Mar 11, 2013

ပြန်ကြားရေး၊ အလဲဗင်းနှင့် စာနယ်ဇင်းများ

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့လည်း အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်နားမလည်နိုင်တာက သူများနိုင်ငံတွေမှာ ဥပဒေတွေကို ဘယ်လိုများ ပြဋ္ဌာန်းရေးဆွဲနေကြသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ 

ကျွန်တော်အများကြီး လေ့လာဖို့ လိုဦးမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်က အခြားနိုင်ငံတွေမှာလည်း ဥပဒေဆိုတာ လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းတာလို့ ထင်ထားတာဗျ။ အခုတော့ ကျွန်တော့်အထင်တွေကို ပြောင်းရတော့မယ်ထင်တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရေးဆွဲမယ်၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေဆိုရင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၊ မိခင်များအဖွဲ့ချုပ်တို့၊ အမျိုးသမီးရေးရာတို့က ရေးဆွဲမယ်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေဆိုရင် ဆေးလိပ်မသောက်တဲ့လူတွေ၊ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့လူတွေက ရေးဆွဲမယ်၊ သယ်ယူပို့ဆောင်ရေး ဥပဒေဆိုရင် ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေက ရေးဆွဲမယ်၊ အလုပ်သမားဥပဒေဆိုရင် စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားတွေက ရေးဆွဲရမယ်၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုများ ဖြစ်မလားမသိဘူးဗျာ။


 သိတဲ့လူတွေများရှိရင် ကျွန်တော့်ကို ပြောပြကြပါဦး၊ ဖတ်ရမယ့်စာအုပ်တွေ ညွှန်ကြပါဦး။ လွှတ်တော်က ကော်မတီတွေဖွဲ့ထားတာ ဘာလုပ်ဖို့လဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားတာ ဘာလုပ်ဖို့လဲ။ တောက်... ပြောရင်းနဲ့ စိတ်တိုလာတယ်။ သိပ်တော့ မဟုတ်သေးပါဘူးဗျာ... ဘယ်နှယ့်ဗျာ ရေးဆွဲထားတဲ့ ဥပဒေကဖြင့် လွှတ်တော်မှာတောင် မဆွေးနွေးရသေးဘူး၊ အတည်မပြုရသေးဘူး၊ အပြင်မှာ ဖြစ်နေလိုက်ကြတာ တကယ့်ကို အမဲသားတုံးကို ကျီးကန်းအုံနေသလိုပါပဲ။

 မြန်မာပြည်မှာက ကလောင်တစ်ချောင်းကိုင်ထားရင်၊ ဂျာနယ်တစ်စောင်လောက် ထုတ်ဝေနေရင်၊ သတင်းထောက်ဆိုတဲ့ ကတ်လေးတစ်ခုများ ရှိထားရင် သူတို့ကိုယ်သူတို့ မသိတာမရှိ၊ မတတ်တာမရှိ၊ နားမလည်တာမရှိ၊ အားလုံးသိတဲ့ အနှိုင်းမဲ့ကြီးတွေလို့ ထင်နေကြတော့တာကိုး။ အလဲဗင်းဆိုတဲ့ မီဒီယာ နည်းနည်းမဟုတ်တော့ဘူး အတော်ကြီးတော့ လွန်လာပြီလို့ ထင်တာပဲ။ ဆူးလှည်းဖြစ်မှန်းမသိ ဖြစ်လာနေတာကို မြင်နေရတယ်။ ဒီပုံအတိုင်းဆို အနာဂတ်အလားအလာ သိပ်မကောင်းနိုင်ဘူး။ ခက်တာက သူတို့က သူတို့ကိုယ်သူတို့ နံပါတ်ဝမ်းလို့ အတင်းခံယူထားပေမယ့် မီဒီယာလောကအတွင်းမှာကျတော့ သူ့ကို ဘယ်သူကမှ အဖက်မလုပ်တာ အတော်ဆိုးတယ်။ သူကလည်း သူကလွဲရင် အခြားမီဒီယာတွေဟာ တတ်လို့လုပ်တာမဟုတ်၊ ငတ်လို့လုပ်တာဆိုတဲ့အပေါက်မျိုး သိပ်ပြောတတ်၊ ရေးတတ်တာကိုး။ အခုလည်းကြည့်ဦး ဘာတဲ့... သူတို့ရုံးမှာ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း ဗီနိုင်းချိန်ဆွဲထားသတဲ့။ အေးလေ... သူ့ဆန္ဒကိုယ်သူ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာပဲ... လုပ်ပေစေပေါ့။ 

ဒါပေမယ့် သူတို့ဗီနိုင်းချိတ်ထားတာကို ဘယ်သူကမှလည်း ဂရုမစိုက်၊ ဘယ်သူကမှလည်း အလေးထားပြီး သတင်းမရေးတော့ သူတို့ထုတ်တဲ့ ဂျာနယ်မှာ သူတို့ဘာသာသူတို့ သတင်းပြန်ရေးတယ်၊ မကောင်းဘူးလား။ ထားပါ.. သူများမရေးလို့ သူတို့ဘာသာ ရေးတာပဲ။ အဲဒါကို သတင်းလို့ သတ်မှတ်လို့ ရေးတယ်လို့ပဲ ထားလိုက်ပါတော့။ ဒါက အစိုးရ၀န်ကြီးဌာနတစ်ခုကို တရားဝင် ကန့်ကွက်တာနော်။ လူမြင်သူမြင် ဗီနိုင်းချိတ်တယ်၊ ထပ်ပြီးတော့ ကျယ်ပြန့်စေချင်တဲ့အတွက် သူတို့ဂျာနယ်မှာ သတင်းထည့်ရေးတယ်၊ အဲ.... ဘာမဟုတ်တဲ့ အွန်လိုင်းပေါ်က သူတို့စာမျက်နှာမှာကတော့ အလဲဗင်းကို မကောင်းကြောင်းများပြောရင် အဲဒီကွန်းမန့်ကို ဖျက်ပစ်ရတာနဲ့၊ ရေးတဲ့လူကို ဘန်းရတာနဲ့၊ အတော်လည်း ဟုတ်တဲ့လူတွေဗျာ။ ငါကသာ သူများကို လက်ညှိုးထိုးမယ်၊ ငါ့ကိုတော့ မျက်လုံးနဲ့တောင် စိုက်မကြည့်နဲ့ဆိုတဲ့ မီဒီယာလို့ပဲ ကျွန်တော်က သတ်မှတ်လိုက်ပါတယ်ဗျာ။ (တချို့တွေ ပြောကြသလို အလဲဗင်းဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ရတဲ့အထဲမှာ မပါသေးတဲ့အတွက် အရှိုက်ထိပြီး အခုလို လုပ်မိလုပ်ရာ လျှောက်လုပ်တာ ဟုတ်၊ မဟုတ် ဆိုတာကတော့ ကျွန်တော်ကိုဉာဏ် သေချာမသိတဲ့အတွက် ဒီနေရာမှာ ဘာမျှမပြောလိုပါဘူး) ကဲ... ကဲ.... သိပ်လည်း သည်းမနေကြပါနဲ့ မီဒီယာတို့ရယ်...။


ဒေါ်စု၏ အခါတော်ပေး Eleven media ရဲ့ အကြံပေး ခွန်ဒီးယမ်/မေဇင်အေး/ဒီမိုဖက်တီး အမည်ရ The Lady ဂျာနယ်ပိုင်ရှင်
 ဥပဒေကြမ်းက အခုမှ ပြည်သူ့လွှတ်တော်ကို တင်ထားတုန်း ရှိပါသေးတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြဦးမှာပါ၊ သက်ဆိုင်တဲ့ ရေးရာကော်မတီကလည်း သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ အကြံဉာဏ်ယူတာတွေ လုပ်ကြဦးမှာပါ။ ဥပဒေဆိုတဲ့ စကားကိုကြားတိုင်း တီကို ဆားနဲ့တို့သလို ဖြစ်နေတာကတော့ သိပ်ပြီး မနိပ်လှဘူး ထင်ပါတယ်ဗျာ။ ကိုယ်တိုင်ဥပဒေပြဋ္ဌာန်းချင်ရင် စာနယ်ဇင်းပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲသာ ၀င်ထိုင်ကြပါတော့လို့ ကျွန်တော်က အကြံပြုချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ကိုဉာဏ် ကတိပေးချင်တာက လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ မဖြစ်သင့်လောက်အောင် ဖိနှိပ်ထားတာ၊ နှိပ်ကွပ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ကန့်သတ်ထားတာတွေ ပါနေတယ်ဆိုရင် ကျွန်တော်ကလည်း တတ်နိုင်တဲ့ဘက်က ခင်ဗျားတို့နဲ့အတူ လွှတ်တော်ကို ဝေဖန်မယ်ဆိုတာပါပဲ။ အခုဟာက ဥပဒေကြမ်းပဲ ရှိပါသေးတယ်ဗျာ။ အရက်ပုလင်းကိုမြင်ရုံနဲ့ မူးသွားတယ်ဆိုရင်တော့ သေချာတယ်... အဲဒီပုလင်းကြောင့် မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ပုလင်းကို မမြင်ခင်ကတည်းက သောက်ထားခဲ့ကြလို့ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်ဗျာ။

From:[_ Rashly Nay Win _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သိတ်မှန်သော စကားများ အဖြစ်ထောက်ခံပါသည်။ (အီးလဲပင်း) မှ သတင်းတွေ ဖတ်လိုက်ရင် နိုင်ငံတော် ဘာလုပ်လုပ် မကောင်းတာ အဖြစ် ရှု့မြင်နေပုံရပါသည်။နောက်တစ်ကြိမ် လွှတ်တော်မှာ အမတ်မင်းဖြစ်အောင် ကြိုးစားပါ။ ဒါမှ လူရာဝင်မည်ဟု ပြောချင်ပါတယ်။ခုတော့ ဖုန်မထသေးတော့ ပုံပါအတိုင်း ၀ိုင်းအူကျအုံးလို့ပဲ စိတ်အချဉ်ပေါက်စွာနဲ့ ပြောချင်တယ်။

Anonymous said...

ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ပြောတာေ၇းတာ ထုတ်လွှင့်တာတွေကိုယုံလို့မ၇ပါဘူး အဲ့ဒီအဖွဲ့တွေက ပြောတာေ၇းတာတွေထဲမှာ မှန်တဲ့အချက်အလက်တွေ ပါတယ်ဆို၇င်တောင် အဖြစ်အပျက်အပြည့်အစုံတော့မဟုတ်ဘူး

အတိုက်အခံဒီမိုလုပ်စားမီဒီယာတွေက အတိုက်အခံတွေ၇ဲ့ အမှားတွေအပြစ်တွေကို ထိန်ချန်ပီး အစိုး၇ဖက်ကိုဘဲ တစ်ဖက်သတ်အပြစ်တင်ပီးေ၇းလေ့ ထုတ်လွှင့်လေ့၇ှိပါတယ် အဖြစ်အပျက်ကိုသတင်းအဖြစ်ေ၇း၇ာမှာ လုံးဝ ထိန်ချန်ပီးေ၇းလို့မ၇တဲ့ အတိုက်အခံဖက်က အမှားတွေအပြစ်တွေကိုတော့ ဖေါ့ပီး ပုံပြောင်းပီးေ၇းတာက သူတို့၇ဲ့လုပ်၇ိုးလုပ်စဉ်ပါ

အဲ့မို့ ဖြစ်၇ပ်မှန်တစ်ခုကိုတောင် အဲ့ဒီ အတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက သတင်းအဖြစ် ပြန်ေ၇းပီ ထုတ်လွှင့်ပီ ဆို၇င် အပြည့်အဝယုံလို့မ၇တော့ပါဘူး ဒီမိုလုပ်စားမီဒီယာတွေေ၇းတဲ့ ထုတ်လွှင့်တဲ့ သတင်းက အချက်အလက်အမှန်တွေကိုတင်ပြတဲ့သတင်း မဟုတ်တော့ပါဘူး ဒီမိုလုပ်စားမီဒီယာတွေ၇ဲ့ သတင်းကသတင်းနဲ့မတူဘဲ အစိုး၇ကိုအတင်းပြောထားတာဖြစ်နေပါတယ်

ဆောင်းပါးတို့ သုံးသပ်ချက်တို့ဆို၇င်တော့ လို၇ာကိုအတင်းဆွဲေ၇းတော့တာဘဲ့ အဲ့မို့ ဒီမိုလုပ်စားမီဒီယာတွေဖက်ကေ၇းတဲ့ ထုတ်လွှင့်တဲ့ ဆောင်းပါးတွေ သုံးသပ်ချက်တွေက မျှမျှတတမ၇ှိဘဲ အစိုး၇ကိုတစ်ဖက်စောင်းနင်းအပုပ်ချထားတာတွေဘဲ များပါတယ်

အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေဟာ အစိုး၇ဖက်က အပြစ်တွေ အမှားတွေကို ၇ှာပြ ထောက်ပြ၇ာမှာသာေ၇ှာမွေးကို ဗာ၇ာဏသီ ဖြစ်အောင် ချဲ့ကားပီးေ၇းကြတာပါ သူတို့ချဲ့ကားပီးေ၇းစ၇ာေ၇ှာမွေးလောက် သေးတဲ့အပြစ်မျိုး အမှားမျိုးတောင် အစိုး၇ဖက်ကမလုပ်ထားတဲ့အခြေအနေမျိုးဆို၇င်တောင် ဒီမိုလုပ်စားမီဒီယာတွေက အမွေးမ၇ှိတဲ့ေ -ွး ဥမှာ သန်း၇ှာသလို ပြူးပြဲပီး၇ှာနေကြတာပါ မြန်မာအစိုး၇မကောင်းကြောင်း မပြော၇င် သူတို့ကို ထောက်ပံနေတဲ့ နိုင်ငံတကာအလှူ၇ှင်အဖွဲ့အစည်းတွေက ထောက်ပံငွေတွေ လျှော့ချမှာစိုး၇ိမ်လို့ အတိုက်အခံတွေ ဒီမိုလုပ်စားမီဒီယာတွေက အဲ့လိုေ -ွး ဥမှာ သန်း၇ှာနေကြတာပါ

အတိုက်အခံဖက်ကလူတွေ၇ဲ့ အသုံးမကျတာတွေ အကျင့်စာ၇ိတ်တမကောင်းတာတွေ ကလိမ်ကကျစ်ကျတာတွေ အောက်တန်းကျ ယုတ်မာတာတွေ လူမှုေ၇းဖေါက်ပြန်တာတွေ ၇ာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုတော့ တစ်လုံးတစ်လေမှမေ၇းပါဘူး ဒါမျိုးကျတော့ အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ကြောင်တောင်ကန်းနေကြ နှာစေးနေကြ ဆွံ့အ နေကြပါတယ်

အဲ့လိုမို့ အကြောင်းအ၇ာတစ်ခု အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပီး အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက တစ်လုံးတစ်လေမှ မပြောဘူးမေ၇းဘူး ဆိုတာနဲ့ အဲ့ဒီ အကြောင်းအ၇ာအဖြစ်အပျက်ဟာ မဖြစ်ခဲ့ဘူးလို့သတ်မှတ်လို့မ၇ပါဘူး

ABSDFလူသတ်သမား ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင် တို့ ကချင် ပါဂျောင် မြောက်ပိုင်းABSDF မှာကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကိုကမ်းကုန်အောင်ချိုးဖေါက်ခဲ့တာကို NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းက ခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက သိ၇က်နဲ့ နှစ်(၂ဝ)ကျော် ဖုံးကွယ်ထားခဲ့တယ်

မြောက်ပိုင်း ABSDFသတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာ၇ှင်းပွဲ (၂)ခုကို (၁၉၉၂)မှာကတဲက နိုင်ငံတော်ကပြုလုပ်ပီး တိုင်းပြည်ကိုတ၇ားဝင် တင်ပြခဲ့ပီးဖြစ်ပါတယ် ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီးစ (၁၉၉၂)မှာကတဲက အဲ့ဒီသတင်းစာ၇ှင်းပွဲ ၂ခုကို နိုင်ငံတော်ပိုင်သတင်းစာတွေမှာဖေါ်ပြခဲ့တာပါ အဲ့ဒီလို နိုင်ငံတော်ကပြည်သူတွေကို တ၇ားဝင်အသိပေးဖေါ်ပြခဲ့တာတောင် အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက မသိချင်ယောင်ဆောင်ခဲ့ကြတာပါ

ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ လူ(၁ဝဝ)ကျော်ကိုနှိပ်စက်မှု လူ(၄ဝ)ကိုသတ်ဖြတ်မှုတွေကို အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက ဝိုင်းကာကွယ်ပေးခဲ့ကြတာပါ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို အတိုက်အခံခေါင်းဆောင်တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေအားလုံးက ဝိုင်းဖုံးပေးခဲ့ကြတာပါ

အဲ့လို အတိုက်အခံဖက်က ဒေါက်တာနိုင်အောင် တို့ ကျူးလွန်ခဲ့တဲ့ လူသတ်မှုကြီးတွေ ၇ာဇဝတ်မှုကြီးတွေ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို ထိမ်ချန်ဖုံးကွယ်ပေးတတ်တဲ့ မ၇ိုးမသားလုပ်နေကျ NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းတွေ ဒီမိုလုပ်စားမီဒီယာတွေကို ယုံလို့မ၇ပါဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ