Jul 17, 2012

အခြေခံပညာဆရာ၊ ဆရာမများ၏ အခြေခံလစာများ တိုးမြှင့်ပေးမည်

အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ပြောသည်။

လစာတိုးမြှင့်ပေးမှုကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်း ကဆိုသည်။ တိုးမြှင့်ပေးသွားမည့် အစီအစဉ်အရ -

- အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေခံလစာမှာ   ကျပ်တစ်သိန်း(၁၀၀၀၀၀ိ/-)
- မူလတန်းကျောင်းအုပ်တစ်ဦး၏ အခြေခံလစာမှာ      ကျပ်ငါးသောင်း ကိုးထောင်(၅၉၀၀၀ိ/-)
- မူလတန်းပြဆရာတစ်ဦး၏ အခြေခံလစာမှာ            ကျပ်ငါးသောင်း သုံးထောင်(၅၃၀၀၀ိ/-)
   ခံစားရရှိမည်ဖြစ်ကြောင်းသိရသည်။
 “ အကုန်လုံးကိုတိုးပေးသွားမှာတော့မဟုတ်ဘူး။ ၀န်ထမ်းတွေရဲ့အရေအသွေးတွေစစ်ဆေးပြီး တိုးမြှင့်ပေးသင့်တဲ့ဝန်ထမ်းတွေကိုပဲ စတင်တိုးမြှင့်ပေးသွားမယ် ” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

လစာနှုန်းထားများအပါအ၀င် တိုးမြှင့်ခန့်အပ်သွားမည့်ရာထူးများအတွက် ပြည်ထောင်စုဝန်ကြီး ၊ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြို့နယ်ပညာရေးမှူး များကိုလက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့တိုးမြှင့်ပေးမှုကိုလည်း ပူးတွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
 လက်ရှိတွင်
မူလတန်းပြတစ်ဦး၏အခြေခံလစာမှာ ကျပ်             လေးသောင်းခုနစ်ထောင်၊
မူလတန်းကျောင်း အုပ်တစ်ဦး၏ အခြေခံလစာမှာ    ငါးသောင်းသုံးထောင်၊
အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေခံ လစာမှာ ကျပ်ငါးသောင်းကိုးထောင် ဖြစ်ကြောင်းသိရသည်။
___________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ