Aug 15, 2012

ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီကို ဆန္ဒပြတော့မည်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) တွင် ခရိုင် / မြို့နယ် ညီလာခံ ကျင်းပရေးကော်မတီ ဖွဲ့စည်းရာ၌ ဒီမိုကရေစီနည်းလမ်းမကျဟု ဆိုကာ ပါတီဝင် ၂၀၀ ကျော်က ပါတီ ရုံးရှေ့ ၌ သြဂုတ်လ ၂၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဟု ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က ပြောကြားသည်။

 ... NLD ဗဟို၏ ညွန်ကြားမှုဖြင့် တိုင်း ညီလာခံ ကျင်းပရေး ကော်မရှင်မှ ခရိုင် /မြို့နယ် ညီလာခံ ကော်မရှင်အား ဖွဲ့စည်းရာတွင် အများပြည်သူကို ချမပြခြင်း၊ ပါတီဝင်များ သဘောဆန္ဒပါဘဲ လူတစ်စုက လုပ်ဆောင်ကာ ဖွဲ့စည်းခဲ့ခြင်းတို့ကြောင့် ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမျိုးလွင်က ပြောကြားသည်။ “၂၀ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်ပွဲလုပ်မယ်” ဟု ၎င်း က ဆိုသည်။ ဆန္ဒ ထုတ်ဖော်ရန် စာကို သြဂုတ်လ ၁၃ ရက်နေ့တွင် မြို့နယ်ကော်မရှင်နှင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးဖြစ်သည်။

 
 “ ပါတီကို ဆန့်ကျင်တာမဟုတ်ဘူး။ ပါတီထဲမှာရှိတဲ့ အထက်ပိုင်းလူတစ်စုကို ဆန့်ကျင်တာပါ ” ဟု ဦးမျိုးလွင်က ဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ ပါတီဝင်အချို့ ဆန္ဒပြမှု အပြီး ရက်ပိုင်းအကြာ နိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ယင်းသို့သော ဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်သည်။မြောင်းမြမြို့
NLD ပါတီဝင်များ ၄င်းတို့ပါတီအား ပြန်လည်ဆန္ဒပြခြင်းကို ဤနေရာတွင် ဖတ်ရှူနိုင်ပါသည် ။

 ကော့သောင်းခရိုင်/မြို့နယ် ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စီးပြီး ခရိုင်ကော်မရှင် ဥက္ကဌနေရာကို ရှေ့နေ ဦးခင်ဇော်အား လည်းကောင်း၊ မြို့နယ် ကော်မရှင်နေရာအတွက် ဦးအောင်ရွှေတို့အား အသီးသီး ရွှေးချယ်ထားသည်ဟု သိရသည်။ ယင်းကော်မရှင်မှာ ညီလာခံကျင်းပရေး အတွက် ယာယီသာဖွဲ့စည်းမည့် လုပ်ငန်းကော်မတီဖြစ်ပြီး အဖွဲ့ဝင်စာရင်းကို အချိန်မီပေးအပ်ရန် လိုအပ်သည့်အတွက် အများပြည်သူသို့ ချမပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်ဦးက ရှင်းပြသည်။

 “ဗဟိုကလည်း အများရဲ့ ဆန္ဒယူပြီးတော့ လုပ်ရမယ့် အနေအထားမဟုတ်ဘူး ထင်လို့ ကျွန်တော်တို့ကို ညွှန်ကြားတယ်လို့ ယူဆပါတယ်”ဟု ၄င်းကဆိုသည်။ယင်းမှာ အောက်ခြေပါတီဝင်များ သဘောထားကို
ဒီမိုကရေစီနည်းကျစွာ တောင်းယူခြင်း ဆန္ဒရယူခြင်းတို့မရှိပဲ ဗကပ ကွန်မြူနစ်ဆန်ဆန် အထက်မှချပေးလိုက်သော နိုင်ငံရေးအရာရှိ တစ်ယောက်တစ်ဖွယ် မိမိတို့ ဒေသများသို့ရောက်ရှိလာပြီး
မိမိတို့မျက်နှာ ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့် အန်တီစုခြင်းမိုးမွန်အောင် ပြောတတ်သည်မှ အပ မိမိတို့နယ်ခံပါတီဝင်များလောက်ပင် နိုင်ငံရေး အတွေးအခေါ်နှင့်လှုပ်ရှားမှူ ရှိခဲ့သူများမဟုတ်ကြသော
ကြောင့် ပါတီတွင်းမကျေနပ်မှူများ ဖြစ်ပေါ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။  မြိတ်ခရိုင်/မြို့နယ် ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၅ ရက်နေ့၊ ထားဝယ်တွင် ခရိုင်ကော်မရှင်ဖွဲ့စည်းခြင်းကို ဇူလိုင် ၃ ရက်နေ့တွင် အသီးသီးပြုလုပ်ခဲ့ပြီး မြို့နယ် ကော်မရှင်ကို ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ကော့သောင်ခရိုင်/မြို့နယ် ကော်မရှင် ဖွဲ့စည်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကို ကော့သောင်းမြို့၊ ငွေလရိပ်ခန်းမတွင် သြဂုတ်လ ၁၅ ရက်တွင် ပြုလုပ်ရန်စီစဉ်လျက်ရှိသည်။

_________________________________________________________________

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒေါ်စု အစိုးရပဲ ထိုင်ပီး အတင်းထိုင်တုတ်နေတယ်။ မိတ်ကပ်လူးပီး အကျီ ဒီဇိုင်းမျိုးစုံဝတ်တာကိုပဲ နိုင်ငံရေးလုပ်နေတယ်လို့ ယူဆထားဟန်တူတယ်။ သူ့ပါတီကိုတော့ ဘာမှ မလုပ်နိုင်ရှာပါလား။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ