Mar 24, 2012

NLD ပါတီသည် NNDP ၏ မဲဆွယ်ခရီးကို နှောင့်ယှက်မှူပြုလုပ်

အမျိုးသားဒီမိုကရေစီပါတီသစ်(ခမောက်သုံးလုံး) သည် ဆိပ်ကမ်းမြို့နယ် အောင်နိုင်ရေး ခရီးစဉ်
တွင် NLD ၏ နှောင့်ယှက်မှူကို ကြုံတွေ့ခဲ့ရသည် ။


 ဒဂုံဆိပ်ကမ်းမြို့နယ် သို့ NNDP အနေဖြင့် အောင်နိုင်ရေး ခရီးဆင်းရာတွင် NNDP အရှေ့မှနေ၍NLD လူတစ်ချို့က အောက်ပါအတိုင်း သူနယ့်မြေ ကိုယ့်နယ်မြေ ဆိုသလို သဘောထားပြီး မဝင်ရန် လမ်းအား ဝါးလုံးတားပိတ်ခဲ့ပါသည် ။ သို့ဖြစ်ပါသောကြောင့် NNDP အနေဖြင့် ၄င်းတို့၏ အောင်နိုင်ရေး ခရီးစဉ်အား A ဘလာက်ရဲ့ ၈ လမ်းမြောက်မှာ အဆုံးသတ်ခဲ့ရပါတယ်။

 
NNDP အနေဖြင့် အဆိုပါ ဝါးလုံးအားဖယ်ရှား၍ ရသော်လည်း NLD ၏ ယုတ်မာရိုင်းစိုင်းမှုကို လူအများသိစေရန် မဖယ်ပဲလှည့်ပြန်ခဲ့ကြကြောင်း သိရပါတယ် ။ ပိတ်ဆို့သွားသူများမှာ NLD လူငယ်များ ကိုယ်တိုင်ဖြစ်ကြောင်း NNDP အောင်နိုင်ရေး ခရီးစဉ်မှာ ပါဝင်ခဲ့သူများကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

NLD အနေဖြင့် တမင်ပင် အစိုးရက သူတို့၏ မဲဆွယ်ခရီးစဉ် အား နှောင့်ယက်သယောင် ဖန်တီးမှူ သတင်းများ ထုတ်လွှင့်ကာ အစိုးရနှင့် ပြည်သူကို ရန်တိုက်ပေးနေပါတယ် ။ NLD ရဲ့
မဲဆွယ် တရားများမှာ အဆင့်အတန်းမရှိပဲ အစိုးရ နှင့် တစ်ဖက်ပါတီများကို စောင်းမြောင်းပြော
ဆို ပုတ်ခတ်ပြီးမှ မဲဆွယ်နေပါတယ် ။ ဒီလို တဖက်ကို ပုတ်ခတ်မဲဆွယ်နေတာလည်း NLD တစ်ခု သာဖြစ်ပြီး ကျန်သော ပါတီ ၁၆ ခုမှာ မိမိတို့ ပါတီ အစီအစဉ်ဖြင့် မိမိတို့ ပါတီရဲ့ လုပ်ငန်း
စဉ်များနှင့် သာ ဟောပြောကြပါတယ် ။ NLD အနေနှင့် သူတကာကို မကောင်းပြောတဲ့ အပြင်
သူများပါတီ၏ မဲဆွယ်မှူကို ကိုယ်ထိလက်ရောက် ပြုလုပ်ပြီး သူတို့ပါးစပ်မှ သူတို့ပါတီသာလျှင်
အနှောင့်အယှက် ခံနေရကြောင်း ဖာသယ်မ ပါးစပ်နှင့်လျှောက်ပြောနေ ကြောင်း တွေ့နေရပါတယ်
________________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ

Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ပြင်ဦးလွင်မှာလည်း ပြည်ခိုင်ဖြိုးက တွေ့ဆုံစည်းရုံးရေးပွဲလုပ်တော့ NLD ကလူတွေ LightTruck ပေါ်ကိုလော်စပီကာတွေတင်ပြီး အဲဒီလုပ်တဲ့ရှေ့မှာ သီချင်းတွေလာဖွင့်ပြီး နှောက်ယှက်သွားတယ်လို့ သိရပါတယ်။ ရန်လာစတဲ့ သဘောပါပဲ။ ပြည်ခိုင်ဖြိုးကလူတွေ ဘာမှထွက်မလုပ်တော့ ရှက်ပြီးပြန်သွားကြတယ်။

Anonymous said...

ဘဦးဝင်တင်က ဒီလှိုင်းဂျာနယ်မှာ ၂၀၁၀က ဒေါ်စုမပါလို မပြိုင်တာတဲ့ ကောင်းလိုက်တဲ့ နိုင်ငံရေး ခံယူချက် သေပြီဆရာ..

Anonymous said...

မြန်မာ့စီးပွားရေးကို လူမဆန်စွာ ဝါးမျို့တဲ့ တရုပ်ကြီးကို ဒေါ်စုကတော့ တရုပ်စီးပွားကို ကာကွယ်ဖို့ လာရှိုးမှာတရုပ်တွေကို မဲပေးပါတဲ့ မှတ်ကရော ဂိန်....

Anonymous said...

အမတ်နေရာ(၆၀၀)ကျော်အတွက် NO Vote တဲ့ အမတ်နေရာ(၄၈)နေရာအတွက် NLD ကို မဲပေးပါတဲ့ သေပြီဆရာ..၂၀၀၈ဖွဲ့စည်းပုံကို အသက်သွင်းတာ စစ်တပ်မဟုတ်ပါ NLD သာဖြစ်ပါသည် လွှတ်တော်မှာ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါ...

Anonymous said...

၉၀ရွေးကောက်ပွဲ၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ အမိန့်ဟူသမျှဆန့်ကျင်ရေး၊ အလုံးစုံးပျက်ဆီးရေး ရွှေဂုံတိုင်ကြေငြာချက်တို့ကို သစ္စာရှိတဲ့ ကျွန်ုပ်တို့ ဒီမိုတွေ ခွေးဖြစ်ကုန်ပြီဗျာ..

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ