သတိရမိလို့တစ်ခုပြောချင်သည်။ ကျွန်တော် ၈ နှစ်ကျော် ၉ နှစ်ထဲဝင်ကာစခန့်ဖြစ်မည်။ ၁၉၉၅ ခုနှစ်မကုန်ခင်လောက်ဖြစ်မည်။
၁၉၉၆ ခုနှစ်သည် မြန်မာ့ခရီးသွားနှစ်ဖြစ်သည်။ မြန်မာ့ခရီးသွားနှစ်ကိုပြင်ဆင်ကြသည့် လက်မှုပညာရှင်များစွာရှိသည်။ ကျွန်တော့်အဖေက
လက်မှုပညာသည်တစ်ဦးပင်။ ထိုအချိန်က ကိုယ်ပိုင်အရင်းအနှီးနှင့် လုပ်ကိုင်သလို အလုပ်ရှင်များကအပ်သည့် အပ်ထည်များလည်းလက်ခံလုပ်
ကိုင်သည်။ သူတို့တွေးထားသည်က ခရီးသွားနှစ်တွင်နိုင်ငံခြားဧည့်သည်အ၀င်များလာမည်။ မြန်မာပြည်၏ရှုခင်း၊ ရှုကွက်များ၊ မြန်မာ့ဓလေ့များ၊ မြန်မာ့
ယဉ်ကျေးမှုများကိုလာရောက်လေ့လာကြမည်။ မြန်မာ့မြေထွက်သယံဇာတများနှင့် လက်မှုပစ္စည်းများကို လက်ဆောင်အဖြစ်ဝယ်သွားကြမည်။ ဤ
သည်မှာ ဇိမ်ခံပစ္စည်းပြုလုပ်ကြသည့် လက်မှုပညာသည်တို့၏ အတွေးများပင်ဖြစ်သည်။
သို့သော်... မထင်မှတ်ထားသည့်အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ရန်တောင်းဆိုလိုက်ခြင်းနှင့်အတူ အခြား
အခြားသောအရေးယူမှုများစွာပြုလုပ်ရန်။ မယုံကြည်နိုင်ခဲ့ပေ။ သို့သော် အမှန်တစ်ကယ်ပင်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံမှကုမဏီတော်တော်များများ
ရုပ်သိမ်းသွားသလို စီးပွားရေးပိတ်ဆို့မှုများ၊ အရေးယူမှုများ များပြားစွာပြုလုပ်ခဲ့သည်။ ၁၉၉၆ ခုနှစ်မြန်မာ့ခရီးသွားနှစ်အတွက် လာဘ်ကောင်ရုပ်ဖြစ်
သည့်ဖိုးဝရုပ်လေး၏ Welcome စတိုင်လ် လက်ပြနေမှုသည် ပြည်ပမှဝင်လာမည့် ဧည့်သည်များနှင့် လုပ်ငန်းရှင်များအတွက် တာ့တာ ဖြစ်နေခဲ့ပြီ။
ကျွန်တော့်ဖခင်တို့လောကတွင်မူ အတော်ဂယက်ရိုက်သွားခဲ့သည်။ ခရီးသွားနှစ်ကိုရည်မှန်းကာ ရှိစုမဲ့စုများနှင့်ပြုလုပ်ထားသည့်လက်မှုပစ္စည်းများ အ
ရောင်းအ၀ယ်ပါးခဲ့သည်။ (ရောင်းမထွက်သလောက်ကိုဖြစ်ခဲ့သည်။) ဆိုင်တွေကလည်း ပစ္စည်းတွေပုံလို့။ ကိုယ်ပိုင်အရင်းအနှီးလေးများဖြင့်ပြုလုပ်ထား
ခဲ့သည့် ကျွန်တော့်အဖေတို့လိုလူတွေအတွက်တော့ မည်သို့မျှပင်မတတ်နိုင်ခဲ့ပေ။ လူသုံးကုန်ပစ္စည်းများ ဈေးတက်ခြင်းနှင့် လုပ်ငန်းများပုံမှန်လည်ပတ်
နိုင်ခြင်းမရှိမှုတို့က ရှိသည့်အရင်းအနှီးလေးကို မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလိုပြုလုပ်ခဲ့ရသည်။ ထို့အတူ အဖေတို့လောကမှ လူအများ
စုမှာလည်း အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့ ကုန်ကြသည်။
သို့သော် အဖေသည်ကျွန်တော်တို့ကို မျက်နှာမငယ်စေရ၊ သူတတ်သည့်ခွန်အားဖြင့်ရအောင်ကျွေးခဲ့သည်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင်မွေးခဲ့
သည်။ သွန်သင်ခဲ့သည်။ ယခုမြန်မာနိုင်ငံကြီး ဒီမိုကရေစီရ၍ လုပ်ငန်းများ ယခင်ထက်အနည်းငယ်ပိုမိုကောင်းမွန်လာသကဲ့သို့ပင် နိုင်ငံခြားသားဧည့်များ
အ၀င်များလာခဲ့သည်။ သို့သော် ကျွန်တော့်ဖေအသက်ကြီးလေပြီ။ ယခင်ကသူမျှော်မှန်းခဲ့သည်များသည် ယခုအချိန်တွင်သူ့အတွက်နှောင်းခဲ့လေပြီ။ ယခင်
ကလောက်သူ မလုပ်နိုင်တော့။ သို့သော် သူ့ဝင်ငွေက ကျွန်တော်တို့မိသားစုအတွက်အရေးပါနေဆဲပင်။
စီးပွားရေးပိတ်ဆို့မှုဒဏ်သည် မြန်မာပြည်မှ မိသားစုပေါင်းများစွာဒုက္ခရောက်ခဲ့ရသည်။ လုပ်ငန်းများထိခိုက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မည်
သည့်အကျိုးအမြတ်များရရှိခဲ့သနည်း။ ထိစေချင်သည်က တစ်ယောက်၊ ထိသွားသည်က မဆိုင်သည့်သူများသာဖြစ်သည်။ မထားအပ်သည့်မာနပင်ဖြစ်သည်။
ယခင်ကတည်းကသာ ညှိုနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြပါလျှင်...၊ လက်တွဲကြိုးပမ်းခဲ့ကြပါလျှင်... ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်......
ဝက်ပေါက် (30-7-2012)
__________________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။