Aug 14, 2012

အလုပ်မရှိ .. ဘွဲ့ရပညာတတ်ဆို သူများအတွက်

  ဒီအကြောင်းအရာလေးကိုေ၇းဖြစ်တာကလဲ ဖေ့ဘုတ်မှာ ဆရာကြီးတစ်ဦး၏ ပညာရေးဌာနက ဓါတ်ပုံတွေ တွေ့ရင်း၊ ကြည့်ရင်းကေ၇းဖြစ်သွားတာပါ။ ကွန့်မင့်လဲပေးရင်းကနေ စာရှည်သွားလို့ notes အနေနဲ့ ပြောင်းေ၇းလိုက်ပါတယ်။ ကျွန်တော်တို့ လူမှုဘ၀တွေ ဖြတ်သန်းရာမှာ ပညာေ၇းရဲ့ အခန်းကဏ္ဍဟာ အလွန်မတန်မှ အေ၇းပါ ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့တွေ အားလုံးက ငယ်စဉ်က ဘယ်လိုရည်မှန်းထားခဲ့ ရည်မှန်းထားခဲ့ တကယ့်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ရတာက ၁၀ တန်းအောင်ပြီးမှပါ

။ ကဲ ၁၀ တန်းအောင်ပြီဆိုရင်ပဲ မိမိကိုယ်တိုင်ေ၇ာ မိဘဆွေမျိုးတွေကပါ ဘာတွေလုပ်ချင်လဲ၊ ဘာတွေလုပ်နိုင်လဲ၊ ဘာတွေလုပ်သင့်လဲ စသဖြင့် ဆုံးဖြတ်ပြီး ဘယ် တက္ကသိုလ်တက်မယ် စသဖြင့် ရွေးချယ်ကြတာပါ။ ၁၀ တန်း မအောင်တော့ဘူး မဖြေတော့ဘူးဆိုသူများအတွက်ကလဲ တစ်မျိုးပေါ့။ ကျွန်တော့ အနေနဲ့က ၁၀ တန်းအောင်ခါစ လူငယ်တွေ တက္ကသိုလ်ရွေးချယ်ကြပုံလေးနဲ့ ဆက်စပ်ပြီး ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက အသက်မွေးဝမ်းကျောင်းမှု ပညာ၇ပ်တွေ အားလုံးက ဘယ်လိုပြောရမလဲ လာဒ်လာဘနဲ့ ပါတ်သက်လို့ ဟော့မဖြစ်သေးတော့ ကျောင်းပြီးရင် ပြီးခြင်း အဆင်ပြေစေမယ့် အသက်မွေးဝမ်းကျောင်းမှု ပညာကိုပဲ မိဘတွေက တက်စေချင်တယ် တွန်းအားလဲ ပေးကြပါတယ်။ မိမိရဲ့ကလေးက ဘာလုပ်ချင်မှန်းမသိ အတင်းတွန်းတိုက်ပြီး ဇွတ်ေ၇ွးချယ်ခိုင်းကြတယ်။ အဲတော့ တချို့ ဘာသာရပ် နယ်ပယ်တွေမှာ တိုင်းပြည်တစ်ခုလုံးနဲ့ ကြည့်ရင် အားနည်းသွားတယ်။ အဲတော့ ထုံးစံအတိုင်းပဲ ငယ်ငယ်က သားသား မီးမီး ကြီးရင်ဘာလုပ်မယ် မေမေ၊ ဖေဖေ မေးရင်ကွယ် စသဖြင့်ပေါ့ မေးကြရင် အား .. တခါထဲ ... ဒီ ကျောင်းပြီးရင် တစ်ခါထဲ အဆင်ပြေစေမယ့် ဟော့ဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းမှု ပညာပဲလုပ်ချင်ကြ မိဘကလဲ လုပ်စေချင်ကြတော့တယ်။


 သူတို့ကြီးရှိနေလို့လဲ တိုင်းပြည်က တိုးတက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တိုင်းပြည်တိုးတက်ေ၇းမှာ ဘက်စုံထေါင့်စုံက ဟာကွက်မရှိ တိုးတက်ဖို့လိုတယ်။ ဟိုတလောက စကိုင်းနက်ကြည့်တော့ မိတ္ထိလာက ဆုတွေရတဲ့ အထက်တန်းကျောင်းတစ်ကျောင်းမှာ အင်တာဗျူးလုပ်တယ် အတန်းတွေထဲမှာ အင်တာဗျူးကောင်မလေးက မေးတယ် သမီးလေးကြီးရင် ဘာလုပ်မှာလဲ သမီးတဲ့ ကောင်မလေး တစ်ယောက်ကပြောတယ် သမီး ဆရာဝန်အဆိုတော် လုပ်မယ်တဲ့။ ဒါလဲ ကောင်းပါတယ် ကောင်းပါတယ် သူလဲ အခုခေတ် ဆရာဝန်အဆိုတော်တွေ ထဲက အောင်မြင်နေသူတွေကို အားကျလို့လဲ ဖြစ်ကောင်းဖြစ်မှာပါ။ ကောင်းပါတယ် သမီးလေးကြိုးစားပါ ..........း) တစ်ခါက ကျွန်တော်ဖုန်းဆက်တော့ မေမေက ငါ့သားရယ် နင့်ညီဝမ်းကွဲ တစ်ယောက်ကတော့ အဝေးသင်လေးတက် ဘွဲ့လေးရပြီး လယ်ဘဲထွန်ရတာပါပဲ နောက်ဆုံးတော့ ဟုပြောတော့ ကျွန်တော် မေမေကို ပြန်ပြောဖြစ်တယ်။ မေမေ လယ်ထွန်တဲ့သူတွေ ထဲမှာေ၇ာ ဘွဲ့ရတွေမလိုအပ်ဘူးလားလို့ ပြန်မေးမိတယ်။ ဘွဲ့ရတဲ့ သူတွေလဲ လယ်အလုပ်လုပ်မှ သူတို့ စဉ်းစားဥာဏ်တွေနဲ့ လုပ်မှ အထွက်တိုးတော့မပေါ့ဟု ပြောဖြစ်တယ်။ မေမေအသံခဏ တိတ်သွားပြီး အေးပါ ဖအေ လေးရယ်ဟုသာ ကျွန်တော့ကို ပြန်နောက်၏။

 တကယ်တော့ ကျောင်းက သင်ပေးလိုက်တဲ့အထဲမှာ ဗဟုသုတ၊ စဉ်းစားဥာဏ်၊ လူမှုပေါင်းသင်းဆက်ဆံေ၇း စသည့်အခြေခံအချက်အလက်တွေပါပါတယ်။ ဘယ်ကျောင်းပြီးရင်တော့ ဘယ်ဟာကို လုပ်နိုင်တယ်ဆိုတာ တကယ့်တကယ် အလုပ်ထဲမှာ ၅၀ ပါဆင့်တောင် မဖြစ်နိုင်ပါဘူး။ နောက်မှဒါ ကျွန်တော်တို့ အလုပ်ထဲမှာ ပြန်လည်သင်ယူရင်း အတွေးအကြုံတွေနဲ့ ကျွမ်းကျင်မှုဆိုတာ တိုးတက်လာတာပါ။ ဥပမာ တကယ်လို့သာ လယ်ထွန်တဲ့ အထဲမှာေ၇ာ ဥပဒေဘွဲ့ရတဲ့ သူတွေ လယ်ထွန်နေရင် ကဲအခုတလော ဖေ့ဘုတ်မှာ ဟော့နေတဲ့ လယ်သိမ်းခံရတဲ့ သတင်းတွေကြားရတာ နည်းသွားမှာပဲမဟုတ်လား။ ကျွန်တော်က နယ်က တောသား တစ်ယောက်ပါ။ ကျွန်တော်တို့ ငယ်စဉ်က သီးထပ် သီးညှပ် စိုက်ပျိုးရေး စနစ်တွေကို အခု ခေတ်အခါလို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောလှုံဆော်မှုတွေ မရှိသေးပါဘူး (အခုတော့ ပညာပေးဟောပြောပွဲတွေ စံပြစိုက်ကွက်တွေနဲ့ သေချာလုပ်နေပြီလို့တော့ထင်တာပဲ)။

ဒေသက မိုးနည်းတဲ့ ဒေသဆိုတော့ မိုး၇ွာတဲ့အခါ တောင်ကျ ချောင်း၊ ချောက်၊ မြောင်းတွေကိုေ၇လွှဲတမန်တွေ လုပ်ပြီးတော့ေ၇သွင်းစိုက်ရတာမျိုးပါ။ ဆောင်းနှောင်းပိုင်းေ၇ာက်လို့ စပါးတွေ သိမ်းပြီးရင် လယ်ကွင်းတွေက ကောက်ရိုးပြတ်တွေနဲ့ ဘာမှအလုပ်မဖြစ်တော့ပါဘူး။ ကျွန်တော့ မိဘတွေခေတ်အခါက ကျွန်တော်တို့ တောမြို့နယ်တွေမှာ ၁၀ တန်းအောင်ဆိုတာ အလွန်မတနှ်ရှားပါတယ်။ ၂ နှစ်လောက်မှ ၁ ယောက်လောက် အောင်စရင်းထဲ ပါတဲ့ အခြေအနေပါ။ အဖေက ၁၀တန်းထိ ကျောင်းတက်နိုင်ခဲ့ပေမယ့် ၁၀ တန်းတော့ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း သူဝါသနာပါတဲ့ စိုက်ပျိုးေ၇း စာပေတွေ ဖတ်ခဲ့တယ်။ စာအုပ်တွေ အိမ်မှာ တပုံတပင်ကြီးပါ။ ပြီးတော့ သူဘာတွေလုပ်သလဲဆိုတော့ သီးထပ် စိုက်ပျိုးေ၇းကို စတင်အကောင်အထည်ဖော်ခဲ့သည်။ စပါးစိုက်တဲ့အခါ အထွက်လဲကောင်း အသက်လဲရင်(သက်တမ်းတို)တဲ့ စပါးကိုရွေးစိုက်ခဲ့တယ်။ စပါးတွေ သိမ်းပြီးလို့ မြေမခြောက် သခြောက်ကို ထယ်နဲ့ထိုးပြီး ကုလားပဲတွေ စိုက်ခဲ့ပြီး နှစ်သီးစား စလုပ်ခဲ့တော့ ကျွန်တော် မှတ်မိနေသေးတယ် အဖေ့ကို ရွာကလူတွေနဲ့ အဖိုးကပါ အရူး ဟု ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ဆောင်းနှောင်းပိုင်း ချောင်းေ၇တွေကျသွားတော့ ဘာမှ လုပ်လို့မရတဲ့ ချောင်းသဲခုံတွေပေါ်မှာ ကြက်သွန်တွေ စိုက်ပြခဲ့တုန်းကလဲ ထိုသို့ပင်။ နောက်တော့ ရမှန်းလဲသိေ၇ာ အရူးလုပ်တဲ့ အလုပ်တွေကို လုပ်ချင်ကြလို့ (သူစိုက်ချင် ငါစိုက်ချင်နဲ့ စိုက်ချင်ကြလို့) နေရာလုရင်းက အမျိုးအချင်းချင်း တ၇ားပါရင်ဆိုင်လိုက်ရတဲ့ ကိန်းဆိုက်တယ်။ ဘယ်လိုဖြစ်ဖြစ် မချမ်းသာပေမယ့် အဆင်ပြေပြေလေး နေနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တဲ့ အဖေ့ကို အများကြီးကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျွန်တော်တစ်ခါ နယ်ကိုပြန်ေ၇ာက်တော့ နယ်မှာ လူငယ်လူရွယ်တွေ လူလတ်ပိုင်းတွေ မရှိသလောက်ရှားတယ်။ မလေးရှား၊ ထိုင်း၊ စတဲ့နိုင်ငံတွေကို အလုပ်တွေ ထွက်လုပ်လိုက်ကြတာ တချို့လဲ အဆင်ပြေလို့ အိမ်လေး အုတ်ပတ်ကားတက်(တိုက်ခံအိမ်) သွပ်မိုးလေး ဆိုင်ကယ်လေးနဲ့ပေါ့၊ တချို့လည်း အဆင်မပြေလို့ အေးဂျင့်ခကုန် ပင်းပန်းဆင်းရဲစွါနဲ့ ဘာမှမဖြစ်ပဲ ပြန်လာကြတဲ့သူတွေလဲ တွေ့ရတယ်။ တချို့လည်း လုံးလုံးပျောက်ပြီး သေလားရှင်လားမသိပဲ အဆက်အသွယ်မရတဲ့သူလဲရှိတယ်။ တခု သတိထားမိတာက လူငယ်လူလတ်တွေတော့ တော်တော်ကို နည်းသွားတယ် ယောင်္ကျား မိန်းမ အကုန်ပါပဲ။ ကျွမ်းကျင်လုပ်သားတွေ၇တာပေါ့ဆိုပေမယ့် ကျွန်တော် တော်တော် ရင်လေးမိတယ်။ တနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီလေးတစ်ယောက်နဲ့တွေ့တော့ အကြောင်းစုံမေးကြ မြန်းကြရင်းက အစ်ကိုရာတဲ့ အစ်ကိုပြောသလို ကျွန်တော်တို့ နယ်မှာ လူနဲသွားတာဟုတ်တယ်ဗျတဲ့။ ကျွန်တော်ကတော့ သူများတွေ အေးဂျင့်တွေကို ပေးရတဲ့ ငွေသိန်း ၂၀ ကို ရင်းပြီးတော့ နာနတ်တွေ စိုက်တယ်ဗျာတဲ့ နာနတ်စိုက်တာကတော့ အဓိကပေါ့တဲ့ ပြီးတော့ ရာသီပေါ် သီးနှံတွေစိုက်တယ်တဲ့ သရက်လည်း စိုက်တယ် အခု သနပ်ခါးတွေ စစိုက်နေပြီတဲ့။ တနိုင်တပိုင်လည်း မွေးမြူေ၇းလေးလုပ်တယ်တဲ့။ အခု ၃ ၄ နှစ်ရှိပြီတဲ့။ နာနတ်စိုက်ခင်းနဲ့ကို တော်တော် အဆင်ပြေတယ်တဲ့။ အဲတုန်းက ဂျစ်ကားတစ်စီးကို ၇၀ လောက်ရှိမယ်ထင်တယ်။ သူပိုင်နေပြီ။ သူပြောတာက ဘယ်လို ဖြစ်ဖြစ်အစ်ကိုရာတဲ့ ကျွန်တော် ကံကောင်းလို့လဲ ဖြစ်ချင် ဖြစ်မှာပါတဲ့။ သူများတွေ အပြင်ထွက်အလုပ်လုပ်တာ အဆင်ပြေသလောက်တော့ ပြေတယ် တခုကျွန်တော် မြတ်တယ်ဗျတဲ့ အဲတာကတော့ ကျွန်တော့ မိသားစုနဲ့ အတူတူနေရတယ် အစ်ကို၇ာဟု ပြောရာ ကျွန်တော် တော်တော် ၀မ်းသာမိပါတယ်။

 ဟုတ်ပါတယ် ကျွန်တော်တို့ အစိုးရက အလုပ်အကိုင်အခွင့်အလန်းတွေ လုံလောက်အောင် မရှာဖွေပေးနိုင်ပါဘူး လက်ခံပါတယ်။ ဘွဲ့ရ အလုပ်မရှိဆိုတဲ့ စကားကိုတော့ ကျွန်တော် လက်မခံပါ။ ဘွဲ့ရပါလျှက်နဲ့ အလုပ်မလုပ်ရင်တော့ အလုပ်က ရလာမည်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ လူငယ်လူရွယ်တွေ အနေနဲ့ ကိုယ့်သန်ရာ သန်ရာ ၀ါသနာပါရာ ပညာ၇ပ်တွေမှာ အစဉ်မပြတ် ကျိုးစားအားထုတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ ... လူငယ်လူရွယ်ဆိုတော့ ကျွန်တော်လဲ ပါတာပေါ့ဗျာ သတိထားပါတယ်။ ဟူး ... အကျိုးအကြောင်းတိုက်ဆိုင်သွားလို့ ပြောရင်းက များသွားတယ်ဗျာ ... ကျွန်တော်တို့ မြန်မာပြည်ကြီး ဘက်စုံထောင့်စုံမှာ ပညာရှင်တွေ ပေါ်ပေါက်ပြီး ဘက်စုံထောင့်စုံက တိုးတက်တဲ့ တိုင်းပြည်ကြီး အမြန်ဆုံး ဖြစ်ပါစေလို့ ဆုတောင်းလိုက်၇ပါတယ်ဗျာ ...................... အားလုံးကို ကျေးဇူးတင်ပါတယ် ..........

 Sithu Htet
________________________________________________________________________

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

စိုက်ပျိုးေ၇းပညာပေး Web site ၇ှိပါကသိလိုပါသည်ခင်ဗျား၊ ကျေးဇူးတင်ပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ