အရေးပေါ် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများကို သယ် ဆောင်သွားသည့် ကုလသမဂ္ဂယာဉ်
တန်းသည် ကချင်ပြည်နယ်တွင်းရှိ
ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများ
သို့ လွန်ခဲ့သည့်ရက်သတ္တပတ်က ရောက်
ရှိသွားကြောင်း သိရသည်။
"ကုလသမဂ္ဂက အစိုးရနဲ့အပြင် ကချင်
လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့
နဲ့ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေ နောက်
ပိုင်းမှာ ဒါဟာကြီးမားတဲ့ တိုးတက်မှု
တစ်ခုဖြစ်ပါတယ်" ဟု ကုလသမဂ္ဂဌာန ကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်
သူ Mr Ashok Nigam က ရန်ကုန်မြို့
တွင် ပြောသည်။
ကုန်တင်ယာဉ်လေးစီးနှင့် ကုလ၏ အခြားယာဉ်နှစ်စီးပါဝင်သည့် ယာဉ်
တန်းသည် ကေအိုင်အိုက ထိန်းချုပ်ထား
သည့် ရှာဒန်မြို့ နယ်သို့ မြစ်ကြီးနားမြို့မှ တစ်ဆင့် မတ်လ ၂၄ ရက်နေ့တွင် ရောက်
ရှိခဲ့သည်။
လူ ၁,၀၀၀ ကျော်အတွက် တစ်လစာ ရိက္ခာများကို ထောက်ပံ့ပေးနိုင်မည်ဖြစ် ပြီး လာမည့်မေလတွင် စတင်ဖွယ်ရှိသည့်
မိုးရာသီ အတွက် လိုအပ်မည့်ပစ္စည်းများ
ကိုလည်း ထောက်ပံ့ပေးအပ်နိုင်မည်ဖြစ် သည်။
အစိုးရတပ်များနှင့် ကေအိုင်အိုတို့ လက်နက်ကိုင်တိုက်ပွဲများ စတင်ချိန်မှ
စတင်ခါ ကေအိုင်အိုထိန်းချုပ်နယ်မြေ ဘက်သို့ ကုလ သမဂ္ဂကို သွားရောက်ရန်
အစိုးရက ခွင့်ပြုခဲ့ခြင်းမှာ ယခုအကြိမ်
သည် ဒုတိယအကြိမ်ဖြစ်သည်။
ပထမအကြိမ် သွားရောက်ခွင့်ပြုခဲ့ ခြင်းမှာ လွန်ခဲ့သည့် ဒီဇင်ဘာလက ဖြစ်
သည်။
"ကျွန်တော်တို့အနေနဲ့ ယာဉ်တန်း ပုံမှန်သွားနိုင်အောင် လုပ်ဆောင်ဖို့
လိုအပ်နေပါသေးတယ်" ဟု Mr Ashok က ပြောသည်။
ကုလ၏ခန့်မှန်းချက်အရ လူပေါင်း ၆၀,၀၀၀ ခန့်မှာ ပဋိပက္ခကြောင့် နေရပ် များကိုစွန့်ခွာကာ ရွှေ့ပြောင်းနေထိုင်နေ ကြရသည်။
ထိုအထဲမှ ၂၀,၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်ဒေသများတွင်ဖြစ်ကာ
ကျန် ၄၀,၀၀၀ မှာ ကေအိုင်အိုနယ်မြေ
တွင်ဖြစ်သည်ဟု ဆိုသည်။
အခြားထောင်ပေါင်းများစွာသော လူများမှာလည်း တရုတ်နိုင်ငံဘက်ခြမ်း တွင်
လက်ခံထားသည့် မိသားစုများနှင့် အတူနေထိုင်နေကြ ရသည်ဟု ခန့်မှန်း ထားသည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာတွင် အစိုးရ
၏ အကူအညီပေးရန် တောင်းဆိုချက်
အရ ကုလသမဂ္ဂသည် ပြည်တွင်းပြည်ပ
အစိုးရ မဟုတ်သောအဖွဲ့များ၏ အကူ
အညီဖြင့် အစိုးရထိန်းချုပ်နယ်မြေရှိ မြို့နယ်ငါးခုမှ ဒေသတွင်းရွှေ့ပြောင်း နေထိုင်နေရသူ ၆,၀၀၀ ခန့်အား လေ့လာ
ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဓိက လိုအပ်မှုများမှာ အရေးပေါ်ပစ္စည်းများ၊
ရေနှင့် မိလ္လာ၊ အစားအစာ၊ ဆေးဘက် ဆိုင်ရာအကူ အညီနှင့် ပညာရေးဆိုင်ရာ
ပစ္စည်းများလိုအပ်နေသည်ကို တွေ့ရှိခဲ့
ကြသည်။
ထိုအချိန်က ရွှေ့ပြောင်းနေထိုင်နေကြ
ရသူ ၂၀,၀၀၀ ခန့်သာ ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေကြပြီး ဒီဇင်ဘာလတွင် ၅၅,၀၀၀ ကျော်အထိ တိုးလာခဲ့သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့များ သည် အစိုးရထိန်းချုပ်နယ်မြေမှ ရွှေ့
ပြောင်းနေထိုင်နေရသူများနှင့် ပုံမှန်ထိ တွေ့နိုင် သော်လည်း
ကေအိုင်အိုနယ်မြေ
တွင်ရှိနေသူများနှင့်မူ ထိတွေ့နိုင်ခြင်းမရှိ
သဖြင့် ထိုဒေသများတွင်ရှိနေသည့် ရွှေ့ပြောင်းနေထိုင် နေရသူများမှာ အလှူ
ရှင်အဖွဲ့များနှင့် ဒေသအာဏာပိုင်များ ကိုသာ အဓိကမှီခိုနေရသည်။
အလျင်အမြန်ဖြေရှင်းနိုင်မည့် နည်း လမ်းကို အကူအညီပေးရေးအဖွဲ့များ
အနေနှင့် ရှာမတွေ့နိုင်ကြသေးသော် လည်း ကချင်နှင့် ရှမ်းပြည်နယ်များမှ လူ
၆၀,၀၀၀ ခန့်ကို တစ်နှစ်ခန့်အထိ
အထောက်အပံ့များ စဉ်ဆက်မပြတ်ပေး
ရန် လိုအပ်ဦးမည်ဖြစ်သည်။
ရွှေ့ပြောင်းလာကြသူများအနေဖြင့် ၎င်းတို့၏ လယ်ယာများကို စွန့်ခွာခဲ့ကြ ရပြီး စိုက်ပျိုးထားသည်များဆုံးရှုံးခဲ့ရ
သဖြင့် ၂၀၁၃ ခုနှစ်အကုန်အထိ စားနပ် ရိက္ခာ မလုံလောက်မှုကြုံတွေ့ရနိုင်သည် ဟု သိရသည်။
ထို့ပြင် နေရပ်ဒေသများတွင် ၎င်းတို့၏
ဘ၀များကို ပြန်လည်ထူထောင်ပေးနိုင်
ရန်အတွက် ရေရှည်အကူအညီများ
လည်း လိုအပ် မည်ဖြစ်သည်။
"သူတို့ ဘယ်မှာပဲနေထိုင်နေကြရ သည်ဖြစ်စေ အထောက်အပံ့တွေကို ကျွန်တော်တို့ ဆက်လက်ပေးနိုင်ပြီးတော့ လိုအပ်နေတဲ့ သူတွေဆီ ဆက်လက်သွား
လာ ထိတွေ့နိုင်မယ်လို့ ကျွန် တော်တို့
မျှော်လင့်ပါတယ်"ဟု ကုလသမဂ္ဂ
ဒုက္ခသည်များအေဂျင်စီ၏ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr Hanslten Feld က ပြောသည်။
Ref-News: MyanmarTimes
photo Edit: mgkyautkhae.com
![Print Friendly and PDF](http://cdn.printfriendly.com/pf-button-both.gif)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။