May 21, 2014
ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေအတွက် သမ္မတအပါအ၀င် ၀န်ကြီး၊ ဒုဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်း လစဉ်လှူမည်
ကျေးလက်နေပြည်သူလူထု ဆင်းရဲနွမ်းပါးမှု
 လျှော့ချရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
ရန်ပုံငွေထူထောင်ရေး ပြည်ထောင်စုအဆင့်
၂၅ ရာခိုင်နှုန်းကို လစဉ်အလှူ ငွေထည့်ဝင်ကြရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
ယင်းအကြောင်းကြားစာကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် လက်မှတ်ဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုတိယ၀န်ကြီးများသို့ မေလ ၁၉ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး အလှူငွေများကို သတ်မှတ်ထားသည့် ငွေစာရင်းသို့ ပေးပို့ထည့်သွင်းရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါ ရန်ပုံငွေအတွက် ဘဏ်စာရင်းတစ်ခုကို ဧပြီလ ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ပုံငွေထည့်ဝင်လိုသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယင်းဘဏ်စာရင်းထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။
‘‘သမ္မတကြီးက သူဒီလိုလုပ်မယ်ဆိုတာ အစိုးရအဖွဲ့ကို အသိပေးတာ။ ၀န်ကြီးတွေကပါ လိုက်ပြီး ထည့်ရမယ်လို့ အကြောင်းကြားတာမဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်သဘောနဲ့ ကိုယ် ၂၅ ရာခိုင်နှုန်းထည့်ဖို့ ဆန္ဒပြုတာဖြစ်တယ်။ အခုရန်ပုံငွေဘဏ်စာရင်း နဲ့ အကြောင်းကြားစာတော့ ထွက်လာပါပြီ’’ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။
 ယင်းရန်ပုံငွေဖြင့်  ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတို့ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။
လက်ရှိတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးဦးရေ ၉၀ ကျော် ရှိပြီး ၀န်ကြီးဌာနတစ်ခုတွင် များသောအားဖြင့် ဒုတိယ၀န်ကြီးနှစ်ဦးကို ခန့်အပ်ထားလျက်ရှိသည်။
‘‘သမ္မတရုံးက စာရောက်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီနေ့ (မေလ ၂၀ ရက်) ရောက်တယ်လို့တော့ ပြောပါတယ်။ ကျွန်တော်လည်း အခုမှ ခရီးက ပြန်ရောက်တော့ သေချာမဖတ်ရသေးပါဘူး’’ ဟု ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောသည်။
အဆိုပါကိစ္စအား မည်သို့မည်ပုံဆောင်ရွက်မည်ဆိုသည် နှင့် ပတ်သက်၍လည်း ပေးပို့လာသည့်စာကို သေချာစွာဖတ်ရှုပြီးမှသာလျှင် ပြောဆိုနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးက ဆိုသည်။
‘‘ဒါက သမ္မတအနေနဲ့ နိုင်ငံအပေါ်မှာ စေတနာထားတယ်ဆိုတာ ပြချင်လို့ လုပ်တာလို့ မြင်တယ်ဗျ။ ဒါနဲ့ ပတ်သက်လို့လည်း အစိုးရအဖွဲ့က ၀န်ကြီးတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်။ အမှန်တော့ တကယ်တမ်းက ထိုက်သင့်တဲ့လစာ ပေးထားပြီးရင် ၀န်ကြီးအဖွဲ့အတွင်းမှာ လာဘ်ပေးလာဘ်ယူ လုံးဝမရှိအောင် လုပ်ရမှာ အဓိကအချက်လို့ မြင်တယ်ဗျ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
7 days
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ