Jul 18, 2012

မင်းကိုနိုင် ဘာကြောင့် နှလုံးရောဂါဖောက်

အသက် ၅၃ နှစ်အရွယ် ကျောင်းသား အမည်ခံ ဦးမင်းကိုနိုင် ဟာ နှလုံးရောဂါ ဖောက်သွားပြီး ဆေးခန်း အမြန် ပြေးလိုက်ရပါတယ်။ အဲဒီ အဖြစ်ဟာ ရိုးရှင်းတယ် ထင်ရပေမယ့် တကယ်တမ်းကတော့ နောက်ကွယ်မှာ အကြောင်းတရားတွေ ရှိနေပါတယ် ။

ပထမကတော့ အတိုက်အခံတို့ ကြောက်ရတဲ့ မြန်မာအိတ်ခ်ပရက်ဆိုဒ်ရဲ့ရေးသားချက်တွေ ဝေဖန်ချက်တွေ ထုတ်ဖော်ချက်တွေဟာ သူတို့ ၈၈ ကျောင်းသားအိုတွေကို အတော်ကြိးထိခိုက်နေရတာကို မျိုသိပ်နေရတဲ့ ဒါဏ်တွေလည်း ပါဝင်ပါတယ် ။ ၈၈ ကျောင်းသား တွေဟာ လူထင်ရှားအောင် ဖိန့်အကွက်တွေပဲ သုံးနေတာကို ဖော်ထုတ်နေတဲ့အတွက် လူတွေဟာ အမှန်တရားကို သိမြင်လာပြီး အရင်ကလောက် လူမရိုသေ ဖြစ်လာတာကို ဒေါသဖြစ်နေတာဖြစ်ပါတယ် ။ဒါပေမယ့်နှစ်ပေါင်းများစွာ အထင်ကြီးလာတဲ့ ထိုင်နေတဲ့ ငကျိုးကြိး တစ်ယောက်ဟာ ထလမ်းလျှောက်ပြတဲ့အချိန် အားလုံးဟာ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ချီးကျူးပေမယ့် ဒီလူဟာ ငကျိုးကြီးပါဗျာလို့ ထောက်ပြလိုက်လို့ ရှက်ဒေါသ ဖြစ်နေတာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ အဖွဲ့သားတွေက လည်း ၈၈ ကျောင်းသားတွေ ရဲ့ လေယူရာ ယိမ်းတဲ့ ပဲပြားပင် ဝါဒကို ကြည့်မရတာ ကြောင့် အစဉ်တစိုက် ထုတ်ဖော်ရေးသားလာတာတွေဟာလည်း သူတို့ကို ၁၉၈၈ ကိုမမှီလိုက်တဲ့ လူငယ်တွေရဲ့ အားပေးချင်တဲ့ စိတ်တွေ အမှန်တရားဖက်လည်လာတဲ့ အတွက်ကြောင့်လည်း အပြင်ထွက်မလာတဲ့ ဒေါသတွေ ရှိနေပါတယ် ။အဲဒါအပြင် ၈၈ ကျောင်းသားတွေလို့ ခံယူထားရင် ၈၈ ကိစ္စကြိးကို ဦးဆောင်ခဲ့တယ်ဆိုရင် ထိုကာလအတွင်းက ခေါင်းဖြတ် မီးရှို့သတ်ခံရသော ပြည်သူများ အပြစ်မဲ့ ဝန်ထမ်းများ ကိစ္စရပ်များ နှင့် ပျက်စီးဆုံးရှူံးခဲ့ရသော နိုင်ငံပိုင်ပစ္စည်းများကို တာဝန်ယူပေးဖို့တောင်းဆိုထားတာကိုလည်း ဖြေရှင်းချက်မဲ့ကာ ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ် ။ တဖန် ဇူလှိုင် ၇ ရက်နေ့ အစည်းအဝေး ကို လျှို့ဝှက်ဆိုပြီး ဖေ့ဘုတ်ပေါ် တင်ပြီး လူအထင်ကြိးအောင် လုပ်ခဲ့တာကို အထင်ကြိးမခံရတဲ့အပြင် လှောင်ပြောင် ခံနေရတာလည်း အပါအဝင်ဖြစ်ပါတယ် ။


ထိုအစည်းအဝေးအပြိးမှာ ဦးသန်းရွှေကြီးကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့တာကို ဖော်ထုတ်လိုက်ခြင်းကိုလည်း အရှက်ရနေတာဖြစ်ပါတယ် ။ နဂိုကတည်းက အလှူခံငွေများကို အလွဲသုံ့းစားလုပ်နေတဲ့ အကျိုးကံ နှင့် အသက်အရွှယ်ဖိစီးမှူ အပြင် ရည်မှန်းချက်ကြီးမားအောင် လုပ်နေသော်လည်း တခုမှဖြစ်မလာတဲ့ လူတို့ရဲ့ ထုံးစံအတိုင်း စိတ်ဓါတ်ကျခြင်းချုပ်တည်းရသော ဒေါသများကြောင့် နှလုံးရောဂါဖောက်သွားခြင်းဖြစ်ပါတယ် ။ဒေါ်အောင်ဆန်းစုကြည်မှ ၄င်းတို့အား NLD နှင့်စင်ပြိုင်အဖွဲ့ ဖွဲ့မည်စိုးရိမ်၍ ပါးပွတ်နားပွတ်ကာ အယုံသွင်းပြီးNLD ကို ဝိုင်းရံခိုင်းပြီး နေရာပေးပြခြင်းကို အဟုတ်ထင်မှတ်နေတဲ့ မင်းကိုနိုင်တို့ဟာ တကယ့် တကယ့် ကစားကွင်းအတွင်းမှာ သက်ကြီးကစားသမားများ ကိုဖယ်ထုတ်ပြိး အရံခုံတွင်ပင် မထိုင်ခိုင်းပဲ လူငယ် နောက်ပေါက် ဇေယျာ်သော် ကို သာ သူငယ်မွေးစား လိုက်တဲ့ အတွက် ရှက်စိတ်များပါ ပွင့်ထွက်လာပြီး မခံနိုင်သည့်နောက်ဆုံး ယခုလို မူးမေ့လဲ ကြသွားခြင်း ဖြစ်ကြောင်း ၄င်းတို့အဖွဲ့များ သွားလေရာကို စပွန်ဆာပေးထားသော အဖွဲ့ထဲမှ လူငယ်တစ်ယောက်က ပြောကြားလာပါတယ် ။
____________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ