Aug 15, 2012

တိုက်တန်းနစ် 3D အား မြန်မာပြည်တွင်ပြသရန် နှစ်ဆယ်ရာစုမြေခွေးကုမ္မဏီ စာချုပ်ချုပ်ပြီ

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရုပ်ရှင်ကုမ္ပဏီ 20th Century Fox သည် မြန်မာနိုင်ငံတွင်း၌ ၄င်းတို့၏ တိုက်တန်းနစ်(သရီးဒီ) ရုပ်ရှင်ကားကို ပြသပေးသွားရန် သဘောတူညီခဲ့သည်။


သြဂုတ် ၁၃ရက် (တနင်္လာနေ့)က Fox ကုမ္ပဏီသည် ၄င်းတို့၏ဇာတ်ကားကို မြန်မာနိုင်ငံတွင်း ပြသခွင့်အား မင်္ဂလာကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပေးအပ်ခဲ့ကြောင်း၊ လူကြိုက်များသည့် ယင်းတိုက်တန်းနစ်သရီးဒီကားကို သြဂုတ် ၁၇ရက်တွင် မြန်မာနိုင်ငံ၌ ပြသမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း၌ နောက်ဆုံးရုံတင်ပြသခဲ့ဖူးသော အမေရိကန်ရုပ်ရှင်မှာ မည်သည့်ရုပ်ရှင်ကားမှန်း သေချာမသိရသော်လည်း Fox ၏ ထုတ်ပြန်ချက်၌ ၄င်းတို့သည် မြန်မာနိုင်ငံ၌ အမေရိကန်ရုပ်ရှင်ကား ရုံတင်ပြသရန် ဆယ်စုနှစ်များစွာချီ၍ စောင့်ဆိုင်းခဲ့ကြောင်း ဖော်ပြထားသည်။


 ကြေညာချက်၌ Fox စတူဒီယို၏ နိုင်ငံတကာပူးတွဲဥက္ကဋ္ဌ သောမတ်စ်ဂျက်ဂီးယပ်စ်နှင့် ပေါ့လ်ဟန်နန်မန်တို့က “20th Century Fox International ဟာ ပေါ်ထွန်းစ ဈေးကွက်သစ်တွေမှာ စွန့်ဦးတီထွင်သူအဖြစ် ၀င်ရောက်ရတာ၊ ဒေသခံလုပ်ငန်းတွေနဲ့အတူ လက်တွဲလုပ်ပြီး ဒီရှာဖွေမှုတွေကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ရတာတွေကို ဂုဏ်ယူမိပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကျွန်တော်တို့ အများကြီး စိတ်ဝင်စားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ အာရှကို ကျွန်တော်တို့ ခရီးထွက်တဲ့အခါ ကျွန်တော်တို့ရဲ့ အသစ်လွင်ဆုံး နယ်နိမိတ်(မြန်မာနိုင်ငံ)ကို သွားလည်ဖို့ရှိပါတယ်”ဟုပြောသည်။ Fox ကုမ္ပဏီသည် ယခု သရီးဒီဖြင့် ပြသမည့် တိုက်တန်းနစ်ကားကို ပါရာမောင့်ရုပ်ရှင်ကုမ္ပဏီနှင့် ပူးတွဲထုတ်လုပ်ထားပြီး၊ နိုင်ငံရပ်ခြားးဖြန့်ချိရေးကဏ္ဍ၌ တာဝန်ယူကိုင်တွယ်ထားသည်။

 ကိုးကား- Chicago Tribune/ Los Angeles Time


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ