Jul 19, 2012

ရေနံ နဲ့ ဂတ်စ် ရောင်းရငွေတွေ ဘယ်ရောက်သွားလဲ ဆိုတာ သမ္မတ ပြောပြီ

သစ်တွေ ကျွန်သစ်ဆိုရင် ဒီမှာအဖိုးတန်တယ်။ ဒီနေ့အထိ ကျွန်တော်တို့တွေ့နေရတာကတော့ သစ်လုံး အတိုင်း ရောင်းစားနေတာတွေ့တယ်။ ဒါကြောင့် သစ်ကို တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ ထုတ်နိုင်ပြုနိုင်မယ်ဆို ရင် တန်ဖိုးဟာအများကြီးတက်သွားမှာဖြစ်ပါတယ်။
သားငါးကဏ္ဍမှာလည်း ဒီတိုင်းတင် ဒီတိုင်းရောင်းဖြစ်နေတယ်။ ဒီတရုတ်နိုင်ငံကိုပဲ နေ့ချင်းပြီးသယ် နေ့ချင်းပြီးရောင်း ဆိုတာကိုပဲ အားထားနေရတယ်။ ဟိုကတစ်ခုခုဈေးကိုင်လိုက်မယ်ဆိုရင် ပစ္စည်းတွေက ပို့ကုန်တွေ ဖြစ်တဲ့ အတွက်ကြောင့် အင်မတန်မှကို ကုန်သည်တွေအတွက် နစ်နာတယ်။
ဖရဲသီးဈေးကောင်းမယ်ဆိုပြီး လယ်သမားတွေက ဖရဲသီးကို တိုးပြီးစိုက်ကြတယ်။ ကားကြီးကားငယ် တွေနဲ့ တင်သွားကြပြီးတော့ ဟိုမူဆယ်ရောက် တရုတ်က နည်းနည်းလေးဈေးကိုင်လိုက်တာနဲ့ ကျွန်တော်တို့ လယ်သမားတွေ ဒုက္ခရောက်ပြီ။ နောက်ထပ်တန်ဖိုးမြင့်တဲ့ ပစ္စည်းထုတ်ဖို့ဆိုတာ ကျွန်တော်တို့မှာ နည်းပညာ ပိုင်းမရှိဘူး။ အရင်းအနှီးလည်းမရှိဘူး။ ခရမ်းချဉ်သီးဆိုလဲ ရောင်းရရင်ရောင်းရ မရောင်းရရင် အရှုံးခံပြီး လယ်သ မားတွေ ဒီတိုင်းပဲသွန်ပစ်လိုက်ရတယ်။ ကျွန်တော်တို့က သူတို့ဆီကလာတဲ့ ခရမ်းချဉ်သီးဆော့တို့ ဘာတို့ ပြန် ၀ယ်စားနေရတယ်။


ပြည်သုတို့ရဲ့ ဖခင် ပြည်သူလူထုရဲ့ အနာဂတ် သမ္မတကြီး

ကျွန်တော်တို့ဆီမှာ ကြေးနီလိုဟာမျိုးထွက်တယ်။ ကျွန်တော်တို့က အဲဒီထွက်တဲ့ကြေးနီတွေကို တရုတ် နဲ့ ဖက်စပ်လုပ်ပြီးတော့ ကုန်ကြမ်းမျိုးရောင်းနေရတာဖြစ်တယ်။ နောက်တစ်ခု သံထွက်တယ်။ ထိထိရောက် ရောက်နဲ့ မဖော်ထုတ်နိုင်ဘူး၊ ထိထိ ရောက်ရောက်နဲ့ အသုံးမချနိုင်ဘူး။
မြင်းခြံဘက်မှာ ကျွန်တော်တို့ကြိုးစားပြီး သံမဏိစက်ရုံ တည်ခဲ့ပါတယ်။ ဒီကနေ့တော့ လွှတ်တော်တို့ ဘာတို့နဲ့ ဆောင်ရွက်လို့ရနေပါပြီ။ နည်းနည်းလေးသတင်းထွက်လာတာနဲ့ ဟိုကပိတ် ဒီကပိတ်တွေရှိလာတော့ သတင်းအမှောင်ချပြီးလုပ်ခဲ့ရတာပါ။ စက်ရုံတွေက သံမဏိနဲ့ပစ္စည်းတွေထုတ်ခဲ့လို့ ဧရာဝတီတံတားသံဘောင် တွေဆိုရင် တစ်ချို့တစ်ဝက်လောက်ပဲ ပြည်ပက၀ယ်ရတာပါ။ ကျွန်တော်တို့ဆီကထုတ်တဲ့ သံမဏိသံဘောင် တွေကို အသုံးပြုထားတာပါ။
ဒါ ကျွန်တော်တို့အားနဲ့ချည်းပဲလုပ်တာပါ။ တစ်ချို့ပြောကြတယ် ဂတ်စ်ရောင်းရတဲ့ပိုက်ဆံတွေ ဘယ် ရောက်သွားပြီလဲဆိုပြီးတော့ မယုံသင်္ကာနဲ့ ရှိကြပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကြိတ်ပြီးတော့ ရင်းနှီးမြှုပ်နှံ ခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။


ကျွန်တော်တို့မှာ သံရှိတယ်၊ ကြေးနီရှိတယ်။ တိုက်တေနီယံလိုသတ္တုမျိုး ရှမ်းပြည်ဘက်မှာ ထွက်ရှိပါ တယ်။ စစ်လက်နက်ပစ္စည်းတွေ ထုတ်မယ်ဆိုရင် ဒါမျိုးတွေကို အသုံးပြုပြီး ထုတ်ရတာဖြစ်ပါတယ်။ ဒီကြေးနီတို့ သံတို့ တိုက်တေနီယံတို့ကို အခြေခံပြီး ပစ္စည်းတွေထုတ်နိုင်တဲ့ စက်ရုံလိုဟာမျိုးတွေ နောက်တစ်ဆင့်မှာ ကျွန်တော်တို့ တက်လှမ်းနိုင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။



နောက် စတုတ္ထအချက်က IT နဲ့ Telecommunication တော်တော်ချည်းကို ခေတ်နောက်ကျနေပါ တယ်။ အနီးနားက မလေးရှားတို့ဘာတို့ဆိုရင် တော်တော်ချည်းဖြတ်ကျော်သွားပြီး စင်္ကာပူဆိုရင်လည်း အင်မ တန်မှကို တိုးတက်သွားပြီး နောက်တစ်ခု အိန္ဒိယဆိုရင်လည်း IT နည်းပညာဖွံ့ဖြိုးတိုးတက်သွားပြီ ဒီကြားထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက အင်မတန်မှ နောက်ကျပြီးကျန်ခဲ့တာဖြစ်တယ်။ IT လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နည်းပညာ ကျွန်တော်တို့မှာမရှိလို့ အဲဒီတော့ ကျေးလက်တွေအထိကိုပျံ့နှံ့တဲ့ Telecommunication တွေ ကျွန်တော်တို့သွားချင်တယ်။ လယ်သမားတစ်ယောက်က ခါးကမိုဘိုင်းလ်ဖုန်း လေးကို ဖြုတ်ပြီး ကမ္ဘာနဲ့အဆက်အသွယ်လုပ်လို့ရတဲ့ အဆင့်မျိုးဖြစ်အောင် လုပ်ချင်တယ်။



ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ ပြည်ပရဲ့အကူအညီတွေကို ဖိတ်ခေါ်ပြီးလုပ် ဆောင်နေတာဖြစ်ပါတယ်။ ပြည်ပက၀င်လာရင်တော့ တို့တိုင်းပြည်တစ်ခုလုံးကိုတော့ ၀ါးမြိုသွားတော့မယ် ဆိုပြီးတော့ တစ်ချို့စိုးရိမ်ကြောင့်ကြမှုတွေရှိကြပါတယ်။
နောက်တစ်ခု စားနပ်ရိက္ခာကို ဒီလူပေါင်း သန်းခြောက်ဆယ်တင် ဖူလုံအောင်မဟုတ် သန်းတစ် ရာသာမက ကျွန်တော်တို့ သားစဉ်မြေးဆက်အထိ စားလို့လောက်အောင် ကျွန်တော်တို့လုပ်ရမယ်။ ချမ်းသာဖို့ အတွက်ကျတော့ ဒီလယ်ယာကဏ္ဍတစ်ခုတည်းနဲ့ မရဘူး။
စက်မှုလုပ်ငန်းလုပ်မယ်ဆိုရင်လည်း ကိုယ့်တိုင်းပြည်ကအလုပ်သမားတွေ အလုပ်အကိုင်ရဖို့လိုတယ်။
သူတို့ရဲ့ကျန်းမာရေး နောက်တခု ကလေးတွေရဲ့ ပညာရေး၊ ဒါတွေကို ကျွန်တော်တို့လုပ်ပေးရမယ်။စီးပွားရေးမှာလည်းပြည်သူတွေမျှော်မှန်းသလိုဖြစ်နေပါပြီ။စက်ရုံကြီးတစ်ရုံ ဆောက်ဖို့ဆိုတာ(၁)နှစ်တည်းနဲ့ တော့မပြီးနိုင်ဘူး။

(၂)နှစ်တည်းနဲ့ လည်းမပြီးနိုင်ဘူး။ နောင်အစိုးရ ဘယ်အစိုးရဘဲ တက်လာတက်လာ ကျွန်တော်တို့ လက်ထက်မှာတော့အခြေခိုင်မိအောင် လုပ်သွားမှာပဲ။ 

ဒီမိုကရေစီ ရှင်သန်ရေးဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ပဲ ဆက်စပ်နေပါတယ်။ တိုင်းပြည်တည်
ငြိမ်အေးချမ်းရေးဟာလည်း ဒီမိုကရေစီရှင်သန်ဖွံ့ ဖြိုးရေးနဲ့  ဆက်စပ်နေပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီရှင်သန်မှပဲစောစောက ကျွန်တော်တို့ ပြောခဲ့တဲ့ လူမှုစီးပွားဘ၀ တိုးတက်မှာပါ။ ကလေးတွေကျောင်းထားနိုင်ဖို့ လိုပါတယ်။ ကျန်းမာရေးအရ ဆေးဝါးကုသနိုင်ဖို့  လိုပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီရှင်သန်မှသာ တစ်ဖက်မှလည်းလူမှုစီးပွားဘ၀ဖွံ့ ဖြိုးတိုးတက်မှာ
ဖြစ်ပါတယ်။

______________________________________________________________________________ 
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဘယ်လောက်ရပြီး
ဘယ်လိုသုံးလိုက်တာလဲ
ဘာမှလဲမပါဘူး

Anonymous said...

တစ်ယောက်ထဲကောင်းကျိုးမလုပ်ဖူးဆိုတာတော့ သိတယ်။ ပြည်သူလူထု တစ်ရပ်လုံးတော့ အကျိုးမဖြစ်လောက်ပါဘူး။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ