May 20, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် ရန်ကုန်-နေပြည်တော်အမြန်လမ်းကို စစ်ဆေး

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မှ နေပြည်တော် သို့ ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီး အတိုင်း ထွက်ခွာလာပြီး အမြန်လမ်းမကြီး တစ်လျှောက် လမ်း ၊ တံတားများ ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည် ။


 ထို့နောက် မိုင်တိုင်အမှတ် (၁၁၉/၂) ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား ပြုပြင် ထိန်းသိမ်းနေမှုနှင့် အဆင့်မြှင့်တင် သွားမည့် အစီအစဉ် များကို ရှင်းလင်း တင်ပြသည် ။ ယင်းနောက် နိုင်ငံတော်သမ္မတ သည် မိုင်တိုင်အမှတ် (၁၃၈/၂) ရှိ အုတ်တွင်း တံတားအား တစ်ဖက် (၄)လမ်းသွားဖြင့် (၈)လမ်းသွား တံတားအဖြစ် တည်ဆောက်ထားမှုကို ကြည့်ရှု စစ်ဆေးသည် ။ 


ဆက်လက်၍ မိုင်တိုင်အမှတ် (၁၄၅/၂)ရှိ ခပေါင်း တံတားတွင် မူလတံတား တည်ဆောက်ချိန်ကပင် ဒုတိယအဆင့် (၈)လမ်းသွား တံတား တည်ဆောက်နိုင်ရန်အတွက် အောက်ခံတိုင် များ တည်ဆောက်ထားခဲ့မှု အခြေအနေ ၊ မိုင်တိုင်အမှတ် (၁၈၅/၁)တွင် ကတ္တရာ ထပ်ပိုးလွှာခင်း၍ လမ်းကြံ့ခိုင်မှုကို မြှင့်တင်နေမှုနှင့် မိုင်တိုင်အမှတ် (၁၉၇/၅)ရှိ မီးရထားလမ်းကျော် တံတား အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားများအား အမြန်လမ်းမကြီး၏ မူလစီမံကိန်း ရည်မှန်းချက်ပါ အတိုင်း (၈)လမ်းသွား တံတားများအဖြစ် တိုးချဲ့ တည်ဆောက်သွားရန် ၊ အမြန်လမ်းမကြီးအားလက်ရှိ (၄)လမ်းသွားမှ (၆)လမ်းသွားအဖြစ် စတင်တိုးချဲ့ရန် ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ တိုင်းတာချက်များအရ ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး၏ (၆)ရာခိုင်နှုန်းကို အမြန်ပြုပြင်သွားရန် ၊ လမ်းမကြီးပေါ်တွင် ယာဉ် မတော်တဆမှုများ ဖြစ်ပွားမှုများအရ ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှု ၊ ယာဉ်၏ ချို့ယွင်းမှု ၊ လမ်း၏ ချို့ယွင်းမှုနှင့် ရာသီဥတု တို့ကြောင့်ဖြစ်ရာ ယာဉ် မတော်တဆမှုများ ဖြစ်ပွားမှု လျော့နည်းရေး အတွက် အသိပညာပေး လုပ်ငန်းများ ပိုမိုဆောင်ရွက် သွားရန် နှင့် လမ်း ၊ တံတားများ ကြံ့ခိုင်ရေး ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး တို့အတွက် စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက် သွားရန်မှာ ကြားခဲ့သည် ။ 





 From:[_ Yangon-Mandalay Expressway _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ