Mar 21, 2012

ဒေါ်အောင်ဆန်းစုကြည် စစ်တပ်ကို မစော်ကားမိစေဖို့ စာတစ်စောင်

                 
ဒေါ်စုကြည် ခင်ဗျား….. ဒေါ်စုကြည်ရဲ့ ဖခင်ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ကို အခြေတည်ပြီး မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ထက်သန်တဲ့တပ်မတော်ဟာ နိုင်ငံကို ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်နဲ့ဂျပန် ကိုလည်းတိုက်ထုတ် ခဲ့တယ်။

လွတ်လပ်ရေးရပြီး၁၉၄၉ခုနှစ်တွေမှာလည်း ကေအမ်ဒီအိုနဲ့ရောင်စုံ သောင်းကျန်းသူကြားကရန်ကုန်မြို့ ကွက်ကွက်ပဲကျန်တဲ့ မြန်မာနိုင်ငံကို ကာကွယ်ခဲ့ပြီး ယနေ့ထိလည်း နိုင်ငံတော်ကို ကာကွယ်နေဆဲဖြစ်ပါတယ်။ တပ်မတော်ဟာ စတင်ဖွဲ့စည်းကတည်းက
 နိုင်ငံအ၀ှမ်း အမြို့မြို့အရွာရွာ၊ ဒေသအသီးသီးမှာရှိတဲ့ ပြည်သူတွေရဲ့ သားသမီးတွေက နိုင်ငံကိုကာကွယ်မယ်ဆိုပြီး ၀င်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ယခုအချိန်ထိလည်းဝါဒစွဲ၊ပါတီစွဲ၊ လူမျိုးစွဲမရှိပဲ ပါတီနိုင်ငံရေးမဟုတ်တဲ့ အမျိုးသားနိုင်ငံရေးကို ကာကွယ်ထမ်းဆောင်နေတယ်ဆိုတာ နိုင်ငံရဲ့ သမိုင်းကြောင်းအစဉ်အလာကို ကြည့်ပြီးရိုးသားစွာ ၀န်ခံရပါမယ်။

ဒေါ်စု ခင်ဗျားအာဏာရရင် တပ်မတော်ကို ခုံရုံးဖွဲ့စစ်မယ်လို့ပြောတာရှိတယ်။
ခုလည်းခင်ဗျားရဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်၊ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားမယ်ဆိုတဲ့ လုပ်ရပ်တွေဟာ ခင်ဗျားပေါင်းနေတဲ့ ပထွေးမျက်နှာဖြုတွေအကြိုက်လိုက် နိုင်ငံတော်ကိုဖျက်ဆီး ပြည်သူက ဖြစ်လာတဲ့ နိုင်ငံတော်ခြေ၊ လက် ဖြစ်တဲ့တပ်မတော်ကို ဖြိုခွဲနေတာပေါ်လွင်နေတယ်။တပ်မတော်ကို ဖြိုခွဲတာ ပြည်သူ နဲ့တိုင်းပြည်ကို ဖြိုခွဲနေတယ်ဆိုတာ ခင်ဗျား သဘောပေါက်ဖို့လိုမယ်။ ခင်ဗျားကိုပေးတဲ့ ဘွဲ့တွေက “ချစ်လို့ ပေးတာမဟုတ်ဘူး ခိုင်းဖို့ပေးတာ”သိဖို့လိုပါမယ်။

 ခင်ဗျားနဲ့ပေါင်းနေတဲ့မျက်နှာဖြူတွေကပဲ မြန်မာ နိုင်ငံကိုချစ်မလား၊
 မြန်မာနိုင်ငံမှာမှီတင်းနေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေဖြစ်တဲ့ လယ်သမား၊အလုပ်သမား၊ ကျောင်းဆရာ၊စစ်သား၊ကျောင်းသားကအစ
 ခေါင်းရွက်ဗျက်ထိုးဈေးသည် စတဲ့ပြည်သူတွေကပဲ မြန်မာနိုင်ငံ ကိုချစ်မလား၊ ခင်ဗျားမှာဦးနှောက်ရှိရင် စဉ်းစားတတ်မှာပါ။

အင်္ဂလန်ကို အင်္ဂလိပ်ပဲချစ်မယ်။
တရုတ်နိုင်ငံကို တရုတ်လူမျိုးပဲချစ်မယ်။
ဗီယက်နမ်ကို ဗီယက်နမ်လူမျိုးပဲချစ်မယ်ဆိုတာ အမှန်တရားပါပဲ။
ခင်ဗျား လင်တော်ခဲ့၊ ပထွေးတော်ချင်တဲ့ အနောက်အုပ်စုတွေက တချိန်က မြန်မာနိုင်ငံကို ကျွန်ပြုခဲ့တာ သိရက်နဲ့ နဖားကြိုးထိုး ကြိုးဆွဲချင်လို့ပေးတဲ့ ဆုကိုယူပြီး ရိုးသားတဲ့ ပြည်သူလူထုကို အဖေ့မျက်နှာနဲ့ မလှည့်စားပါနဲ့လို့ပြောလိုပါတယ်။

ခင်ဗျားအနေနဲ့ နိုင်ငံနဲ့လူမျိုးအတွက် ဘာလုပ်ပေးခဲ့ဘူးပါသလဲ၊ ဘာမှမလုပ်ပေးခဲ့တဲ့အပြင် နိုင်ငံ နဲ့ လူမျိုး ကို ကျွန်ဇာတ်သွင်းဖို့မလုပ်ပါနဲ့။ နိုင်ငံကို ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်လူမျိုးကိုမှချစ်တဲ့ ခင်ဗျားအနေနဲ့ ခင်ဗျား အဖေမျက်နှာကို ခုတုံးလုပ်ပြီး နိုင်ငံအတွက်ဆိုပြီး ပြည်သူလူထုကို မဲဆွယ်ဖျားယောင်မနေပါနဲ့။ အနောက် အုပ်စုတွေရဲ့ အိမ်မွေးလက်သပ် အသဲစွဲလုပ်ပြီး
ကိုယ်ကျိုးအတ္တအတွက် နိုင်ငံနဲ့လူမျိုးကျွန်မျိုး ဖြစ်အောင် လှည့်စားဖို့မလုပ်ပါနဲ့။ 

ခင်ဗျားအနှစ်သုံးဆယ် လုံးလုံး နိုင်ငံကိုပစ်၊ လူမျိုးမချစ်ပဲ၊ အင်္ဂလိပ်ကိုချစ်၊ စည်းစိမ် ရစ်နေချိန်တွေမှာ နိုင်ငံတော်အတွက် ဘာမှစိတ်မ၀င်စားခဲ့ ဘာမှမလုပ်ခဲ့ပဲနဲ့ နိုင်ငံတိုးတက်စ တက်လှမ်း နေချိန်မှာအမိနိုင်ငံတော်ကို နိုင်ငံခြားသားလက်ဝကွက်အပ်ချင်တာတော့မကောင်းပါဘူး။

ဖခင်ဖြစ်သူမျက်နှာကိုမှမထောက် နောက်တစ်ကြိမ်သူ့ကျွန်ဘ၀ပြန်ရောက်အောင်တပ်မတော်ကို ဖယ်ရှားချင်နေတဲ့ခင်ဗျားရဲ့ စိတ်ဓါတ်ဟာ အောက်တန်းကျတယ်ဆိုတာ အမျိုးကိုချစ်တဲ့ အမျိုးကိုမပစ်နိုင်တဲ့ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်ကြီးတွေသိကြပါတယ်။
 နှုတ်ခမ်းဖျားကလာတဲ့ တိုင်းပြည်ချစ်ပါတယ်ဆိုတဲ့စကား၊ ပြည်သူလူထုအတွက်လုပ်နေပါဆိုတဲ့ စကားလုံးတွေကို ရှက်တက်တဲ့စိတ်နဲ့ တစ်ခါလောက်မြင်အောင်ကြည့်လို့ နဖူးပေါ်လက်တင်ပြီး ၀န်ခံကြည့်ပါလို့ပဲပြောပါစေ ဒေါ်စုရေ………

(ဗျဂ္ဂမောင်)
_______________________________________________________________
မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

ကြည် said...

မိကြည်ရေ
ညည်းသမီးကို မွေးရတာ ဝမ်းရေးစပ်တယ်ဟာ

Anonymous said...

ဒေါ်လေးစုရဲ့ သားသမီးတွေ အဖြေမပေးရဲတော့ပါလားဗျာ
ဘာလို့ပါလဲမဖြေတတ်တော့ဘူးထင်ပါတယ်လာပြီးတော့ပဲ ဆဲတတ်တယ်ထင်တယ်

Anonymous said...

သို.
ဒေါ်စု ခင်ဗျား ကြိုက်တဲ.လူကို တရားစွဲလို.ရတယ် စစ်တပ်ကိုတော့လာမထိနဲ. စစ်တပ်က ခင်ဗျားလို ကြီးမှ နိုင်ငံရေးလုပ်လာပြီးလေကြီးလေကျယ်ပြောတာမဟုတ်ဘူး တကယ်အလုပ်လုပ်ပြီး နိုင်ငံတော်ကိုပေးဆပ်လာခဲ.တာ နိုင်ငံခြားကျုးကျော်မူတွေဝင်လာရင် ခင်ဗျားတရာစွဲမယ်ဆိုတဲ. ဗိုလ်ချုပ်ကြီးတွေက နိုင်ငံတော်ကို စစ်ရေးအမြင်နဲ.ကာကွယ်ပေးမှာ

မင်းထွန်း said...

မင်္ဂလာပါဗျ...............မိတ်ဆွေ၏ဆွေးနွေးဝေဖန်မှု့ဆိုပြီး ရေးသားထားတာတွေ့ရလို့ ရေးသားပါရစေနော်......
သိချင်တာလေးတွေမေးကြည့်ချင်လို့ပါ...........
ဒေါ်စုက ဘာလို့ ပြည်ပရောက်သွားရတယ်ဆိုတာကို သိရင် ဖြေပေးကြပါ
နောက်တခုက ပြည်ပကိုမရောက်ဘဲ မြန်မာပြည်ထဲမှာတင် ကြီးပြင်းရှင်သန်ခဲ့တယ်ဆိုရင် ဘယ်လိုလူတွေနဲ့အကြောင်းပါနိုင်တုန်းဗျ........
ဟဲဟဲ....... အောက်ဆုံးကယုတ်ညံ့တဲ့သူတယောက်နဲ့လို့တော့ မဖြေကြလောက်ပါဘူးနော်
နောက်ထက် မြန်မာပြည်သားဆင်းရဲသားအများစု ဘာလို့ သူ့ကိုထောက်ခံနေကြတာလဲဆိုတာသိချင်ပါတယ်
ဒီနေရာမှာလဲ အဖြေကို ဘာမ မသိရှာတဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေ အရိုးခံဘ၀တွေက ထောက်ခံနေကြပါတယ်လို့တော့ မဖြေပါနဲ့........ဘာလို့လဲဆိုတော့ လွတ်လပ်ပြီးခတ်ရဲ့ မြန်မာပြည်က ယနေ့အထိ နှစ်တွေအကြာကြီးဖြတ်သန်းလာပြီး ဘယ်သူမ ဘာမ မသိသေးတဲ့သူတွေများနေတာ ချွင်းချက်လေးတော့ရှိနိုင်လို့ပါ...........
ဒါဆိုရင် ကမ္ဘာကြီးကရော ဘာလို့ သူ့ကိုထောက်ခံနေကြတာတုန်း..........
ခိုင်းချင်လို့...........
မသိတာလေးတွေ ဆွေးနွေးဖို့ မေးခဲ့ပါတယ်ဗျာ.......

တိမ်ကြားမင်းခေါင် said...

ကမ္ဘာကြီး သူ့ကိုမထောက်ခံပါဘူးဗျာ။နိုင်ငံတိုင်းကလဲသူ့ကိုမပြောနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင်နိုင်ငံတော်တော်များများကမသိကျပါဘူး။ပြီးတော့အာဏာရှင်ဦးနေ၀င်းက အမေကြည်(ဗိုလ်ချုပ်ဇနီး)ကို
သံတမန်အနေနဲ့လွှတ်ခဲ့လို့အန်တီစုဟာနိုင်ငံခြားမှာနေခဲ့ရရင်တောင် အမှန်တကယ်စိတ်ဓာတ်ရှိပြီးတိုင်းပြည်ကိုချစ်ရင် အထင်ကရဗိုလ်ချုပ်တစ်ယောက်ရဲ့သမီးအနေနဲ တိုင်းတပါးသားကိုမယူသင့်ဘူးလို့ထင်တယ်။မြန်မာပြည်မှာရှင်သန်ခဲ့ရင် ဘယ်သူနဲ့အကြောင်းပါနိုင်မလဲဆိုတာကတော့ သူ့ရဲ့ဥာဏ်ရည်နဲ့၊သူ့ရဲ့အတွေးအခေါ် အဆင့်အတန်းယဉ်းကျေးမှုနဲ့ပဲဆိုင်ပါလိမ့်မယ်။တောင်သူလယ်သမားတွေက ဒေါ်စုကိုထောက်ခံတာလဲအကုန်မဟုတ်ပါဘူး။တောင်သူလယ်သမားတစ်ရပ်လုံးကထောက်ခံတာမဟုတ်ပါဘူး။သူစည်းရုံးရေးဆင်းတဲ့ နေရာတွေလောက်ကသာထောက်ခံခြင်းဆိုတာထက်၊တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်တဲ့အတွက် သူ့သမီးကိုလဲချစ်တဲ့အနေနဲ့ အားပေးတာဖြစ်ပါတယ်။ကျုပ်ပြောတာကိုမယုံရင် အန်တီစုကိုသွားပြောပါ။စည်းရုံးရေးဆင်းရင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုမသုံးပါနဲ့လို့။ပြီးတော့ဖေဖေကပြောတယ်လို့ဆိုတဲစကားကိုသုံးပြီးဗိုလ်ချုပ်နဲလုပ်မစားပါနဲ့လို့ပြောလိုက်ပါလား။နှစ်တွေအများကြီးဖြတ်သန်းလာပြီး ဘာမှမသိသေးတဲ့လူတွေများနေတယ်ဆိုတာက
မြန်မာလူမျိုးတို့ရဲ့စိတ်နေစိတ်ထားပေါ်မှာလဲမူတည်ပါတယ်။မယုံရင်ခင်ဗျားကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်ပါ။ခင်ဗျားကောအကုန်လုံးသိနေသလားဆိုတာကို။ပြီးတော့ခုခင်ဗျားလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးဘယ်လောက်များအဆုံးစွန်ထိသိသလဲဆိုတာကို ကိုယ်ကိုကိုယ်မေးကြည့်ပါ။မေးတာလေးတွေဖြေပြီးပါပြီ။တစ်ခုပြောလိုက်ပါအုံးမယ်။မကြာခင်မှာ အန်တီစုရဲ့မောင်လေးနဲ့မမဇာတ်လမ်းလေးပေါ်လာမယ်လို့ထင်တယ်။မယုံရင်စောင့်ကြည့်ပါ။အမှန်တရားဆိုတာကတစ်နေ့တော့ပေါ်ဘာမှာပါ။

အောင်အောင် said...

ကိုယ့်  နာမည်တောင် ကို မဖေါ်ပြ၇ဲ ပဲ နဲ့  လျှောက်ေ၇းနေတာ မင်း မ၇ှက်ဘူး လား ...? မင်း မှာ ဘာ အထောက်အထား ၇ှိ လဲ ....?မင်းတို့  လို လောက်ကောင်တွေ က ကိုယ် ကိုယ်တိုင်လဲ ဦးဆောင်နိုင်တဲ့  အ၇ည် အချင်း မ၇ှိ ဘူး သူ များ ဦးဆောင်တာ ကျတော့  လဲ လက်မခံ ဘူး ။ လွှတ်တော် ထဲ ၀င်နေတဲ့  တပ်မတော် ကိုယ်စား လှယ် 25%က ဘယ်သူ့  ထောက်ခံ ချက်နဲ့  ၀င်နေတာလဲ မင်း သိ လား ...? ဘယ်ပြည် သူ က မှ မဲ မပေး ပဲ အစည်းဝေး ခန်းမ ထဲ ၀င်ပြီး လက်ညိုးထောင်၊ခေါင်းညိတ်၊ လူလစ်၇င် အိပ် တတ်တာေ၇ာ မင်း သိ လား..?

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ