Aug 14, 2012

ဆွေ(လေးဝတီ) (သို့မဟုတ်) ရခိုင်ကိုအမှန်တကယ်ချစ်သူနှင့် နှစ်ကြိမ်တိုင်တိုင်ကန့်ကွက်မှု

 “ရခိုင်မှာတပ်တွေထားတာ ရခိုင်လူမျိုးတွေကိုနှိပ်ကွပ်ဖို့လား....???ကုလားရန်က ကာကွယ်ဖို့လား??? တပ်အခင်းအကျင်းကိုကြည့်လိုက်တာနဲ့တင်သိသာပါတယ်။ ကျော်ဖြတ်နိုင်တဲ့ ငကျည်တောက် Pass မှာ တပ်ရင်း (၃)ရင်းရှိတယ်။ International Law အရ နယ်စပ်တစ်လျှောက်မှာတော့ တပ်မထားဘူး။ န.စ.က ပဲရှိတယ်။ သူတို့ဘက်ကလဲ BDR Border Defend Regiment တွေထားတယ်။အဲဒီ Border Guard အဖွဲ့က ရဟက်ယဉ်တို့၊ ဟောင်ဝစ်ဇာအမြှောက်တို့ ပိုင်ဆိုင်ထားတယ်။ မြန်မာBorder ကလက်နက်တွေထပ်တော့သာတာပေါ့ဗျာ။ ပြောချင်တာကဒီလို... အဲဒီတပ်တွေကို ရုပ်သိမ်းပေးဖို့ လွှတ်တော်ထဲမှာသွားဟောင်တဲ့လူတစ်ယောက်အကြောင်းပါ။........ ပြောမယ်နော်...ကျွန်တော်တို့ရဲ့နေပြည်တော်တိုင်းဌာနီကမြနန်းစံကျော်ရွှေလွှတ်တော်ကြီးထဲမှာ Anti စုနာမည်မပါဘဲစကားမပြောတတ်တဲ့ ရခိုင်တိုင်းရင်းသားအမတ်တစ်ယောက်ရှိတယ်။ ရှေ့မှာဒေါက်ချာဘွဲ့ကြီးနဲ့။ သူ့မှာအရည်အချင်းမရှိတော့လဲ Anti စုနာမည်ခဏခဏသုံးရတာပေါ့။ ( eg: ထမင်းစားရင်သွားနဲ့ဝါးရပါတယ်လို့ Anti စုကပြောတဲ့အတွက် ကျွန်တော်ထမင်းစားရင်သွားကိုအသုံးပြုပီးဝါးနေပါတယ်။ အပေါ့ အလေးစွန့်ရင် လူမမြင်စေနဲ့လို့ Anti စုကပြောတဲ့အတွက်လုံခြုံတဲ့အကာအကွယ်တစ်ခု ယူပီမှကျွန်တော့ကိစ္စကိုဂရုတစိုက် ဖြေရှင်းပါတယ်။ ) မခက်ဘူးလား။ Anti စုပြောသမျှအမွှန်းတင်ကော်ပီပွားနေတော့...  ........Anti စုက တပ်မတော်ဆို နှုတ်ခမ်းကြီးစူစူထားတော့ သူလဲလိုက်စုကြည့်တာနေမှာပေါ့။ ဒါပေမဲ့အဲဒီသူ့ဟောင်သံကို နားမခံသာတော့တဲ့ ပြည်ခိုင်ဖြိုးအမတ်တစ်ယောက်က ခဲ ကြီးကြီးတစ်လုံးနဲ့လှမ်းထုပီးသူ့အဆိုကိုကန့်ကွက်လိုက်တာဒေါက်ချာကြီး ဂိန် လို့တောင်အသံပြန်မထွက်နိုင်တော့.......သူပြောသလိုသာ တပ်တွေတစ်ကယ်ရုပ်သိမ်းလိုက်ရင် ခုချိန်ရခိုင်မှာသူ့အမျိုးတွေတောင်ကျန်မှာမဟုတ်တော့ဘူး။ စစ်ရေးအမြင်ဆိုတာအဲဒါပြောတာပဲ...ဒီလိုအခြေအနေမျိုးမှာကျတော့စစ်ရေးအမြင်ရှိတဲ့လူနဲ့မရှိတဲ့လူ သိပ်သိသာသွားတယ်။ ဒေါက်ချာကြီးကြည့်ရတာ Anti စုအရှိန်ကိုတွယ်ပီး၂၀၁၅ ကိုတက်ချင်နေတာထင်ပါတယ်။မဖုံးနိုင်မဖိနိုင် မအောင့်နိုင်မအီးနိုင် သိသာလွန်းနေတယ်။ အင်း..........သူ့ရဲ့ကိုယ်ပိုင်ပါတီအတွက်တော့ရင်လေးတယ်....... ...။” အထက်ပါစာပိုဒ်ထဲမှ ဒေါက်ချာကြီးဆိုသည်မှာ ဒေါက်တာအေးမောင်ကို နာမ်စားသုံးခဲ့ခြင်းဖြစ်ပြီးနားမခံနိုင်သောပြည်ခိုင်ဖြိုးအမတ်တစ်ဦးဆိုသည်မှာ မကွေးတိုင်းမဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးလှဆွေဖြစ်သည်။ ဦးအေးမောင်ကလုံထိန်းဆိုသည်မှာ အများပြည်သူကိုနှိပ်ကွပ်သောဌာနအဖြစ် သဘောဆောင်သောစကားများတင်ပြကာ ဒီမိုကရေစီခေတ်တွင်မလိုအပ်သောဌာနတစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိလုံထိန်းတပ်များကိုရုတ်သိမ်းရန်အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။  သည်တွင် ဦးလှဆွေကဒေါက်တာဦးအေးမောင်၏အဆိုကို ကန့်ကွက်ကြောင်း၊ မိမိသည်ရခိုင်ပြည်နယ်တွင် ကိုးနှစ်နေခဲ့ကြောင်း၊ မိမိ၏သားသမီးသုံးယောက်စလုံးရခိုင်မှာမွေးခဲ့ကြောင်း၊ မိမိနှင့်ပတ်သတ်သောရခိုင်တိုင်းရင်းသားများကို ချစ်ခင်လေးစားသောအားဖြင့် ရခိုင်ပြည်နယ်မှ လုံထိန်းတပ်များကိုဖျက်သိမ်းရန် လုံးဝကန့်ကွက်ပါကြောင်း ပြောကြားခဲ့သည့်အတွက် ဒေါက်တာဦးအေးမောင်၏ လုံထိန်းထပ်များရုပ်သိမ်းရေးအဆိုမအောင်မြင်ခဲ့ပေ။ တကယ်တမ်း ကုလားရခိုင်အရေးအခင်းဖြစ်လာသည့်အချိန်တွင် ဒေါက်တာအေးမောင်တို့ပါတီကပဲတစ်ခါ လုံထိန်းတပ်များနည်းပါးလွန်းကြောင်း ထပ်မံပြောကြားပြန်သည်။  လူ့စိတ်ဆိုတာ ဟိုဟာစိတ် ဆိုတော့လဲခက်တော့ခက်သည်။သို့သော်လည်းလွှတ်တော်အမတ်တစ်ဦးအနေနှင့်တော့ ယခုလောက် ဟိုဟာစိတ်မပေါက်သင့်ကြောင်း အားလုံးပဲမြင်တွေ့ကြမည်ထင့်။ဒေါက်တာဦးအေးမောင်၏ ယင်းအဆိုသာ အောင်မြင်သွားခဲ့လျှင် ယနေ့ဘင်္ဂါလီပြသနာများကို မည်သူက ဖြေရှင်းမည်နည်း။ ယင်းသည်ဒေါက်တာဦးအေးမောင်၏ ဆင်ခြင်တုံတရားကင်းမဲ့သောအဆိုတစ်ရပ်ပင်ဖြစ်သည်။ ယခု NLDပါတီမှ ဒေါက်တာမြတ်ဥာဏ်ဏစိုးက ရခိုင်ပြည်နယ်တွင် မှတ်ပုံတင်စစ်ခြင်းများပြုလုပ်ရန်အဆိုတင်သွင်းလာပြန်သည်။ယင်းအဖြစ်အပျက်ကိုလည်း ကျွန်ုပ် ကြက်ဥပုံနှင့်တကွ status တင်ခဲ့ဖူးသည်။ “NDFအမတ် တစ်ဖြစ်လဲNLDအမတ် ၀က်ဖျံနာဆိုးက ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အဆိုတစ်ရပ်ကိုဒီနေ့တင်တယ်...သူ့အဆိုက နိုင်ငံခြားသားတွေကိုစီမံချက်ကြီးချပီး မှတ်ပုံတင်စစ်မလို့တဲ့...မြန်မာ့သမိုင်းမှာလဲ နဂါးမင်းစစ်ဆင်ရေးတို့၊ဟင်္သာစစ်ဆင်ရေးတို့လုပ်ပီး စစ်ဆေးခဲ့ဖူးတဲ့သာဓကရှိတယ်လို့ပြောတယ်...အနောက်ဘက်က တိုင်းပြည်ဧရိယာကျဉ်းကျဉ်းလေးနဲ့လူဦးရေပေါက်ကွဲနေတဲ့နိုင်ငံတစ်ခုက နိုင်ငံခြားသားတွေဟာ မြန်မာပြည်ထဲကို လှိမ့်ဝင်လာပီး လူမြိုလို့လူမျိုးပျောက်တော့မယ်လို့ ထည့်ပြောသွားတယ်...အခုအချိန်မှာ မြန်မာပြည်ကိုအမှန်တကယ်ချစ်သောပုဂ္ဂိုလ်များမှတ်ပုံတင်စစ်ဖို့အချိန်တန်ပီလို့ဆိုပါတယ်...A Little Knowledge is dangerous ဆိုတာဒါမျိုးမှအစစ်...အဲဒီအဆိုကိုမကွေးတိုင်းကြံခိုင်ရေးဂန့်ဂေါအမတ် ဦးလှဆွေကကန့်ကွက်သွားတာတွေ့ရတယ်...ကန့်ကွက်ရတဲ့အကြောင်းအရင်းကလူမျိုးရေးအထိကရုဏ်းဖြစ်လို့ ပုဒ်မ (၁၄၄) မရုတ်သိမ်းရသေးကြောင်း...မနေ့ကတောင်ကျောက်တော်မှာမီးရှို့သေးကြောင်း...အခုချိန်မှတ်ပုံတင်သွားစစ်ရင် မီးလောင်ရာလေပင့်သလိုဖြစ်သွားနိုင်ကြောင်း...ယခင်ကနဂါးမင်းစစ်ဆင်ရေးဆိုသည်မှာယခုကဲ့သို့မှတ်ပုံတင်စစ်သောစစ်ဆင်ရေးသာဖြစ်ကြောင်း...ထိုသို့မှတ်ပုံတင်စစ်သောကြောင့် အစစ်မခံနိုင်သော ဘင်္ဂါလီများ ထွက်ပြေးသဖြင့်နိုင်ငံတကာမှ ဖိအားပေးကြောင်း...ထို့ကြောင့်ပြန်လာနားပါဆိုသောရည်ရွယ်ချက်ဖြင့်ဟင်္သာစစ်ဆင်ရေးအမည်သုံးပြီး ပြန်လက်ခံခဲ့ရကြောင်း...ထွက်ပြေးတာက (၃)သိန်း၊ ပြန်လက်ခံရတာက (၅) သိန်းဖြစ်ကြောင်း...ယခုကိစ္စသည်ရုတ်တရက်ချက်ချင်းဆောင်ရွက်ရန်မလိုသေးပဲ ပုံမှန်လုပ်ရမည့်ကိစ္စဖြစ်ကြောင်း..ယခုအချိန်တွင်အထွေထွေအခြေအနေအရ အကဲဆတ်သည့်အနေအထားဖြစ်သောကြောင့်ဒီအဆိုကိုဆွေးနွေးရန်မသင့်ကြောင်း...မှတ်ပုံတင်မရှိသောဘင်္ဂါလီများထွက်ပြေးလျှင် ရိုးရိုးထွက်မပြေးပဲ မီးရှို့သတ်ဖြတ်လုရက်ပီးမှထွက်ခွာလေ့ရှိသောကြောင့်ခံစားရသည်မှာ ရခိုင်တိုင်းရင်းသားများသာဖြစ်ကြောင်း...မိမိတို့က လွှတ်တော်ထဲတွင် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့်ပြောဆိုဆွေးနွေးမိပါကတစ်ကယ်တမ်းမြေပြင်တွင် လက်တွေ့ခံရမည့်သူမှာရခိုင်တိုင်းရင်းသားများသာဖြစ်ကြောင်း...ထို့ကြောင့်ကန့်ကွက်ကြောင်း...တင်ပြခဲ့တယ်လို့သိရတယ်...ဒီကိစ္စလွှတ်တော်ဥက္ကဌကမဲခွဲတော့  (၂၂၀)မှာ ၀က်ဖျံနာဆိုး ကိုထောက်ခံတဲ့သူက (၂၁)မဲ.....ဒါအန္တရယ်ရှိတဲ့အဆို...တိုင်းပြည်အတွက်အကျိုးယုတ်စေမဲ့အဆို...ရခိုင်ပြည်နယ်ငြိမ်သက်မှုမရှိစေမဲ့အဆို..ရခိုင်ပြည်ကိုကယ်တင်တာလိုလိုနဲ့ကုလားရှေ့ကိုချကြွေးတဲ့အဆိုဖြစ်တဲ့အတွက်...ဒီအဆိုတင်တဲ့သူကိုအံ့သြမိပါတယ်....လွှတ်တော်အမတ်ဆိုတာအကွက်ကြိုမြင်ဖို့ကအရေးကြီးပါတယ်...အရာရာကိုလေးငါးကွက်လောက်ကြိုမြင်နိုင်မှ ရှေ့မှာဖြစ်လာမဲ့ ဆိုးကျိုးတွေကိုအချိန်မီကာကွယ်နိုင်ပီး...ကောင်းကျိုးတွေကိုလဲ လမ်းသာသာနဲ့ဖောက်လုပ်သယ်ဆောင်နိုင်မှာဖြစ်တယ်...ဒီအဆိုကိုဝက်ဖျံနာဆိုးကဘာရည်ရွယ်ချက်နဲ့တင်တာလဲ??? လုံးဝနားမလည်ဘူး....မှတ်ပုံတင်စစ်မယ်ဆိုရင် ရခိုင်ကကုလားတွေအကုန်ထွက်ပြေးတော့မယ်...ရခိုင်မှာဆိုတာက ကုလားတွေထွက်ပြေးရင် (ရခိုင်မှာနေဖူးတဲ့လူတွေသိမှာပါ)လူသတ်...မုဒိန်းကျင့်...မီးရှို့...အဲလိုမထူးဇာတ်ခင်းပီးမှပြေးလေ့ပြေးထရှိတာ...အကယ်ရွေ့ နိုင်ငံတကာကဖိအားတွေပေးလို့ပြန်ခေါ်ခဲ့ရသည်ရှိသော်...ထွက်သွားတာက တစ်ပြည်....ပြန်ဝင်လာတော့ တစ်တင်း မကဘူးဖြစ်သွားမယ်...အဲဒီကျရင်သူတို့ပဲလူ့အခွင့်အရေးလိုလို...ကုလားလဲလူပါပဲလိုလို...မမြင်တာလိုလို...မသိတာလိုလို....မကြားတာလိုလို....လိုလိုတွေနဲ့လက်ရှောင်အုံးမှာ...သိနေတယ်....မစစ်ရဘူးမဟုတ်ဘူး....စစ်...ဒါပေမဲ့ဒီအချိန်မှာလုပ်လို့ဘယ်ရမလဲ...ပိုပီးပွဲဆူသွားမယ်...ဒါမျိုးအဆိုကဒီအချိန်မှာလက်ခံဆွေးနွေးတဲ့အဆင့်ကိုမရောက်သင့်တာ...လက်ခံဆွေးနွေးပီးရလဒ်ကိုနောက်ထား...ဆွေးနွေးနေပီဆိုရင်ကိုကုလားတွေကပြေးဖို့ပြင်တော့မှာပဲ....သူတို့ကတော့လွှတ်တော်ထဲမှာ အဲယားကွန်းလေးနဲ့ ဇိမ်လေးနဲ့ဆွေးနွေးလိုက်ယုံပဲ...တစ်ကယ်လက်တွေမြေပြင်အခြေအနေမှာ ခံစားရမှာကရခိုင်တိုင်းရင်းသားတွေပါ....ဒါတွေကိုသူကြိုမမြင်ဘူးလား...မတွေးမိဘူးလား....ဒီလိုအတိမ်းအစောင်းမခံတဲ့ critical အချိန်မျိုးမှာ ဒီအဆိုကိုဝက်ဖျံနာဆိုးကဘာလို့တင်တာလဲ...အတွေးအရမ်းတိမ်တယ်....သူကတင်တယ်ဆိုရင်တောင် သူတို့ပါတီဥက္ကဌ Anti စုမကန်ကွက်ဘူးလား...ဘာတွေလုပ်နေလဲ...Anti စုရဲ့သဘောထားကဘာလဲ???သိပ်သိချင်တယ်......မှတ်ပုံတင်စစ်တယ်ဆိုတာဘယ်အချိန်စစ်စစ်ရပါတယ်ဗျာ...ကားဂိတ်တွေ...လေဆိပ်တွေ...သင်္ဘောဆိပ်တွေမှာစောင့်စစ်ရင်လွယ်ပါ့...မှတ်ပုံတင်မရသင့်ပဲရတဲ့သူကိုဘယ်သူထုပ်ပေးထားသလဲ(လိုချင်လွန်းလို့လျှောက်ရင်တောင်လျှောက်တိုင်းရချင်မှရတာ) ...လက်မှတ်ထိုးပေးရင် အဲဒီလိုထိုးပေးတဲ့အကျင့်ပျက် လ.၀.က၀န်ထမ်းကိုအရေးယူလိုက်ပေါ့....တစ်ကယ်နားမလည်တာက....၀က်ဖျံနာဆိုး ရဲ့ရည်ရွယ်ချက်ကဘာလဲ...သူတို့ဥက္ကဌAnti စုရဲ့ရည်ရွယ်ချက်ကဘာလဲကိုလား???NLDပါတီရဲ့ရည်ရွယ်ချက်ကဘာလဲ?????...တရုတ်ကိုလား???...ကုလားကိုလား???..ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီကုလားတွေကိုပိုမိုဆူပူလှုပ်ရှားအောင်လုပ်စေချင်တာလား???.....ရခိုင်ကိုကယ်တင်လိုက်သလိုလိုနဲ့ ကုလားရှေ့မှာချ  ကြွေးလိုက်တာဘာသဘောလဲ???.ကဲန်တားနားကအထွက်...တူရကီဝန်ကြီးချုပ်ကတော်ကအရောက်..၀က်ဖျံနာဆိုးကအဆိုအတင်...အားလုံးကွက်တိပါပဲဗျာ....အမျှော်အမြင်ရှိတဲ့လွှတ်တော်က'ဒီရှုပ်ရဲ့ရေတိမ်အတွေးထဲကရခိုင်ကိုလက်မတင်ကလေးကယ်တင်လိုက်နိုင်တယ်ထင့်.....အားလုံးလဲဝေဖန်ကြပါအုံး....”  အထက်ပါစာပိုဒ်တွင် ကန့်ကွက်ခဲ့သူမှာလည်း ဦးလှဆွေပင်ဖြစ်သည်။   “ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါတယ်။မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။ အဆိုမှာပါတဲ့အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်လို့လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော မွတ်စလင်နိုင်ငံတွေက စောင့်ကြည့်နေတာ ကိုလည်းကျွန်တော်တို့ခံနေရပါတယ်။ ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်' ”ဟုချေပကန့်ကွက်ခဲ့သည်။  လွှတ်တော်ထဲတွင် ယင်းအဆိုနှင့်ပတ်သတ်ပီး ဆုံးဖြတ်ချက်တစ်ရပ်ရပ် မချမှတ်ခင်မှာတင် မှတ်ပုံတင်မရှိသော ကုလားများမှာ ရခိုင်ပြည်ကိုသွန်လိုသွန်မှောက်လိုမှောက် ကန်ကျောက်ထွက်ပြေးကြပေလိမ့်မည်။ ယင်းသို့ဖြစ်လာလျှင် အစိုးရကမည်သို့ပင်ညင်ညင်သာသာကိုင်တွယ်ဖြေရှင်းစေကာမူ ကမ္ဘာအ၀ှမ်းရှိ မွတ်ဆလင် နိုင်ငံများ ထဲထဲဝင်ဝင်ပါဝင်လာနိုင်ပီးဘာသာရေးစစ်ပွဲလုံးလုံးအသွင်သို့ လက်ငင်းပြောင်းလဲသွားနိုင်သလို မြေပြင်အခြေအနေရှိရခိုင်တိုင်းရင်းသားများလည်း အနည်းနှင့်အများထိခိုက်နစ်နာပေဦးမည်။ ဒေါက်တာမြတ်ဥာဏ်ဏစိုး၏ တိမ်လွန်းသောအတွေးတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်၏ commentator  များပြောသကဲ့သို့ပင်ရှေ့ရေးကို ကြိုတင်မတွေးဆပဲ မျက်တောင်တစ်ဆုံးကြည့်ချက်များနှင့် လူထုလက်ခုတ်သံကိုမျှော်ကာလူကြားကောင်းမည့်အဆိုကိုတင်သွင်းလိုက်ခြင်းဖြစ်သလို လွှတ်တော်ထဲသို့တစ်နှစ်ခွဲလောက်စောစီးရောက်ရှိနေသောဒေါက်တာမြတ်ဥာဏ်ဏစိုးက အချင်းချင်း လူစွမ်းကောင်းလုပ်ပြချင်သည့်ကလေးအထာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။  သို့သော်မည်သို့ပင်ဖြစ်စေ NLD ပါတီတွင် လွှတ်တော်ဆိုင်ရာကိစ္စများဆောင်ရွက်ရန်အတွက် လွှတ်တော်ရေးရာကော်မတီနှင့်လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီကိုဖွဲ့စည်းထားသည်။ လွှတ်တော်ရေးရာကော်မတီတွင် ဦးဥာဏ်ဝင်း(ဥက္ကဌ)၊ ဦးစိုးဝင်း(အတွင်းရေးမှူး)တို့ကတာဝန်ယူကာဖွဲ့စည်းထားကြောင်းသိရပီး လွှတ်တော်တက်ရောက်သည့်ကိစ္စနှင့် တင်သွင်းမည့်အဆိုများကို စိစစ်ရန်ဝလမ်းညွှန်ရန်ဖွဲ့စည်းထားကြောင်းသိရသည်။ ယင်းအဖွဲ့၏ လမ်းညွန်မှု၊ စိစစ်မှုတို့ကိုလည်း အတိုင်းမသိစိတ်ပျက်မိသည်။ လေသည်။စင်စစ် ဦးလှဆွေသည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအတွက် အမှန်တကယ်အန္တရယ်ကြီးမားသော အဆိုနှစ်ရပ်ကို ခဲရာခဲစစ်အောင်မြင်အောင်ကြိုးစားကန့်ကွက်ခဲ့သည်။ ရခိုင်တိုင်းရင်းသားမဟုတ်သော်လည်း ရခိုင်ပြည်တွင်နှစ်ရှည်လများနေခဲ့ဖူးသူ (မိမိကဲ့သို့ပင်)ဖြစ်သည်။ ယနေ့ခေတ် မဂ္ဂဇင်းများတွင် တောသဘာဝ၊ သံသယဆိုတာ( ကျွန်ုပ်ဖတ်ဖူးသလောက်၊ လက်လှမ်းမီသလောက်)၀တ္တုတိုများကိုရေးသားသော စာရေးဆရာ ဆွေ(လေးဝတီ) ဖြစ်ကြောင်းလည်းသိရသည်။ ရခိုင်ပြည်၏ ၀တီလေးရပ်ကို ကိုယ်စားပြုသည့်လေးဝတီနာမည်ကိုခံယူထားသော ကလောင်ဖြစ်သည်။ ရခိုင်ကိုအမှန်တကယ်ချစ်သောသူနှင့် မချစ်သောသူ အနည်းငယ်တော့ကွာပေလိမ့်မည်။ဦးလှဆွေကို မည်သည့်ရခိုင်ကန့်ကွက်ခဲ့ပါသနည်း။ ဒေသခံရခိုင်များလား၊ နိုင်ငံရေးရခိုင်များလား။ နိုင်ငံရေးရခိုင်များသည်ဗိုလ်ချုပ်အောင်ဆန်းလာရောက်မိန့်ခွန်းပြောကြားမည်ကိုပင် ကန့်ကွက်ခဲ့ကြသူများဖြစ်ကြောင်း သမိုင်းတွင်ပြန်လှန်ကြည့်နိုင်သည်။  လက်ရှိတွင်ရခိုင်ကိစ္စဟူသမျှကို ပယ်ပယ်နှယ်နှယ် တင်ပြဆွေးနွေးရမည့် ရခိုင်အမတ်များသည် ရန်ကုန်တွင်နေသော အမတ်လား၊ရခိုင်တွင်နေသောအမတ်လား။ ရန်ကုန်တွင်နေသော ရခိုင်အမတ်များသည် တခါက ရခိုင်ပြည်တွင်နေထိုင်ခဲ့ဖူးသော မကွေးအမတ်လောက်ပင်ရခိုင်ပြည်ကိုထည့်သွင်းထောက်ညှာခြင်း၊ မြတ်နိုးချစ်ခင်ခြင်း မရှိကြောင်း ၀မ်းနည်းစွာမြင်တွေ့ရသည်။ ထို့ကြောင့် NLD နှင့် ရန်ကုန်နေနိုင်ငံရေးရခိုင်အမတ်၊ တစ်ဘက်တွင် ၊ ဒေသခံရခိုင်များနှင့် ဦးလှဆွေ ၊ သေသေချာချာခွဲခြားသုံးသပ်ကြပါလေ။ ယင်းသို့ကန့်ကွက်ခဲ့ခြင်းများသည် နိုင်ငံရေးအားပြိုင်ခဲ့ခြင်းများအတွက် ရှေ့နောက်မစဉ်းစားကာ ကန့်ကွက်ခဲ့ခြင်းများ ဟုတ်မဟုတ်  အများပြည်သူအပေါင်းတို့စဉ်းစားကြည့်ကြပါလေ။   မှတ်ချက်( ကြံခိုင်ရေးပါတီ၏ အမတ်တစ်ဦးဖြစ်သော်လည်း ပါတီအမည်မကြာခဏထည့်သုံးလျှင် ဖွတ်လံဖား၊ စစ်ခွေး၊ စစ်ကျွန်၊ ဒီပဲရင်းလက်ကျန်တစ်ဦးအဖြစ် ကျွန်ုပ်အားစွတ်စွဲကြပေအုံးမည်။ ယခုကဲ့သို့ ပါတီနာမည်မသုံးပဲ ရေးသားခြင်းများကိုလည်း ဆွေ(လေးဝတီ)အားPromotionဆင်းသည်ဟု ကွက်ဖေါ်ကြပေလိမ့်အုံးမည်။ စိတ်ချမ်းသာသလိုသာ မြင်ပါလေ။ ကျွန်ုပ်သည်လည်း ရခိုင်တွင်မွေး၊ ရခိုင်တွင်ကြီးကာ၊ရခိုင်ချစ်မြန်မာတစ်ဦးဖြစ်သည့်အလျှောက် ရခိုင်ဒေသခံများနှင့် ထပ်တူ ဆွေ(လေးဝတီ) ဘက်မှ မားမားမတ်မတ်ရပ်တည်ပါကြောင်းဒီနေရာမှတစ်ဆင့် အသိပေးပြောကြားလိုက်ရပါသည်)  တရားကိုမှတ်၊ ဓါးကိုလက်ကိုင်၊ အရိုးကျေကျေအရေခမ်းခမ်း၊ လေးဝတီိကိုဆုံးခန်းတိုင်အောင် တို့စွမ်းထက်ထက်ကာကွယ်ကြစို့လား။

 

Jumping Juliet

 __________________________________________________________

Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မောင်ကျောက်ခဲ အဖွဲ့သားများခင်ဗျား-
ယခုကိစနဲ့ ဆက်စပ်ပြီး NLD အဖွဲ့ဝင်တွေရဲ့ တင်ပြချက်တွေကို လေ့လာရသလောက် အကြောင်းမဲ့ ဆိုတာ မဖြစ်နိုင်ကြောင်း သတိထားမိပါတယ်။ တဆက်စပ်တည်း သိချင်တာလေး တစ်ခုရှိလို့ ၀င်ရေးဖြစ်တာပါ။ ဒေါ်စုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဘက်က အမျိုးတွေကိုပဲ တင်ပြထားတာ လေ့လာရတာတွေပဲ တွေ့နေရပါတယ် ။ ဒေါ်စု အမေဖြစ်တဲ့ ဒေါ်ခင်ကြည် ၊ သူရဲ့မိဘ မျိုးနွယ် အဖေက ဘာလူမျိုးလဲ ၊ အမေက ဘာလူမျိုးလဲ နာမည်တွေ ဘယ်လိုခေါ်လဲ သိလိုပါတယ်။ ဒေါ်စု အဖွားဟာ ကရင် မဟုတ်သလို ။ အဖိုးဟာလည်း တိုင်းရင်းသား မျိုးနွယ်စုထဲမှာ မပါဝင်သူ တစ်ဦး ဖြစ်ကြောင်း ဖျာပုံသား တစ်ဦးရဲ့ ပြောတာကြားဖူး သဖြင့် ဗိုလ်ချုပ်ရဲ့ ဆွေမျိုးတွေလို ဒေါ်စုရဲ့ ဆွေမျိုးစာရင်းဖော်ပြပေးစေလိုပါတယ်။ ဒါဆို အခု ဆွေးနွေးနေတာတွေနဲ့လည်း ဆက်စပ်နေမလားလို့ သုံးသပ်မိလို့ပါ။ အားလုံးလေ့လာနိုင်အောင် ကူညီပါလို့ တင်ပြချင်ပါတယ်။

Anonymous said...

မအေလိုးတွေ လူက ဆရာဝန် တဲ့ ဦးနှောက် က ဆိုက်ကားသမား အဆင့် တောင်မရှိဘူး
(Bo Lushoke)

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ