Jul 17, 2012

ထိုင်း-မြန်မာနယ်စပ်လုံခြုံရေးနှင့်မူးယစ်ဆေးဝါးပြဿနာများပူးပေါင်းတိုက်ဖျက်ရေးဆွေးနွေး

ဇူလိုင် ၁၇ နှစ်နိုင်ငံနယ်စပ်တွင် လုံခြုံရေးနှင့်မူးယစ်ဆေးဝါးပြဿနာများပူးပေါင်းတိုက်ဖျက်ရေးအပါအ၀င် နယ်စပ်ရေး ရာများညှိနှိုင်းရေးအတွက် ထိုင်း-မြန်မာနယ်စပ်မြို့နယ်အဆင့်နယ်ခြားကော်မတီ TBC အစည်းအဝေးတရပ် ကို ယနေ့မဲဆောက်မြို့တွင်ပြုလုပ်ခဲ့သည်။


 ဆွေးနွေးပွဲသို့မြ၀တီမြို့မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ(ယာယီ)ဥက္ကဌ ဗိုလ်မှူးမျိုးဝေအောင်ဦးဆောင် သည့်အဖွဲ့တက်ရောက်ခဲ့ပြီးထိုင်းဘက်ခြမ်းမဲဆောက်မှမြို့နယ်အဆင့်နယ်ခြားကော်မတီဥက္ကဌဗိုလ်မှူးကြီးဥဂလစ်နွတ်ကမဲဟန် ဦးဆောင်သည့်အဖွဲ့ဝင်များတက်ရောက်ဆွေးနွေးခဲ့ကြသည်။ မြန်မာဘက်မှတောင်းဆိုချက်များတွင် နှစ်နိုင်ငံနယ်ခြားသောင်ရင်းမြစ်အတွင်းမြစ်ကြောင်းကို ပြောင်းလည်း စေသည့် ထိုင်းဘက်မှကမ်းထိန်းနံရံတည်ဆောက်မှုကို နှစ်ဘက်ညှိနှိုင်းမှုပြုလုပ်ရန်၊ ယမန်နှစ်ကမြ၀တီ မြို့အထက်တန်းကျောင်းအနီးဗုံးဖောက်ခွဲမှုတွင်ဖမ်းဆီးရမိခဲ့သည့်လူသည် မဲဆောက်တွင်အခြေစိုက်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှစေလွတ်သော လူဖြစ်သည့် အတွက်၊၎င်းအဖွဲ့အစည်းများကို ထိုင်းဘက်မှအခြေပြုခွင့်မပြုရန်အပါအ၀င်၊ အခြားနယ်စပ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတောင်းဆိုခဲ့သည်။

ထိုင်းဘက်မှလည်း မဲဆောက်တွင်ပြေးဆွဲသည့် မြန်မာခရီးသည်တင်ကားနှင့်ကုန်တင်ကားများကို စည်းကမ်းထိမ်းသိမ်းမှုပြုလုပ်ပေးရန်၊ နယ်စပ်မဲ့ကိုကင်းရွာထိုင်းဘက်ခြမ်း တွင်း မြန်မာအလံလွှင့် တင်ထားမှု ကိုဖြုတ်သိမ်းပေးရန်၊နှစ်ဘက်နယ်စပ်တွင် ခိုးကားများနှင့်မော်တော်ဆိုကယ် များပြဿနာ ကို နှစ်ဘက်ပူး ပေါင်းဖြေရှင်းမှုများပြုလုပ်သွားရန်နှင့် အခြားနယ်စပ်ဆိုင် ရာဆောင်းဆိုချက်များတင်ပြခဲ့သည်။ မဲဆောက်-မြ၀တီမြို့နယ်အဆင့်နယ်ခြားကော်မတီ TBC အဆင့် အစည်းအဝေးများကို မဲဆောက်နှင့်မြ၀တီ မြို့များတွင်အလှည့်ကျကျင်းပခဲ့ကြသည်။

---------------------------------------------------------------------------------------------------------------
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ