Mar 12, 2013

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်မှ လက်ပံတောင်းတောင် စီမံကိန်းအား ဆက်လုပ်သင့်ကြောင်း ရေးသားတင်သွင်းခဲ့

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်မှ ယနေ့ သမ္မတ ထံသို့ တင်သွင်းသော အစီရင်ခံစာတွင် နိုင်ငံအတွက်အရေးကြီးသောစီမံကိန်းဖြစ်သည့်အတွက် ကြေးနီစီမံကိန်းကို ပိတ်သိမ်းခြင်း မပြုလုပ်ပဲ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အဆိုပြု တင်သွင်းခဲ့ပါသည် ။


ယခင်က ဖြစ်ပွါးခဲ့သော  ရဲတပ်ဖွဲ့ဝင်များမှ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန်းအား တရားဥပဒေ အရ့ ဖြိုခွဲခဲ့စဉ်က လက်ပံတောင်းတောင် သပိတ်စခန်းအား NLD မှ ဦးဝင်းတင်မှ သပိတ်စုံလျှင် ရမည်ဟု
၍ အားပေးအားမြှောက်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် အားပေးခဲ့ဖူးသည် ။


 ယခုအခါ ကြေးနီစီမံကိန်း နယ်မြေ အတွင်းရှိ လိပ်ခွံတောင်နှင့် အင်ကြင်းတောင် တို့အား သပိတ်စခန်းများ
မှ အတင်းတတ်ရောက်နေရာယူထားရာ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည်ဖြစ်
ပြိး မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရမည်ဖြစ်သည် ။မိမိတို့  အစီရင်ခံစာနှင့်ပတ်သတ်၍ ဒေသခံများမကျေနပ်ပါက ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ကြရန် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်အား ယခုအခါ သူ၏ အကြံ
ပေး တစ်ဦးဖြစ်သူ ပြန်ကြားရေးတာဝန်ခံဖြစ်သော The Lady ဂျာနယ်တိုက်ပိုင်ရှင် မေဇင်အေး(ခေါ်)ခွန်ဒီးယမ် နှင့် NLD မှ သက်တော်ရှည် ဘိုးဘိုးကြီးဖြစ်သော ကွန်မြူနစ်ဝါဒကိုင်စွဲသူ ဦးဝင်းတင် တို့မှ မနက်ဖြန် ဒေါ်စုခရီးစဉ်အားကြိုဆိုခြင်းမပြုရန်နှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအနေဖြင့် ယခုထက် ပိုမိုပြင်းထန်သော ဆန္ဒပြမှူများ လုပ်ရှားမှူများ ပြုလုပ်ရန် မြောက်ပင့်ပြောဆိုထားသည် ။


ယခုလို အင်တာနက်စာမျက်နာမှ မြောက်ပင့်ပြောဆိုမှူများသည် အင်တာနက် မသုံးနိုင်သော အီးမေးလ်ပင်မရှိသော လယ်သမားများ သပိတ်လူထုများဆီသို့ မရောက်ရှိနိုင်မည်ကို သိသော်လည်း ယခုလို
ရေးသားနေခြင်းသည် နောက်ကွယ်ကြိုးကိုင်သူများအား လန့်နိုးသည့် အသွင်ဆောင်နေကြောင်း သုံးသပ်မိပါသည် ။


ယခင်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကော်မရှင်ဦးစီးပြီဟု သတင်းများကြားစဉ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ယခုပင်ရပ်မလိုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သပိတ်လူထု ဘက်မှ ပါဝင်တော့မည် အသွင် သတင်းထွက် ထင်ကြေးပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ စီမံကိန်း  ဆက်လုပ်ရန် အားပေးခဲ့ခြင်းကြောင့်
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ခံပရိသတ်များအနေဖြင့် အစိုးရအဖွဲ့ဘက်သို့ ဒေါ်စုယိမ်းသွား
ပြီဟု သံသယဝင်နေပြီဖြစ်ကာ အတိုက်အခံအုပ်စု အကြား ညီညွှတ်မှုကွဲပြားလာပြီဖြစ်သည် ။ဤ အချက်
အနေဖြင့် မနေ့တနေ့ကမှ တဖက်သတ် ညီလာခံသဘောထားဖြင့် ဖြုတ်ထုတ်သတ်စနစ် အသက်သွင်းကာ ဥက္ကဌပြန်ဖြစ်လာသော ဒေါ်စု၏ ထိုင်ခုံ
နေရာသည်လည်း စိုးရိမ်ဖွယ်ရာဖြစ်လာတော့မည်ဖြစ်သည် ။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဦးဝင်းတင်၏ မတ်လ ၁၂ ရက်နေ့ (၈၃) နှစ်မြောက်မွေးနေ့ အမှာစကားကလည်း တယ်ထူးခြားပါလား။ တောင်းစားရေးသာဖြစ်ပြီး ရိုးသားစွာ လုပ်ကိုင် စားသောက်ရေး မပြောတော့ မြန်မာပြည်သူတွေဟာ သူတောင်းစားတွေ ကျနေတာပဲ။ ဦးဝင်းတင့် ခိုင်းတာ လိုက်လုပ်လို့ ထမင်းဝမှာ တော့ မဟုတ်ဘူး။ သူကလည်းလာကျွေးထားမှာမဟုတ်ဘူး။ ကိုယ့်ထမင်းစားရဘို့ နိုင်ငံတော် တည်တည်ငြိမ်ငြိမ်နဲ့ လူတကာ ကြွယ်ဝချမ်းသာ၊စိတ်ချမ်းသာတဲ့ နိုင်ငံ ဖြစ်ဘို့ကိုသာ အလေးထား ဆောင်ရွက်ကြဘို့ပဲလိုပါတယ်။ဆူပူနေလို့ ထမင်းမ၀ဘူး ။ သူတို့ပဲ ထောက်ပံ့ကြေးတွေ နေရာမျိုးစုံက ရပြီး ထမင်းနပ်မှန်ယုံမက ဖြစ်နေတာ သိဘို့လိုနေပါပြီ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ