Mar 21, 2012

သမ္မတကြီးရဲ့ လယ်သမားတွေအတွက် လက်တွေ့ကျတဲ့စကား

ဟို အန်တီကြီး ပြောပြောနေတဲ့ စကားတွေနဲ့ ကွာပါ့ဗျား..ဒို့သမ္မတ ကြီးက တည့်ပဲလက်တွေ့ ဆန်ဆန် ပဲ ပြောတယ် ဖြည့်ဆည်းပေးတယ်...ဒီ သမ္မတမျိုးကိုမှ အဖေ မခေါ်ပဲ ဘာမှ မဟုတ်တဲ့ တော်ကီHQ ကို အမေ ခေါ်နေတဲ့သူများကိုတော့ ရွှံတယ်ကွာ   
_____________________________________________________
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ လယ်သမားများနှင့် ယနေ့ တွေ့ဆုံ စကားပြောခဲ့သော အခမ်းအနား တွင် ယခုပေးအပ်သည့် ကြိုတင်ထုတ်ချေး ငွေများအား ချဲထိုးခြင်း မပြုလုပ်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က သတိပေးပြော ကြားခဲ့သည်။
''ဒီငွေတွေကို ချဲမထိုးပစ်နဲ့နော်။ ချဲထိုးလို့ ချမ်းသာသွားတဲ့သူ ရှိလား။ မရှိဘူးနော်။ ဒိုင်......တွေပဲ ချမ်းသာသွားကြတာ မဟုတ်လား။အကယ်၍ များများပေါက်ရင်လည်း (ဒိုင်တွေက) မလျော်ဘဲ ပြေး ရော"ဟု လယ်သမားများများအား တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
 ထိုကဲ့သို့ ကြိုတင်ငွေရရှိရန်စီစဉ်ပေးခြင်းသည်ဓာတ်မြေသြဇာ ၀ယ်ယူသုံးစွဲရန်အတွက် ဖြစ်သော်လည်း အတင်း
အကျပ်မ၀ယ်ခိုင်းလိုကြောင်းသမ္မတကြီးက ထပ်မံတိုက်တွန်းပြော ကြားခဲ့သည်။
ယင်းနောက်ဆက်လက်၍လည်း "ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ ဘာ လဲဆို
တာ သိတယ်မဟုတ်လား"ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမားများကလည်း "ဟုတ်ကဲ့ သိပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ လယ်သမားများအား ပုလဲသွယ်စပ်မျိုးစပါးတင်း ၁၀၀လျှင်ကျပ်လေးသိန်းနှုန်းဖြင့် ကြိုတင်ငွေနှစ်သိန်းစီအား ဧက ၂၀၀ အတွက် စု စုပေါင်း ကျပ်သိန်း ၄၀၀ ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
 
၎င်းကြိုတင်ချေးငွေများအား တစ်တင်းဆံ့ ပလတ်စတစ် အိတ်ဖြင့် ထည့်ကာ မော်တော်ဆိုင်ကယ်ဖြင့် သယ်ရန် ပြင်ဆင်လျက်ရှိ သည့် လူရွယ်တစ်ဦးကမူ "လောလောဆယ် လက်ထဲတော့ ငွေရောက်လာပြီ။ သုံးချင်တာတွေကတော့ အများကြီးပဲ"ဟူ၍ ပြောသည်။

အောင်ချမ်းသာကျေးရွာနှင့်အနီးရှိ ရွာတစ်ရွာတွင်မူ ဘုန်းတော်ကြီးတစ်ပါးက ကူညီထုတ်ချေးလိုက်သော ငွေများကို တိုက်တိုက် ဆိုင်ဆိုင်ဖြစ်လာသော အသုဘဖဲဝိုင်းတွင် ၀င်ရောက်ဆင်နွှဲလိုက်ကြ ရာမှ အားလုံးနီးပါးရှုံးသွားကြကြောင်းလည်း ဒေသခံများက ပြောကြသည်။ နှစ်လုံး၊ သုံးလုံး(ချဲ)ထီမှာ မြန်မာလူထုအတွင်း အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများ အဓိက ကစားလေ့ရှိပြီး သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီး နောက် ၂၀၁၁ တွင် လျော့နည်း ပပျောက် အောင် ဆောင်ရွက်နေသည်။ သို့သော် ယခုနှစ်ပိုင်းအတွင်း အဆိုပါ လောင်းကစားနည်း ကစားသူ ပြန်များလာပြီဖြစ်သည်။
________________________________________________________
မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ