အောက်တိုဘာလ (၅) ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် ဆရာဆရာမများ ဆောင်ပါးပြိုင်ပွဲကို အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲကာ ကျင်းပမည်ဟု သိရှိရသည်။
တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊
ဆရာမများနှင့် အငြိမ်းစား ဆရာ၊ ဆရာမများသည် အဆင့်မြင့်ပညာအဆင့်တွင်
လည်းကောင်း၊ မြို့နယ် ပညာရေးမှူးနှင့် အထက်အဆင့်ရှိ အရာထမ်းများ၊ အခြေခံပညာ
ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြများနှင့်
အငြိမ်းစားဆရာ၊ ဆရာမများသည် သက်ဆိုင်ရာ အခြေခံပညာအဆင့်တွင်လည်းကောင်း
ပါဝင်ယှဉ်ပြိုင်နိုင်သည်။
ဆောင်းပါး ခေါင်းစဉ်မှာ “ပညာမြင့်မှ လူမျိုးတင့်မည်” ဖြစ်ပြီး စာလုံးရေ ၃၀၀၀ မှ ၄၀၀၀ အတွင်း ရေးသားရမည်။
စာမျက်နှာ
တစ်ဖက်တည်းတွင်သာ ရေးသားရန်၊ စာမျက်နှာ အမှတ်စဉ်တပ်ရန်နှင့်
စာမူနောက်ကျောတွင် ရေးသူအမည်၊ ပညာအရည်အချင်း၊ ရာထူးနှင့်
ကျောင်း/အိမ်လိပ်စာကို ဖော်ပြရန်ဖြစ်ကြောင်း သိရသည်။
စာမူနှစ်စောင်၊
ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက်၊ ကိုယ်ရေးအကျဉ်းနှင့်
ရောင်စုံလိုင်စင်ဓာတ်ပုံ (တစ်လက်မခွဲ၊ နှစ်လက်မ) သုံးပုံတို့ကို စာအိတ်တွင်
လုံခြုံစွာ ထည့်သွင်းပြီး ဒေါ်ခင်ဝေမြင့် ကျောင်းအုပ်ကြီး ရန်ကင်း
ပညာရေးကောလိပ်၊ ရန်ကုန်မြို့သို့ စက်တင်ဘာလ (၁၄) ရက် နောက်ဆုံးထား
ပေးပို့ရမည်ဟု သိရှိရသည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။