရွှယ်ခဲ့တဲ့ ဒီဥပဒေဟာ အသက်ဝင်လာဖို့တဖြည်းဖြည်းနီးကပ်လာပါပြီ ။ နယ်ပယ်အသီးသီးက နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတစ်ချို့   ကလည်း ကန့်ကွက်နေတဲ့ကြားမှာ မေးစရာရှိလာတာကတော့ တပ်မတော်ကရော အမျိုးစောင့် ဥပဒေ ကိုထောက်ခံ ဖို့ရှိပါ့မလားဆိုတာပဲဖြစ်ပါတယ်။



လွပ်လပ်ရေးရပြီးကတည်းက ဘာသာအလိုက် ထိမ်းမြားခြင်းဥပဒေတွေ သတ်မှတ်ပေးခဲ့ပါတယ်( စာကြွင်း။ အစ္စလာမ်  ဘာသာရဲ့ ရှရီယာဥပဒေ ကိုတော့ သတ်မှတ်ထားပေးခြင်းမတွေ့ရပါဘူး ) ။ဘာသာများအလိုက်ဥပဒေ  ပြဌာန်းရာမှာ အထူးအရေးကြီးတာကတော့ သက်ဆိုင်ရာ ဘာသာဝင်တွေကို မနစ်နာစေရေးနဲ့ ဘာသာရေးစော်ကား  ခံရမှုမရှိစေရေး အထူးအလေးပေးထားတာကိုတွေ့နိုင်ပါတယ်။ခရစ်ယာန်မှာဆိုရင်လည်း ဘုန်းတော်ကြီးနဲ့လိုင်စင်ရ  ခွင့်ပြုသူရှေ့မှာလက်ထပ်ရပြီး ဟိန္ဒူမှာဆိုရင်လည်း ဘာသာခြားနဲ့ထိမ်းမြားခွင့်ကို လုံးဝ တားမြစ်ထားပါတယ်။မွတ်ဆ  လင်ဘာသာမှာဆိုလည်း ဘာသာပြောင်းပြီးမှ လက်ထပ်ခွင့်ပြုထားပါတယ်။ဗုဒ္ဓဘာသာမှာတော့ မိမိနှစ်သက်ရာသူနဲ့   ထိမ်းမြားနိုင်ပြီး ပတ်ဝန်းကျင် ၇ နှစ်အိမ်အတည်ပြုရင်ကို ထိမ်းမြားမှုမြောက်ပါတယ်။ဒီလို ပေါ့ပါး ညှာတာတဲ့ ဘာသာ  အနေနဲ့ အခြားဘာသာခြားများနဲ့ ပေါင်းဖက်ရာမှာ အတင်းအကျပ်ဘာသာပြောင်းခံရခြင်းတွေ ၊ ဘာသာပြောင်းပြီးမှ မတူညီမှုများ(ပတ်ဝန်းကျင်/ခံယူချက်)ကြောင့် အမျိုးသမီးများဟာ အခွင့်အရေးတွေဆုံးရှုံးနေရတာကြောင့် အမျိုး ၊ ဘာသာ၊သာသနာ အဖွဲ့တွေ ဦးဆောင်ပြီး မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ဖို့ ကြိုးစားလာတာ အောင်မြင်လုနီးပါးတွေ့လာ  ရပါပြီ။ ပါတီကြီးနှစ်ခုကလည်း ထောက်ခံသူကတစ်ဖက် ၊ကန့်ကွက်သူကတစ်ဖက် ဖြစ်နေတဲ့ကြားမှာ တပ်မတော်ရဲ့  သဘောထားကရော ဘယ်လိုရှိနိုင်သလဲ ဆိုတဲ့ မှန်းဆမှုတွေနဲ့ စောင့်ကြည့်နေသူတွေလည်းရှိပါတယ် ။ ဆိုရှယ်နက် ၀ပ်တွေမှာတော့ တပ်မတော်သားတော်တော်များများက ထောက်ခံရေးသားမှုတွေ မြင်နေရပါတယ်။

လွတ်တော်မှာ အတည်ပြုဖို့ရှိလာရင် တပ်မတော်သားအမတ်တွေရဲ့ ၂၅ရာခိုင်နှုန်းသော အားလည်းရှိပါသေး  တယ်။တပ်မတော်အနေနဲ့ ကမ္ဘာ့နိုင်ငံရေး/စစ်ရေး ပြောင်းလဲမှုတွေကို အမြဲမပြတ်လေ့လာစောင့်ကြည့်နေရတဲ့ သဘောရှိတဲ့အတွက် ယနေ့အချိန်အခါမှာ ဖြစ်ပွါးလာတဲ့ ဘာသာရေးအစွန်းရောက်မှုတွေ ပျံ့ နှံ့လာမှုအန္တရာယ်ကို ပို  မိုသတိထားမိနေမှာတော့ သေချာပါတယ် ။ဖခင်ဘာသာကိုမပြောင်းလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေဒဏ် ပေးတာတွေ၊ လင်ယောကျာင်္းရဲ့ ဘာသာကိုမပြောင်းလို့ နှိပ်စက်ခံရတာတွေလည်း နိုင်ငံတကာ သတင်း တွေမှာ အများအပြား တွေ့နေရပါတယ် ။အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီဘာသာရေးပြဿနာဟာ အတော်လေးကို လှုပ်ခတ်နေပြီး အစိုးရနဲ့သင့်တင့်စွာပေါင်းလျှက်ရှိတဲ့ အိမ်နီးချင်း အိန္ဒိယမှာဆို အမျိုးသားရေး ဝါဒီတွေ အာဏာရ  သွားပါတယ်။ဒီလို ပြဿနာတွေ ရှိလာတဲ့အချိန်မှာလည်း အနောက်ဘက်ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအရေးဟာပြေ  လည်မှုမရှိသေးတဲ့အပြင် RSO အစွန်းရောက်အဖွဲ့ကျူးကျော်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးသွားခြင်းတွေဖြစ်ပေါ်  လာခြင်းဟာ တပ်မတော်ရဲ့ မျိုးစောင့်ဥပဒေကို လက်ခံခြင်း/လက်မခံခြင်း ဆုံးဖြတ်ချက်ကို မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့  တွန်းအားတစ်ခုဖြစ်လာမှာပါ ။ကမ္ဘာမှာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံရယ်ဆိုလို့ မြန်မာနဲ့ထိုင်းနှစ်ခုတည်းပဲကျန်ပါ   တော့တယ် ။ ထိုင်းမှာဆိုရင်လည်း နိုင်ငံတောင်ပိုင်းဟာ မွတ်ဆလင်သောင်းကျန်သူတွေရဲ့ ကျုးကျော်မှုကိုခံလိုက်ရပြီ   မြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ်မျိုးဖြစ်မလာနိုင်ပေမယ့် ရခိုင်ပြည်နယ်ဟာ အလားအလာများတဲ့နေရာမှာ ရှိနေပါတယ်။ဗုဒ္ဓဘာသာဝင် ၈၉ ရာခိုင်နှုန်းရှိတဲ့နိုင်ငံမှာ ဘာသာကြီး ၄ခုရှိတဲ့အနက် ၃ ခုက ဘာသာရေးဥပဒေရှိပြီး ဗုဒ္ဓဘာသာအတွက် လိုအပ်နေတာကို တပ်မတော်က မသိချင်ယောင်ဆောင်မှာမဟုတ်ဘူးဆိုတာကို ယုံကြပါတယ်။ လက်ခံပြီးသားဖြစ်နေမှာပါ။သုံးသပ်ကြည့်မယ်ဆိုလျှင်လည်း မျိုးစောင့်ဥပဒေထောက်ခံလက်  မှတ်တွေကောက်ခံစဉ် တုန်းက တစ်သန်းနဲ့၃သိန်းကျော် ရရှိပြီး ကန့်ကွက်ခြင်းကတော့ အဖွဲ့ ၁၀၀ ကျော်ပဲရှိတာကိုတွေ့ရပါတယ် ။  

သမ္မတကြီးကိုယ်တိုင် ခွင့်ပြုပေးခဲ့သလို တပ်မတော်ကလည်း ငြင်းပယ်မှာမဟုတ်ဘူးလို့ စစ်ဘက်အရာရှိတွေရဲ့ အသိုင်းအဝိုင်းဆီက ပြန်ကြားရတာတွေရှိပါတယ် ။  တပ်မတော်ထိပ်ပိုင်းအရာရှိကြီးတွေဟာလည်း ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်သူတွေများပြီး မကြာခဏ သာသနာပြုလုပ်ငန်းတွေ အကြီးအကျယ် ပြုလုပ်နေတာ ကို တွေ့ရမှာပါ။ ဒီလိုသူတွေရှိတဲ့ တပ်မတော်ဟာ မျိုးစောင့်ဥပဒေကို ပါးစပ်ကမပြောတောင် စိတ်ထဲကတော့ လက်ခံပြီး သားဖြစ်နေမှာပါ။ တပ်မတော်ဘက်ကိုပြန်ကြည့်မယ်ဆိုရင် အင်အား ၅ သိန်းကျော်ရှိတဲ့ တပ်မတော်မှာ ဗုဒ္ဓဘာသာ မိသားစုတွေ တော်တော်များမှာပါပဲ ။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် အကျိုးပြုစေမယ့် ဒီဥပဒေကို တပ်မတော် က လက်ခံမယ်လို့ ယူဆလို့ရပါတယ် ။ ဒီနေရာမှာ နိုင်ငံရေးအနေနဲ့ ထည့်ပြောရမယ်ဆိုရင် ကန့်ကွက်သူ တွေဟာ ဥပဒေပြုဖို့  ကြိုးပမ်းနေသူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး အစိုးရနဲ့တပ်မတော် စနက် မကင်းဘူးလို့ ပြင်းထန်တဲ့ စွပ်စွဲမှုတွေဟာ တပ်မတော်ကို မျိုးစောင့်ဥပဒေ လက်ခံသူတွေဘက်ကို တွန်းပို့လိုက် သလိုလည်း ဖြစ်သွားစေနိုင် ပါသေးတယ် ။ ယခင်ကထက် ပိုမိုသဘောထားပျော့ပြောင်းလာတဲ့ တပ်မတော် ဟာလည်း ဒီဥပဒေကို နိုင်ငံတကာနဲ့ ပြည်တွင်းဖြစ်ရပ်တွေကို လေ့လာပြီး ထောက်ခံလာပါလိမ့်မယ်။ တပ်မတော် ထိပ်သီးပိုင်း တွေကတော့ မျိုးစောင့် ဥပဒေနဲ့ပတ်သတ်ပြီး ဖွင့်ဟပြောကြားခြင်းမရှိပေမယ့် တပ်မတော်အတွင်း မှာတော့ မျိုးစောင့်ဥပဒေဟာ လူပြောများနေပြီ ဖြစ်တယ်လို့ အရာရှိငယ်တွေဆီကလည်း ပြန်ကြားရတာတွေရှိပါတယ် ။ နိုင်ငံစည်းရိုးလုံခြုံမှု ဘက် က ကြည့်မယ်ဆိုလျှင်လည်း တပ်မတော်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာပဲ ဘာသာခြားတွေရဲ့  ကျုးကျော်မှု ကို ခံစားနေရတာကို  ပြည်သူတွေရဲ့စိတ်ထဲ သံသယမဖြစ် စေဖို့ တပ်မတော်ဟာ မျိုးစောင့်ဥပဒေကို လက်ခံခြင်း အားဖြင့် အနောက်ဘက်ဒေသရဲ့ ယုံကြည်မှုကိုရရှိ နေပါလိမ့်မယ်။ နိုင်ငံရေးဘက်က ကြည့်မယ် ဆိုလျှင်လည်း ကန့်ကွက်သူထက် ထောက်ခံသူများနေတဲ့ ဒီဥပဒေကို လက်ခံလိုက်ခြင်းအားဖြင့် တပ်မတော်ဟာ နိုင်ငံရေး ထောက်ခံမှုမှာ မျက်နှာပန်းလှစေမှာဖြစ် တဲ့ အချက်တွေ ရှိလာပါတယ် ။

အချုပ်အနေနဲ့ ညွှန်းရမယ်ဆိုရင် ဘာသာပေါင်းစုံလွပ်လပ်စွာကိုးကွယ်ခွင့်ပြုထားတဲ့ နိုင်ငံဖြစ်လင့်ကစား    ဗုဒ္ဓဘာသာလူဦးရေ အများဆုံးရှိပြီး ဒီဥပဒေဟာ ဗုဒ္ဓဘာသာတွေအတွက် ရည်စူးတာပဲမို့ ဘာသာရေးအဓိကရုဏ်း  တွေဖြစ်မလာစေတဲ့အပြင် လူအများထောက်ခံပြီးသားဥပဒေဖြစ်တဲ့အတွက် တပ်မတော်ကပါ ဝင်ရောက်ထောက်ခံ  လိုက်မယ်ဆိုရင် နိုင်ငံရေးအရရော ၊ နိုင်ငံတော် လုံခြုံမှုအရရော အရေးသာတဲ့ ဘက်မှာရှိနေလို့ တပ်မတော်ဟာ ဒီအခွင့်အရေးကို လက်လွတ်ခံမယ် မထင်ဘူးလို့ သုံးသပ်မိပါတယ် ။
                                                                                                                ဦးစိန်သန်း

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ