Jan 17, 2012

မြန်မာမိန်းကလေးများ မုဒိန်းကောင်များ၏ လက်မှ လွတ်ကင်းစေရန်


အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။



အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ


Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကျေးဇူးတင်ပါတယ် ခုလေးတင်ပဲ ချစ်သူကို လှမ်းပီးတော့ပို့လိုက်ပီ

Anonymous said...

အဲဒီသတင်းဟာ အွန်လိုင်းပေါ်မှာ ဖန်တည်းတဲ့ ဇာတ်လမ်းပါ။တကယ်ဖြစ်ခဲ့တဲ့
ဖြစ်ရပ်မဟုတ်ပါ။
http://www.hoax-slayer.com/burundanga-warning.shtml
http://kengreene.net/index.php/hoaxes/5-burundangacardhoaxarticle
မြန်မာဘလော့တွေပေါ်မှအတော်ပြန့်နှံ့ခဲပါတယ်။
ဘာသာပြန်တွေကို တွေ့ရင် google search မှာနည်းနည်းရှာကြည့်တာကောင်းပါတယ်။ ဥပမာ အခုလိုဟာမျိုးဆိုရင်

a man came and gave his card ဆိုပြီးထင်တာလေးရိုက်ထည့်လိုက်ပါ။တစ်မျိုးမဟုတ်တမျိုးလေးဘာသာပြန်ပြီးရိုက်ထည့်ကြည့်ပါ။ အခု အဲလိုရိုက်ထည့်တာ
ဒီမျက်နှာထွက်လာပါတယ်။
https://www.google.co.th/search?q=a+man+came+and+gave+his+card&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a

အပေါ်ဆုံးက ဟာကိုနည်းနည်းဖတ်လိုက်ပြီးကလစ်ဖွင့်လိုက်ရင် အဲဒီမူရင်းကိုတွေ့ပါလိမ့်မယ်။
Burundanga Drug Warning - Urban Legends
urbanlegends.about.com › ... › Crime - Cached

David Emery

by David Emery - in 83 Google+ circles
Last Wednesday, Jaime Rodriguez's neighbor was at a gas station in Katy. A man came and offered his neighbor his services as a painter and gave her a card.

အထူးသဖြင့်တွေ့ဘူးတာတွေက ဘာသာပြန်လာတဲ့ ရသလို ဟာတွေ သတိပေးသလိုဟာတွေ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်ဆိုတာတွေ မိသားတစုလုံးနီးပါးသေပြီးကျန်ခဲ့တဲ့သူ သတိမကောင်း ..ဒဏ်ရာတွေနဲသနားစရာဖြစ်လို့ ဒီစာကိုဖေါ်ဝတ်လုပ်ပေးရင် သူတို တစ်ဒေါ်လာရပါမယ်ဆိုတဲ့ဟာတွေ။ မျက်လုံးတစ်ဖက်မရှိတဲ့အမေကိုသားကမုန်းခဲ့တာ သူကိုအစားထိုးပေးခဲ့တယ်ဆိုတာကိုအမေသေပီးမှသိတယ်ဆိုတာတွေဟာ
အလိမ်တွေချည်းပါပဲ။နိုင်ငံခြားက ဘလော့ဂါတွေ အလိမ်ရေးတာ ဇာတ်နာအောင်လုပ်တာ ဖေါ်ဝဒ်လုပ်ခိုင်းတာကလည်း အီးမေလ်းလိပ်စာတွေကိုလိုချင်လို့ (ဟက်ခံရနိင်ပါတယ်) လုပ်ကြတာတွေပဲများပါတယ်။
မျက်လုံးအလုံးလိုက် အစားထိုးပေးတယ်ဆိုတာ ဆေးပညာမှာအခုအထိမအောင်မြင်သေးပါဘူး။
ဘယ်တော့အောင်မြင်မယ်ဆိုတာဆေးပညာရှင်တွေ ပါရဂူတွေအခုထိမမျှော်မှန်း မခန့်မှန်းနိုင်သေးပါဘူး။ ပုဂံရာဇ၀င်မှာ ရှင်အဇ္ဇဂေါဏ တပါးပဲရှိပါတယ်။ (ဟုတ်မဟုတ်မသိပါ။ဖတ်ဖူးတာပါ။)
ဖတ်ရတဲသူတွေမှာအချိန်ကုန် တကယ်လည်းဟုတ်တာမဟုတ်။
လျှောက်လည်ရင်းရောက်လာမိလို့ မဟုတ်တာကြီးမို့လို့ အမှန်ကိုသိအောင်ရေးသွားတာပါ။
စိတ်အနှောက်ယှက်ဖြစ်ရင်ခွင့်လွှတ်ပါခင်ဗျား။
လေးစားလျက်
ကိုထူးဆန်း

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ